သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
မဿဲ 11:23 - မြန်မာ့စံမီသမ္မာကျမ်း ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။ အကြောင်းမူကား သင်၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို သောဒုံမြို့၌ ပြုခဲ့လျှင် ထိုမြို့သည် ယနေ့တိုင်အောင် တည်ရှိခဲ့ပေလိမ့်မည်။ Common Language Bible အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။- Garrad Bible အ ချင်း က ပေ ရ နောင် မြို့၊ မိုး ကောင်း ကင် တိုင် တက် ရောက် မည် လော။ မ ရ ဏ နိုင် ငံ တိုင် ကျ ရောက် ရ မည်။ သင်၌ ဖြစ် ဖူး သော အ မှု ကြီး များ သည် သော ဒုံ မြို့၌ ဖြစ် ခဲ့ လျှင် ယ နေ့ တိုင် ထို မြို့ တည် ရှိ လေ ပြီ။ Judson Bible အို ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဖူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အို ကပေရနောင်မြို့… သင်သည် ကောင်းကင်တိုင်အောင် ချီးမြှောက်ခံရပါမည်လော။ မခံရပါ။ သင်သည် မရဏနိုင်ငံတိုင်အောင် နှိမ့်ချခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်၌ ငါပြုခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို ဆိုးသွမ်းသည့် သောဒုံမြို့တွင် ပြုခဲ့လျှင် ထိုမြို့သည် ယနေ့တိုင်အောင် တည်ဆဲရှိမည်ဖြစ်သောကြောင့်ပင် ဖြစ်၏။ မြန်မာ အို ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဖူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။- |
သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။
ရှေးလူတို့ရောက်သွားရာ တွင်းထဲသို့ သင့်ကိုရောက်သွားစေမည်။ ရှေးကာလကတည်းကပြိုပျက်ရာ မြေကြီးအောက်တွင်းနက်ထဲတွင် ထိုသူတို့နှင့်အတူ သင့်ကိုနေထိုင်စေမည်။ သင်ပြန်လာရမည်မဟုတ်။ အသက်ရှင်သူတို့၏ပြည်၌ကား ဂုဏ်သရေရှိစေမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ အီဂျစ်လူအုပ်ကြီးအတွက် ငိုကြွေးမြည်တမ်းလော့။ အီဂျစ်ပြည်နှင့် အင်အားကြီးသောလူမျိုးတို့၏သမီးပျိုတို့ကို တွင်းထဲကျသွားသောသူတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ပစ်ချလျက်
ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။
သင်သည် လင်းယုန်ကဲ့သို့အမြင့်၌နေ၍ ကြယ်များအလယ်တွင် အသိုက်ကို လုပ်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
ကပေရနောင်မြို့သို့ သူတို့ရောက်ရှိလာကြသောအခါ ဗိမာန်တော်ခွန်ကောက်ခံသောသူတို့သည် ပေတရုထံသို့လာ၍ “သင်တို့၏ဆရာသည် ဗိမာန်တော်ခွန်ကို ပေးဆောင်ပါသလော”ဟု မေးကြ၏။
ထို့နောက် နာဇရက်မြို့ကိုစွန့်ခွာ၍ ပင်လယ်ကမ်းနား၌ရှိသော ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။ ထိုမြို့သည် ဇာဗုလုန်နယ်နှင့်နဿလိနယ်ဆိုင်ရာအရပ်ဒေသ၌ရှိ၏။
ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့သို့ဝင်တော်မူလျှင် တပ်မှူးတစ်ဦးသည် အထံတော်သို့ချဉ်းကပ်လာ၍
ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သူသည် မရဏာနိုင်ငံတွင် ဝေဒနာခံစားရလျက် မျှော်ကြည့်သောအခါ အာဗြဟံနှင့် သူ၏ရင်ခွင်ထဲ၌ရှိသော လာဇရုတို့ကို အဝေးမှမြင်ရလေ၏။
ကိုယ်တော်ကလည်း“အသင်ဆေးဆရာ၊ သင့်ရောဂါကို သင်ပျောက်ကင်းစေလော့ဟူသောဆိုရိုးစကားအတိုင်း ‘ကပေရနောင်မြို့တွင် သင်ပြုခဲ့သည်ဟု ငါတို့ကြားရသည့်အမှုများကို သင်၏နေရင်းမြို့ဖြစ်သော ဤအရပ်၌လည်းပြုပါ’ဟု သင်တို့သည် ငါ့အား မုချပြောကြလိမ့်မည်”ဟု မိန့်တော်မူပြီးနောက်
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသောသူအားလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
သူသည် ၎င်းကိုကြိုတင်သိမြင်လျက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောကာ ‘ကိုယ်တော်သည် မရဏာနိုင်ငံ၌ စွန့်ပစ်ထားခြင်းခံရမည်မဟုတ်။ ခန္ဓာတော်ကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု ဆိုခဲ့၏။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။
သူတို့၏အလောင်းများသည် ဝိညာဉ်သဘောအရ သောဒုံနှင့်အီဂျစ်ဟုခေါ်သော မြို့ကြီး၏လမ်းမပေါ်တွင် ရှိကြလိမ့်မည်။ သူတို့၏သခင်သည်လည်း ထိုမြို့တွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရ၏။
ပင်လယ်သည် မိမိ၌ရှိသောလူသေတို့ကို ပေးအပ်လေ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့သည်လည်း မိမိ၌ရှိသောလူသေတို့ကို ပေးအပ်ကြ၏။ ထိုအခါ လူအသီးသီးတို့သည် မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။
ထိုအခါ ငါကြည့်လိုက်ရာစိမ်းဖန့်ဖန့်မြင်းတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် သေခြင်းဟုနာမည်တွင်၏။ သူ၏နောက်မှ မရဏာနိုင်ငံသည်လိုက်လာ၏။ သူတို့သည် ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ သေဘေးဖြင့်လည်းကောင်း၊ မြေကြီးပေါ်ရှိသားရဲတိရစ္ဆာန်ဘေးဖြင့်လည်းကောင်း လူတို့ကိုသတ်ဖြတ်ရန် ကမ္ဘာမြေကြီး၏လေးပုံတစ်ပုံအပေါ် အခွင့်အာဏာကိုရကြ၏။