သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
မြည်တမ်းစကား 2:5 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်သည် ရန်သူကဲ့သို့ဖြစ်လေပြီ။ အစ္စရေးလူမျိုးတို့ကို ဝါးမျိုတော်မူပြီ။ နန်းတော်ရှိသမျှတို့ကိုလည်း ဝါးမျိုတော်မူပြီ။ ခံတပ်တို့ကိုလည်း ဖျက်ဆီးတော်မူပြီ။ ယုဒသမီးပျို၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်းကို တိုးပွားစေတော်မူပြီ။ Common Language Bible ထာဝရဘုရားသည်ရန်သူသဖွယ်ဣသရေလ လူမျိုးအားဖျက်ဆီးမူ၏။ သူတို့၏ခံတပ်များနှင့်နန်းတော် အဆောက်အအုံများကိုယိုယွင်းပျက်စီးလျက် ကျန်ရစ်စေတော်မူလေပြီ။ ကိုယ်တော်သည်ယုဒပြည်သူတို့အားဝမ်းနည်း ကြေကွဲ၍မဆုံးနိုင်အောင်ပြုတော်မူပြီ။ Garrad Bible အ ရှင် ဘု ရား သည်၊ ဣ သ ရေ လ လူ မျိုး ကို၊ ရန် သူ သ ဖွယ် ဖျက် ဆီး တော် မူ ရာ၊ ရှိ သ မျှ သော ဘုံ ဗိ မာန် များ ကို ဖျက် ဆီး ခြင်း၊ ခံ တပ် များ ကို ဖြို လှဲ ခြင်း ပြု သ ဖြင့်၊ သ တို့ သ မီး ယု ဒ၌ များ စွာ ညည်း ညူ ညည်း တွား စေ တော် မူ ၏။ Judson Bible ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကိုလည်းကောင်း၊ ဘုံဗိမာန်အပေါင်းတို့ကိုလည်းကောင်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒသတို့သမီး ငိုကြွေးမြည်တမ်းသော အကြောင်းတို့ကို များပြားစေတော်မူပြီ။ |
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူ၍ အကျွန်ုပ်ကို ရန်သူကဲ့သို့ ထင်မှတ်တော်မူပါသနည်း။
ကိုယ်တော်သည် သူ၏တံတိုင်းရှိသမျှတို့ကိုဖြိုဖျက်၍ သူ၏ခံတပ်များကို ဖျက်ဆီးတော်မူပြီ။
လမ်း၌ဖြတ်သွားသောသူအပေါင်းတို့သည် သူ့ကိုတိုက်ခိုက်လုယက်ကြပါပြီ။ သူသည် မိမိအိမ်နီးချင်းတို့အတွက် ကဲ့ရဲ့ပြစ်တင်စရာဖြစ်ရပါပြီ။
သို့သော် ငါသည် အရေလမြို့ကို အကျပ်အတည်းထဲသို့ရောက်စေမည်။ ထိုမြို့၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ငါ့အဖို့ အရေလကဲ့သို့ ဖြစ်မည်။
သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြို့ရိုးအပြင်ဘက်၌ဝိုင်းထားသော ဘေဘီလုံဘုရင်နှင့် ခါလဒဲလူမျိုးတို့ကို တိုက်ခိုက်ရန် သင်တို့ကိုင်စွဲထားသောလက်နက်များကို သင်တို့ထံပြန်လှည့်စေမည်။ ထိုလက်နက်တို့ကို မြို့ထဲ၌ ငါစုသိမ်းမည်။
သင့်ကိုချစ်ခင်သောသူအပေါင်းတို့သည် သင့်ကိုမေ့လျော့ကြပြီ။ သင့်ကို ဂရုမစိုက်ကြ။ အကြောင်းမူကား သင်၏အပြစ်များပြား၍ သင်၏ဒုစရိုက်ကြီးမားသောကြောင့် ရန်သူ၏တိုက်ခိုက်ခြင်းအားဖြင့်လည်းကောင်း၊ ကြမ်းကြုတ်သောသူ၏ဆုံးမခြင်းအားဖြင့်လည်းကောင်း သင့်ကို ငါဒဏ်ခတ်လေပြီ။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
ဘုရားရှင်သည် ယာကုပ်အမျိုး၏နေရာရှိသမျှကို မညှာမတာဝါးမျိုတော်မူပြီ။ ယုဒသမီးပျို၏ခံတပ်များကို အမျက်တော်ဖြင့် ဖြိုဖျက်တော်မူပြီ။ မြေတိုင်အောင် ရောက်စေတော်မူပြီ။ နိုင်ငံနှင့်အကြီးအကဲတို့ကိုလည်း ရှုတ်ချတော်မူပြီ။
ရန်သူကဲ့သို့ လေးကိုတင်တော်မူပြီ။ ရန်ဖက်ကဲ့သို့ လက်ယာလက်တော်ကို အသင့်ရှိစေ၍ လူတို့ တန်ဖိုးထားရသောသူအပေါင်းတို့ကို ကွပ်မျက်တော်မူပြီ။ ဇိအုန်သမီးပျို၏တဲအပေါ်၌ မီးကဲ့သို့သောအမျက်တော်ကို သွန်ချတော်မူပြီ။
ငါ့ရှေ့တွင် ထိုစာလိပ်ကို ဖြန့်ပြသောအခါ စာလိပ်နှစ်ဖက်စလုံးတွင် ငိုကြွေးမြည်တမ်းခြင်းအကြောင်းများ၊ အမင်္ဂလာအကြောင်းများ ရေးသားထားသည်ကို ငါတွေ့ရ၏။
ရှမွေလကလည်း “ထာဝရဘုရားသည် သင့်ကိုစွန့်ပစ်၍ သင့်ရန်သူဖြစ်သွားသည်ကိုပင် အဘယ်ကြောင့် ငါ့ကို မေးမြန်းသေးသနည်း။