Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 3:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ကိုယ်တော်​သည် ငါ့​ကို​နှင်ထုတ်​တော်မူ​ပြီ​။ အလင်း​မ​ရှိ​သော မှောင်မိုက်​၌ သွားလာ​စေ​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကိုယ်​တော်​သည်​ငါ့​ကို​ပို​၍​ပို​၍​မှောင်​မိုက်​သော နေ​ရာ​ထဲ​သို့​ရောက်​ရှိ​စေ​တော်​မူ​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ပို့ တော် မူ သည့် အ တိုင်း အ လင်း ၌ မ ဟုတ်၊ မှောင်၌ သွား လာ ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ငါ့​ကို​သွေး​ဆောင်၍ အ​လင်း​သို့​မ​ပို့၊ မှောင်​မိုက်​ထဲ​သို့ ပို့​ဆောင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 3:2
11 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အလင်း​မှ​အမှောင်​ထဲသို့ မောင်းထုတ်​ခြင်း​ခံရ​မည်​။ ကမ္ဘာလောက​မှ နှင်ထုတ်​ခြင်း​ခံရ​မည်​။


အကောင်း​ကို စောင့်မျှော်​သောအခါ အဆိုး​များ​သာ ရောက်လာ​၏​။ အလင်း​ကို မျှော်လင့်​သောအခါ အမှောင်​သာ ရောက်လာ​၏​။


ထို့ကြောင့် တရားမျှတမှု​သည် ငါ​တို့​နှင့်​ဝေး​၏​။ ဖြောင့်မတ်​ခြင်း​သည် ငါ​တို့​ကို​မ​မီ​။ ငါ​တို့​သည် အလင်း​ကို​စောင့်မျှော်​သော်လည်း အမှောင်​သာ​တွေ့​၏​။ တောက်ပ​သော​အလင်း​ကို​စောင့်မျှော်​သော်လည်း မှောင်မိုက်​ထဲ၌​သာ လျှောက်​ရ​၏​။


ကိုယ်တော်​သည် မှောင်မိုက်​ကို​ဖြစ်စေ​သဖြင့် သင်​တို့​သည် မှောင်မည်း​သော​တောင်​ပေါ်တွင် ခလုတ်​မ​တိုက်မိ​မီ​၊ သင်​တို့​သည် အလင်း​ကို​စောင့်မျှော်​လျက်​နေ​စဉ် ကိုယ်တော်​သည် ထို​အလင်း​ကို မှုန်မှိုင်း​စေ​၍ အမှောင်ထု​မ​ဖြစ်စေ​မီ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​လော့​။


ငါ​သည် မြေကြီး​ကို​ကြည့်​လိုက်​သော် ၎င်း​သည် အသွင်သဏ္ဌာန်​မ​ရှိ​၊ လဟာသက်သက်​ဖြစ်​၏​။ မိုးကောင်းကင်​သည်​လည်း အလင်း​မ​ရှိ​။


ဘုရားရှင်​သည် ဇိအုန်​သမီးပျို​ကို အမျက်​တော်​မိုးတိမ်​ဖြင့် ဖုံးအုပ်​တော်မူ​ပြီ​တကား​။ မိုး​ထိ​မြင့်​သော​အစ္စရေး​လူမျိုး​၏​ဂုဏ်ကျက်သရေ​ကို မြေ​သို့​တိုင် ရှုတ်ချ​တော်မူ​ပြီ​။ အမျက်​တော်​ထွက်​ရာ​နေ့​၌ မိမိ​၏​ခြေတင်ခုံ​ကို မေ့ပစ်​တော်မူ​ပြီ​။


မျက်မမြင်​သည် စမ်းတဝါးဝါး​လိုက်စမ်း​ရ​သကဲ့သို့ သင်​သည်​လည်း မွန်းတည့်အချိန်​၌ပင် စမ်းတဝါးဝါး​လိုက်စမ်း​ရ​မည်​။ သင့်​ဘဝ​လမ်းခရီး​၌ အောင်မြင်​လိမ့်မည်​မ​ဟုတ်​။ နှိပ်စက်​ခြင်း​၊ လုယူ​ခြင်း​ကို​သာ တစ်ချိန်လုံး​ခံ​နေ​ရ​မည်​။ သင့်​ကို ကယ်တင်​မည့်​သူ​မ​ရှိ​။


မိမိ​တို့​အရှက်​ကို အမြှုပ်​ကဲ့သို့​ပေါ်​စေ​သည့် ပြင်းထန်​သော​ပင်လယ်​လှိုင်းတံပိုး​များ၊ လှည့်လည်​သွားလာ​သော ကြယ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထာဝရ​ထိန်းသိမ်း​ထား​လျက်​ရှိ​၏။


ထို့ပြင် မိမိ​တို့​၏​မူလ​အခွင့်အာဏာ​ကို​မ​ထိန်းသိမ်း​ဘဲ မိမိ​တို့​စံ​ရာ​အရပ်​ကို စွန့်ခွာ​သွား​ကြ​သည့် ကောင်းကင်​တမန်​များ​အား တရား​စီရင်​တော်မူ​ရာ​နေ့​ကြီး​အတွက် ထာဝရ​အချုပ်အနှောင်​အားဖြင့် မှောင်မည်း​ခြင်း​အောက်၌ ထိန်းသိမ်း​ထား​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