အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မြည်​တမ်း​စ​ကား 3:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

စင်စစ် ကိုယ်တော်​သည် လက်​ကို​ဆန့်​၍ ငါ့​ကို တစ်နေ့လုံး အကြိမ်ကြိမ်​ဆုံးမ​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​အ​ကြိမ်​ကြိမ် အ​ဖန်​ဖန်​ရိုက်​နှက်​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ့ အ ပေါ် တွင်၊ လက် တော် ကို နေ့ ရှိ သ မျှ တင် ဖိ တော် မူ လှ စွ တ ကား။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကယ်​စင်​စစ် ငါ့​ကို​တစ်​နေ့​လုံး အ​ထပ်​ထပ် ဒဏ်​ခတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



မြည်​တမ်း​စ​ကား 3:3
10 ပူးပေါင်းရင်းမြစ်များ  

အေးချမ်း​စွာ​နေ​ရ​စဉ် ငါ့​ကို တစ်စစီချိုးဖဲ့​တော်မူ​ပြီ​။ ငါ့​လည်ပင်း​ကို ဖမ်းကိုင်​ပြီးလျှင် ငါ့​ကို တစ်စစီ​ခြေမွှ​တော်မူ​ပြီ​။ ငါ့​ကို ပစ်မှတ်​အဖြစ်​ထား​တော်မူ​ပြီ​။


အို ငါ့​မိတ်ဆွေ​တို့​၊ ငါ့​ကို သနား​ကြ​ပါ​။ သနား​ကြ​ပါ​။ ဘုရားသခင်​သည် ငါ့​ကို ရိုက်နှက်​တော်မူ​ပြီ​။


မြို့​တံခါး​တွင် ငါ့​ကို​ကူညီ​မည့်​သူ​ကို​တွေ့​သောကြောင့် မိဘမဲ့​တို့​ကို ငါ​လက်ရွယ်​ခဲ့​မိ​လျှင်


အကယ်စင်စစ် အနန္တတန်ခိုးရှင်​ထံမှ မြား​တို့​သည် ငါ့​ကိုယ်​၌​စိုက်ဝင်​လျက်​ရှိ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် ထို​မြား​တို့​၏​အဆိပ်ရည်​ကို သောက်သုံး​နေ​ရ​၏​။ ဘုရားသခင်​ထံမှ ကြောက်မက်ဖွယ်​ရာ​တို့​သည် ငါ့​ရှေ့​၌ တန်းစီ​လျက်​ရှိ​၏​။


အကြောင်းမူကား ကိုယ်တော်​၏​မြား​တို့​သည် အကျွန်ုပ်​၌​စူးဝင်​၍ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ဖိထား​လျက်​ရှိ​ပါ​၏​။


ပြီးလျှင် ငါ့​လက်​ကို သင့်​အပေါ်​သို့ ပြန်ရောက်​စေ​မည်​။ သင်​၌​ကပ်​နေ​သော​ချော်​ကို ပြာရည်​ဖြင့်​ချွတ်ပစ်​၍ သင်​၌​ရောနေသောခဲ​ကို ငါ​အကုန်​ဖယ်ရှား​မည်​။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို အမျက်ထွက်​၍ သူ​တို့​အပေါ်​လက်​တော်​ကို​ဆန့်​လျက် ဒဏ်ခတ်​တော်မူ​မည်​။ တောင်​တို့​သည်​လှုပ်ခတ်​ကြ​လိမ့်မည်​။ သူ​တို့​အလောင်း​သည် လမ်းမ​အလယ်​၌ အမှိုက်သရိုက်​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


သို့သော် သူ​တို့​သည်​ပုန်ကန်​ခြင်း​ဖြင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်းနည်း​စေ​ခဲ့​သောကြောင့် ကိုယ်တော်​သည် သူ​တို့​၏​ရန်သူ​ဖြစ်သွား​၍ သူ​တို့​ကို​တိုက်ခိုက်​တော်မူ​၏​။


ထာဝရဘုရား​သည် ထို​သူ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ထာဝရဘုရား​၏​အမျက်​တော်​၊ သဝန်တိုစိတ်​သည် ထို​သူ​ကို တငွေ့ငွေ့​လောင်ကျွမ်း​မည်​။ ဤ​ကျမ်း​၌​ရေးသား​ထား​သော​ကျိန်​ခြင်း​ရှိသမျှ​တို့​သည် သူ့​အပေါ်​သို့ ကျရောက်​မည်​။ ထာဝရဘုရား​သည် သူ​၏​အမည်​ကို မိုးကောင်းကင်​အောက်​မှ ပယ်ဖျက်​တော်မူ​မည်​။