ငါသည် မေရှက်ပြည်၌တည်းခိုပြီး ကေဒါအမျိုးသားတို့၏တဲများတွင်နေရသောကြောင့် အမင်္ဂလာရှိ၏။
မိက္ခာ 7:1 - မြန်မာ့စံမီသမ္မာကျမ်း ငါ၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား ငါသည် နွေရာသီသီးနှံရိတ်သိမ်းသူများ၊ စပျစ်ခြံ၌ အသီးကျန်လိုက်ခူးသူများနှင့်တူလေပြီ။ စားစရာစပျစ်သီးခိုင် တစ်ခိုင်မျှမရှိ၊ အဦးဆုံးမှည့်သောအသီးကို စားလိုစိတ်ရှိသော်လည်း တစ်လုံးမျှမရှိ။ Common Language Bible မျှော်လင့်ချက်ကုန်ပြီ၊ ငါသည်ဆာလောင် သဖြင့် အပင်မှအသီးကိုသော်လည်းကောင်း၊ စပျစ်နွယ်မှစပျစ်သီးကိုသော်လည်းကောင်း ရှာသော်လည်း တစ်လုံးကိုမျှမတွေ့ရသော သူကဲ့သို့ဖြစ်၏။ စပျစ်သီးရှိသမျှနှင့်စား ချင်ဖွယ်ကောင်းသောသဖန်းသီးရှိသမျှ ကိုဆွတ်ခူးသွားကြပြီ။- Garrad Bible အ ကျိုး နည်း လေ စွ။ အ သီး ဆွတ် ပြီး သော အ ပင်၊ ကောက် သိမ်း ပြီး စ ပျစ် သ ဖွယ် ဖြစ် သော ငါ၌၊ သုံး ဆောင် ရန် စ ပျစ် ပြွတ် တစ် ခိုင်၊ တပ် မက် ရန် သ ဖန်း သီး တစ် လုံး မျှ မ ရှိ ချေ။ Judson Bible ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့လည်းကောင်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့လည်းကောင်း ငါဖြစ်၏။ စားစရာဖို့ စပျစ်သီးပြွတ် မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီးကို ငါတောင့်တရ၏။ |
ငါသည် မေရှက်ပြည်၌တည်းခိုပြီး ကေဒါအမျိုးသားတို့၏တဲများတွင်နေရသောကြောင့် အမင်္ဂလာရှိ၏။
များစွာသောလူတို့သည် မိမိတို့၏မေတ္တာကရုဏာကို ထုတ်ဖော်ပြောဆိုတတ်ကြ၏။ သို့သော် သစ္စာရှိသောသူကို မည်သူရှာတွေ့နိုင်သနည်း။
သံလွင်သီးကိုရိုက်ခြွေသောအခါ အပင်ထိပ်ဖျား၌ သံလွင်သီးနှစ်လုံးသုံးလုံး၊ အသီးများသော အခက်အလက်တို့၌ လေးငါးလုံး ကောက်သင်းကောက်ရန်ကြွင်းကျန်သကဲ့သို့ ကြွင်းကျန်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သံလွင်သီးကိုရိုက်ခြွေပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း၊ စပျစ်သီးဆွတ်ခူးပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ကမ္ဘာမြေကြီးအလယ်ရှိ တိုင်းနိုင်ငံတို့တွင် ထိုသို့ ဧကန်အမှန်ဖြစ်လိမ့်မည်။
“ဖြောင့်မတ်တော်မူသောအရှင်သည် ဘုန်းကြီးစေသတည်း”ဟူသော ချီးမွမ်းသီချင်းကို ကမ္ဘာမြေကြီးစွန်းမှ ငါတို့ကြားရ၏။ သို့သော် “ငါ ချုံးချုံးကျသွားပြီ။ ငါ ချုံးချုံးကျသွားပြီ။ ငါ၌ အမင်္ဂလာရှိ၏။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ”ဟု ငါဆို၏။
မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် နွေရာသီမတိုင်မီ အဦးဆုံးမှည့်သောအသီးကဲ့သို့ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် ခူး၍ ချက်ချင်းစားပစ်တတ်၏။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
ခြင်းတောင်းတစ်တောင်းထဲတွင် အဦးဆုံးမှည့်သောအသီးကဲ့သို့ အလွန်ကောင်းသောသဖန်းသီးများရှိ၏။ ကျန်ခြင်းတောင်းတစ်တောင်းထဲတွင် မကောင်းသောသဖန်းသီးရှိ၏။ စား၍မရအောင် ပုပ်နေ၏။
သားဦးဖွား၍ ဝေဒနာခံစားရသောမိန်းမ၏ညည်းတွားသံကဲ့သို့ ဇိအုန်သမီး၏အသံကို ငါကြားရ၏။ သူသည် မောဟိုက်လျက်၊ လက်ကိုဖြန့်ထားလျက် ‘ငါ၌ အမင်္ဂလာရှိ၏။ လူသတ်သမားများကြောင့် ငါ့စိတ်နှလုံး မောပန်းလှသည်’ဟု ဆို၏။
‘သင်က ငါ၌ အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါ့ဒုက္ခဝေဒနာအပေါ် ဝမ်းနည်းခြင်းကို ထပ်ဆင့်တင်တော်မူသဖြင့် ငါသည် ညည်းတွားရ၍ ပင်ပန်းလှပြီ၊ သက်သာရာမရဟူ၍ ဆိုလေပြီ’ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ခေါက်တုံ့ခေါက်ပြန်သွားလာလျက် ကြည့်ရှုလော့။ ဆင်ခြင်သုံးသပ်လော့။ ထိုမြို့၏လမ်းဆုံလမ်းခွများ၌ ရှာဖွေလော့။ တရားမျှတစွာပြုသောသူ၊ သစ္စာတရားကိုရှာဖွေသောသူတစ်ဦးတစ်ယောက်တွေ့လျှင်ပင် ထိုမြို့ကို ငါခွင့်လွှတ်မည်။
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
ထာဝရဘုရားထံ ယူဆောင်လာသော သူတို့ပြည်ထွက်အဦးဆုံးသီးနှံအားလုံးသည်လည်း သင့်အဖို့ဖြစ်၏။ သင့်အိမ်ရှိ စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။