လုကာ 6:45 - မြန်မာ့စံမီသမ္မာကျမ်း45 ကောင်းသောသူသည် ကောင်းသောအရာကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible45 ကောင်းသောသူသည်ကောင်းသောအရာများနှင့် ပြည့်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ကောင်းသောအရာများကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သူမူကားဆိုးယုတ်သောအရာများ ကိုထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးတွင်ပြည့်လျှံနေသည့်အရာများ ကိုနှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။ အခန်းကိုကြည့်ပါ။Garrad Bible45 စိတ် နှ လုံး ပြည့် လျှံ သည့် အ တိုင်း နှုတ် က မြွက် တတ် သည် ဖြစ်၍၊ ကောင်း သော သူ သည် ကောင်း သော ကိုယ့် စိတ် ဘ ဏ္ဍာ ထဲ မှ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။ မ ကောင်း သော သူ လည်း မ ကောင်း သော ကိုယ့် ဘ ဏ္ဍာ ထဲ က မ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။ အခန်းကိုကြည့်ပါ။Judson Bible45 ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကို ထုတ်ဖော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း45 ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲတွင် ပြည့်နေသည့်အရာများကို နှုတ်မှပြောဆိုတတ်သောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ45 ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကို ထုတ်ဖော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။
ဤသည်ကား လူအပေါင်းတို့ကိုတရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာဖြင့်ပြုခဲ့သောသူတို့၏ဘုရားတရားမဲ့ခြင်းအမှုအလုံးစုံအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကိုဆန့်ကျင်ပြောဆိုသည့် ပြင်းထန်သောစကားအလုံးစုံအတွက်လည်းကောင်း သူတို့အားလုံး၏အပြစ်ကိုဖော်ပြရန်ဖြစ်၏”ဟု ဆိုထား၏။