လူ၊ အသက်ရှင်သောလူသည် အဘယ်ကြောင့် မိမိအပြစ်အတွက် စောဒကတက်ရသနည်း။
ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။
အ သက် ရှင် သေး သော သူ သည်၊ ပြစ် ဒဏ် ခံ ရ သော် လည်း၊ အ ဘယ့် ကြောင့် ညည်း ညူ သ နည်း။
အသက်ရှင်သောလူသတ္တဝါသည် အဘယ်ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
ထိုအချိန်၌ ဧလိရှဲသည် မိမိအိမ်၌ထိုင်နေ၏။ သက်ကြီးဝါကြီးတို့လည်း သူနှင့်အတူထိုင်လျက်ရှိ၏။ ရှင်ဘုရင်က ဧလိရှဲထံ ရှေ့တော်ပြေးတစ်ယောက်ကိုစေလွှတ်၏။ သို့သော် ထိုတမန်မရောက်မီ ဧလိရှဲက သက်ကြီးဝါကြီးတို့အား “ဤလူသတ်သမား၏သားသည် ငါ့ခေါင်းကိုဖြတ်ဖို့ လူကိုစေလွှတ်သည်ကို သင်တို့ သိသလော။ ထိုတမန်ရောက်လာလျှင် တံခါးကိုပိတ်ထားပါ။ တံခါးကို တွန်းထားကြပါ။ သူ့နောက်၌ သူ့သခင်၏ခြေသံကပ်ပါလာသည် မဟုတ်လော”ဟု ဆို၏။
ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။
အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင်
ပြီးပြည့်စုံသောဉာဏ်ပညာသည် အသွားနှစ်ဖက်ပါသည်ဖြစ်၍ ဉာဏ်ပညာ၏လျှို့ဝှက်ချက်ကို သင့်အား ဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်များကို မေ့လျော့တော်မူကြောင်း သိမှတ်လော့။
သင်သည် ဘုရားသခင်ကို စိတ်ဆိုး၍ ဤကဲ့သို့သောစကားမျိုး နှုတ်မှထွက်လာရသလော။
အချို့တို့သည် မိမိတို့ကျူးလွန်သော အပြစ်၏လမ်းစဉ်ကြောင့် ဆိုးမိုက်သောသူဖြစ်ကြပြီး မိမိတို့၏ဒုစရိုက်များကြောင့် ဒုက္ခဝေဒနာခံစားကြရ၏။
လူသည် မိမိ၏မိုက်မဲမှုကြောင့် မိမိလမ်းခရီးမှားယွင်းချွတ်ချော်သောအခါပင် သူ၏စိတ်နှလုံးတွင် ထာဝရဘုရားကိုစိတ်ဆိုးတတ်၏။
သင်၏သားတို့သည် အားနည်းမောပန်းနေကြပြီ။ လမ်းရှိသမျှ၌ ကျော့ကွင်းမိသောတောဆိတ်ကဲ့သို့ လဲလျောင်းနေကြပြီ။ သူတို့သည် ထာဝရဘုရား၏အမျက်တော်၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ပြည့်လေပြီ။
ငါ၏ဒဏ်ရာကြောင့် ငါ၌ အမင်္ဂလာရှိ၏။ ငါ့အနာ ပြင်းထန်လှ၏။ သို့သော်လည်း ငါက “ဤသည်ကား ဆိုးဝါးသောဝေဒနာဖြစ်၏။ ဤဝေဒနာကို ငါတင်းခံရမည်”ဟု ဆို၏။
သင့်ဒဏ်ရာအတွက် အဘယ်ကြောင့်အော်ဟစ်ရသနည်း။ သင်၏ဝေဒနာ ပျောက်ကင်းနိုင်မည်မဟုတ်။ သင်၏အပြစ်ကြီးမား၍ သင်၏ဒုစရိုက်များပြားသောကြောင့် သင့်ကို ငါဤသို့ပြုခြင်းဖြစ်၏။
ထာဝရဘုရား၏မေတ္တာကရုဏာတော်ကြောင့် ငါတို့သည် ပျက်စီးခြင်းသို့မရောက်ပါ။ ကိုယ်တော်၏သနားစုံမက်ခြင်းသည်လည်း အဆုံးမရှိပါ။
ငါသည်လည်း သူတို့ကိုပြန်ဆန့်ကျင်၍ ရန်သူတို့၏ပြည်သို့ နှင်ထုတ်လိုက်သောအခါ သူတို့သည် အရေဖျားလှီးခြင်းမခံသောစိတ်နှလုံးကို နှိမ့်ချပြီး ကိုယ့်အပြစ်အတွက် ပြန်လည်ပေးဆပ်မည်ဆိုလျှင်
သို့သော် သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်များကို စွန့်ပယ်၍ ငါ၏ပြဋ္ဌာန်းချက်များကို ရွံရှာခဲ့သောကြောင့် သူတို့ကြောင့် စွန့်ပစ်ထားခြင်းခံရ၍ လူသူကင်းမဲ့သူတို့၏ပြည်သည် ဥပုသ်နေ့၌ မွေ့လျော်လိမ့်မည်။ သူတို့မူကား ကိုယ့်အပြစ်အတွက် ပြန်ပေးဆပ်ရလိမ့်မည်။
ငါသည် ထာဝရဘုရားကိုပြစ်မှားမိပြီဖြစ်၍ ငါ့အမှုကို ဖြေရှင်းပေးပြီး ငါ့ကို တရားသဖြင့် စီရင်သည်အထိ အမျက်တော်ကို ငါခံရမည်။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အလင်းထဲသို့ ခေါ်ဆောင်လာမည်ဖြစ်၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ငါဖူးမြင်ရလိမ့်မည်။
ထို့ကြောင့် မောရှေက ထာဝရဘုရားအား “ကိုယ်တော်၏အစေအပါးကို အဘယ်ကြောင့်ဒုက္ခရောက်စေပါသနည်း။ ဤလူမျိုးအပေါင်းတို့၏ဝန်ကို အကျွန်ုပ်အပေါ်၌တင်၍ ကိုယ်တော်၏ရှေ့တော်၌ အဘယ်ကြောင့် အကျွန်ုပ်ကို မျက်နှာမရစေပါသနည်း။
နောက်တစ်နေ့တွင် အစ္စရေးအမျိုးသားလူထုအပေါင်းတို့က မောရှေနှင့်အာရုန်အား “သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီ”ဟု အပြစ်တင်ပြောဆိုကြ၏။
အစ္စရေးအမျိုးသားတို့က မောရှေအား “အကျွန်ုပ်တို့ သေကြရတော့မည်။ အကျွန်ုပ်တို့ ပျက်စီးကြရတော့မည်။ အကျွန်ုပ်တို့အားလုံး ပျက်စီးကြရတော့မည်။
လူတို့သည် ပြင်းထန်သောအပူရှိန်ကြောင့် နေလောင်ဒဏ်ခံရသဖြင့် ဤဘေးဒဏ်များအပေါ်အခွင့်အာဏာရှိသော ဘုရားသခင်၏နာမတော်ကို စော်ကားပြောဆို၍ နောင်တလည်းမရ၊ ဘုရားသခင်၏ဘုန်းတော်ကိုလည်း မချီးမွမ်းကြပေ။