အို ထာဝရဘုရား၊ ထူးတော်မူပါ။ အကျွန်ုပ်ကို ထူးတော်မူပါ။ သို့မှ ထာဝရဘုရားသည် ဘုရားသခင်မှန်ကြောင်း၊ ကိုယ်တော်သည် လူတို့၏စိတ်ကိုပြောင်းလဲစေနိုင်ကြောင်းကို ဤလူတို့သိရလိမ့်မည်”ဟု ဆုတောင်းလေ၏။
မြည်တမ်းစကား 5:21 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကိုယ်တော့်ထံသို့ ပြန်လာစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့ပြန်လာကြပါမည်။ ရှေးကာလကကဲ့သို့ အကျွန်ုပ်တို့၏နေ့ရက်များကို အသစ်ဖြစ်စေတော်မူပါ။ Common Language Bible အို ထာဝရဘုရားအထံတော်သို့ ပြန်လာခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ရှေးကာလမှာကဲ့သို့ကျွန်တော်မျိုးတို့အား ဘုန်းကြီးစေတော်မူပါ။ Garrad Bible အ ကျွန်ုပ် တို့ ကို။ ကိုယ် တော့် ထံ ပြန် လာ ခွင့် ပြု တော် မူ ပါ။ ပြန် လာ ကြ ပါ မည်။ အ ကယ်၍ စွန့် ပယ် စွန့် ပစ် ခြင်း၊ ပြင်း ထန် သော အ မျက် ထား ခြင်း မ ရှိ ခဲ့ ပါ လျှင်။ ရှေး ကာ လ ကဲ့ သို့ ထပ် မံ ပြု ပြင် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား။ Judson Bible အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို အထံတော်သို့ လှည့်စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ပြန်၍ လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ကာလကို အသစ်ပြုပြင်တော်မူပါ။ |
အို ထာဝရဘုရား၊ ထူးတော်မူပါ။ အကျွန်ုပ်ကို ထူးတော်မူပါ။ သို့မှ ထာဝရဘုရားသည် ဘုရားသခင်မှန်ကြောင်း၊ ကိုယ်တော်သည် လူတို့၏စိတ်ကိုပြောင်းလဲစေနိုင်ကြောင်းကို ဤလူတို့သိရလိမ့်မည်”ဟု ဆုတောင်းလေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့အပေါ်ထွက်တော်မူသော အမျက်ဒေါသကို ဖယ်ရှားတော်မူပါ။
သင်၌ နေဝင်ခြင်း၊ လကွယ်ခြင်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်၌ထာဝရအလင်းဖြစ်တော်မူ၍ သင်ငိုကြွေးမြည်တမ်းရသောနေ့ရက်တို့ အဆုံးသတ်လေပြီ။
သူ၏သားသမီးတို့သည် ယခင်ကကဲ့သို့ဖြစ်လိမ့်မည်။ လူထုတစ်ရပ်လုံး ငါ့ရှေ့မှောက်၌ တည်နေလိမ့်မည်။ သူ့အား ညှဉ်းဆဲသောသူအားလုံးကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
ဧဖရိမ်က “ကိုယ်တော်သည် အကျွန်ုပ်ကိုပဲ့ပြင်တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားသငယ်ကဲ့သို့ ပဲ့ပြင်ခြင်းကိုခံရပါပြီ။ အကျွန်ုပ်ကို ပြန်ခေါ်ပါ။ အကျွန်ုပ် ပြန်လာပါရစေ။ ကိုယ်တော်သည် အကျွန်ုပ်၏ထာဝရအရှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
အို အစ္စရေးအပျိုကညာ၊ ငါသည် သင့်ကို ပြန်လည်တည်ဆောက်မည်။ သင်သည် ပြန်လည်တည်ဆောက်ခြင်းခံရမည်။ သင်သည် ပတ်သာကိုဆောင်လျက် ပျော်မြူးကခုန်သောသူတို့နောက်သို့ တစ်ဖန် လိုက်သွားရလိမ့်မည်။
ထာဝရဘုရားက ‘ဤအရပ်တွင် လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်လေပြီဟု သင်တို့ပြောဆိုကြသော လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေထိုင်သူမရှိ ဆိတ်ညံသောယုဒမြို့များနှင့် ဂျေရုဆလင်မြို့လမ်းများပေါ်တွင်
ထာဝရဘုရားက ‘ဗင်္ယာမိန်ပြည်၊ ယုဒပြည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသရှိမြို့ရွာများ၊ တောင်ပေါ်ဒေသရှိမြို့ရွာများ၊ နေဂေ့အရပ်ရှိမြို့ရွာများ၌ သိုးထိန်းသည် သိုးစုကို ပြန်လည်ရေတွက်လိမ့်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့ တောင်းဆိုသည့်အတိုင်း ငါပြုပေးမည်။ သူတို့ကို သိုးတို့ကဲ့သို့ တိုးပွားစေမည်။
အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။
ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ဆက်သသောပူဇော်သက္ကာကို ထာဝရဘုရားသည် ရှေးကာလကကဲ့သို့၊ လွန်ခဲ့ပြီးသောနှစ်ကာလများကကဲ့သို့ လက်ခံတော်မူမည်။