ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရားလက်တော်ထဲသို့သာ ငါတို့ကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
မိက္ခာ 7:19 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို သနားစုံမက်တော်မူ၍ အကျွန်ုပ်တို့၏ဒုစရိုက်များကို နင်းချေတော်မူမည်။ အပြစ်ရှိသမျှကိုလည်း ပင်လယ်ရေနက်ရာထဲသို့ ပစ်ချတော်မူမည်။ Common Language Bible ကိုယ်တော်သည်အကျွန်ုပ်တို့အားသနား ကြင်နာတော်မူဦးမည်။ ကိုယ်တော်သည် အကျွန်ုပ်တို့၏အပြစ်များကိုနင်းချေ၍ ပင်လယ်အောက်သို့ပစ်ချတော်မူမည်။- Garrad Bible ကိုယ် တော် သည်၊ ငါ တို့ အား တစ် ဖန် ညှာ တာ ခြင်း၊ ဒု စ ရိုက် များ ကို နင်း ချေ ခြင်း ပြု တော် မူ၍၊ ပြစ် မှု ရှိ သ မျှ ကို သ မု ဒ္ဒ ရာ နက် ရှိုင်း ရာ သို့ ပစ် ချ လျက်၊ Judson Bible ကိုယ်တော်သည် အကျွန်ုပ်တို့ကို တစ်ဖန်သနား၍၊ အကျွန်ုပ်တို့၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့်မည်။ အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။ |
ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရားလက်တော်ထဲသို့သာ ငါတို့ကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
အရှေ့အရပ်သည် အနောက်အရပ်နှင့်ဝေးကွာသည့်အတိုင်း ကိုယ်တော်သည် ငါတို့ကျူးလွန်သောအပြစ်များကို ငါတို့နှင့်ဝေးကွာစေတော်မူ၏။
ကိုယ်တော်သည် အစ္စရေးလူမျိုးတို့ကို သူတို့၏ဒုစရိုက်ရှိသမျှတို့ထဲမှ ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။
မိမိ၏ဒေါသကို အကုန်အစင်ရုပ်သိမ်း၍ မိမိ၏ပြင်းထန်သောအမျက်တော်ကို ပြေငြိမ်းစေတော်မူပြီ။
မြို့သူမြို့သားတစ်ဦးမျှ “ငါဖျားနာ၏”ဟု ပြောမည်မဟုတ်။ ထိုမြို့၌ နေထိုင်သောလူတို့သည် အပြစ်လွတ်ခွင့်ရကြလိမ့်မည်။
ကြည့်ရှုလော့။ အကျွန်ုပ်ခံစားရသောဒုက္ခဝေဒနာသည် အကျွန်ုပ်ကောင်းဖို့ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ပျက်စီးခြင်းတွင်းထဲမှ နုတ်ယူတော်မူပြီ။ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။
ငါကိုယ်တော်တိုင် သင်ကျူးလွန်သောအပြစ်တို့ကို ငါ့အဖို့ ငါပယ်ဖျက်၏။ သင်၏အပြစ်တို့ကို ငါအောက်မေ့မည်မဟုတ်။
ထာဝရဘုရားက “ဧဖရိမ်သည် ငါချစ်သောသား၊ ငါမြတ်နိုးသောသားလေးဖြစ်သည်မဟုတ်လော။ ငါသည် သူ့ကို အပြစ်တင်ပြောဆိုလေတိုင်း သူ့ကို အစဉ်သတိရလျက်ရှိပါ၏။ ထို့ကြောင့် သူ့အတွက် စိုးရိမ်ပူပန်၏။ သူ့ကို အလွန်သနား၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ငါ့ကိုပြစ်မှားခဲ့သောအပြစ်ရှိသမျှတို့နှင့် သူတို့ကိုကင်းစင်စေမည်။ ငါ့ကိုပြစ်မှားခြင်း၊ ငါ့ကိုပုန်ကန်ခြင်းအပြစ်ရှိသမျှတို့ကို ငါခွင့်လွှတ်မည်။
