လေးမြားသည် သူ့ကို မထွက်ပြေးစေနိုင်။ လောက်စာလုံးသည်လည်း သူ့အဖို့ ရိုးပြတ်ကဲ့သို့သာ ဖြစ်၏။
မြည်တမ်းစကား 3:13 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏မြားတို့သည် ငါ့နှလုံးသားကို ထိုးဖောက်လေပြီ။ Common Language Bible ကိုယ်တော်သည်မြားတော်တို့ကိုငါ၏ ကိုယ်ခန္ဓာအတွင်းသို့ပစ်လွှတ်တော်မူပါ၏။ Garrad Bible မြှား တော် များ ဖြင့် နှ လုံး သည်း ပွတ် ကို ခွင်း တော် မူ ၏။ Judson Bible မြားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်းစေတော်မူ၏။ |
လေးမြားသည် သူ့ကို မထွက်ပြေးစေနိုင်။ လောက်စာလုံးသည်လည်း သူ့အဖို့ ရိုးပြတ်ကဲ့သို့သာ ဖြစ်၏။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
သူတို့၏မြားကျည်တောက်သည် ပွင့်နေသောသင်္ချိုင်းဂူကဲ့သို့ဖြစ်၏။ သူတို့အားလုံးသည် ခွန်အားကြီးသောသူများဖြစ်ကြ၏။
ရန်သူကဲ့သို့ လေးကိုတင်တော်မူပြီ။ ရန်ဖက်ကဲ့သို့ လက်ယာလက်တော်ကို အသင့်ရှိစေ၍ လူတို့ တန်ဖိုးထားရသောသူအပေါင်းတို့ကို ကွပ်မျက်တော်မူပြီ။ ဇိအုန်သမီးပျို၏တဲအပေါ်၌ မီးကဲ့သို့သောအမျက်တော်ကို သွန်ချတော်မူပြီ။
သူတို့အပေါ် ဘေးအန္တရာယ်များကို စုပြုံကျရောက်စေမည်။ ငါ့မြားတို့ကို သူတို့ထံ အကုန်ပစ်လွှတ်မည်။