ထာဝရဘုရားက “ထိုနေ့ရက်၊ ထိုအချိန်၌ အသက်ရှင်ကျန်ရစ်သောသူတို့ကို ငါခွင့်လွှတ်မည်ဖြစ်၍ အစ္စရေးလူမျိုး၏ဒုစရိုက်ကို ရှာသော်လည်း တွေ့မည်မဟုတ်။ ယုဒလူမျိုး၏အပြစ်ကိုရှာသော်လည်း တွေ့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏မေတ္တာကရုဏာတော်ကြောင့် ငါတို့သည် ပျက်စီးခြင်းသို့မရောက်ပါ။ ကိုယ်တော်၏သနားစုံမက်ခြင်းသည်လည်း အဆုံးမရှိပါ။
ဝမ်းနည်းကြေကွဲစေတော်မူသော်လည်း မေတ္တာကရုဏာကြီးမားတော်မူသည်နှင့်အညီ သနားစုံမက်တော်မူလိမ့်မည်။
သူကျူးလွန်ခဲ့သောအပြစ်များကို မှတ်ထားမည်မဟုတ်။ ဖြောင့်မတ်စွာပြုကျင့်သောကြောင့် သူသည် အသက်ချမ်းသာရာရမည်။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သူတို့ကို မျက်နှာလွှဲတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။
သင်တို့သည် ထာဝရဘုရားထံပြန်လာ၍ “အပြစ်ရှိသမျှ ခွင့်လွှတ်တော်မူပါ။ ကောင်းသောအရာတို့ကို လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် နွားထီးကိုပူဇော်သကဲ့သို့ နှုတ်ဖြင့်ချီးမွမ်းပါမည်။
“ငါသည် အမျက်ပြေပြီဖြစ်၍ သူတို့လမ်းလွဲဖောက်ပြန်သည်များကို ပြန်လည်ပြုပြင်ပေးမည်။ စေတနာစိတ်ထက်သန်သည့်အလျောက် သူတို့ကို ငါချစ်မည်။
ကောင်းကင်တမန်ကလည်း သူ့ရှေ့တွင်ရပ်နေသောသူတို့အား “ညစ်ပေနေသောသူ့အဝတ်များကို ချွတ်ပစ်ပါ”ဟု ဆိုပြီးလျှင် ယောရှုအား “ကြည့်ပါ။ သင့်အပြစ်တို့ကို သင့်ထံမှ ငါဖယ်ရှားပစ်ပြီ။ ခန့်ညားထည်ဝါသောအဝတ်ကိုလည်း ဝတ်ဆင်ပေးမည်”ဟု မိန့်ဆို၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသည်ဖြစ်၍ အပြစ်တရားသည် သင်တို့ကို အစိုးတရပြုလိမ့်မည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသင့်ကို ပြန်လာစေ၍ သင့်ကို သနားစုံမက်တော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကို ကွဲလွင့်စေတော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့ထံမှ ပြန်၍စုစည်းစေတော်မူမည်။
သင်သည် အသက်ရှင်၍ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်စိတ်နှလုံး၊ သင့်သားမြေးတို့၏စိတ်နှလုံးအရေဖျားကို လှီးတော်မူမည်။
ထာဝရဘုရားသည် မိမိလူမျိုးတော်တို့ ခွန်အားကုန်ခန်း၍ အချုပ်အနှောင်ခံရသောသူနှင့် လွတ်လပ်သောသူပါ တစ်ယောက်မျှမကျန်တော့သည်ကို မြင်သောအခါ မိမိလူမျိုးတော်အတွက် တရားစီရင်တော်မူမည်။ မိမိအစေအပါးတို့ကို သနားတော်မူမည်။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏မတရားမှုများအပေါ်ကရုဏာထား၍ သူတို့၏အပြစ်များကို လုံးဝသတိရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။