ထာဝရဘုရား၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
မိက္ခာ 6:2 - မြန်မာ့စံမီသမ္မာကျမ်း အို တောင်များတို့၊ အို ခိုင်ခံ့သောမြေကြီးအုတ်မြစ်တို့၊ ထာဝရဘုရား၏စွဲချက်ကိုနားထောင်ကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို စွဲချက်တင်တော်မူပြီ။ အစ္စရေးလူမျိုးနှင့် အချေအတင်ပြောဆိုတော်မူမည်။ Common Language Bible ကမ္ဘာမြေကြီး၏တည်မြဲသောအခြေအမြစ် ဖြစ်သည့်တောင်များတို့၊ ထာဝရဘုရား၏ စွပ်စွဲတော်မူချက်ကိုနားထောင်ကြလော့၊ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားစွဲချက်တင်ရန်ရှိတော်မူသည်။ ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ နှင့်အမှုဆိုင်ရန်ရှိသည်။ Garrad Bible အို တောင် တို့၊ အို တည် မြဲ သော မြေ ပ ထ ဝီ အ ခြေ အ မြစ် တို့၊ ငါ ထာ ဝ ရ ဘု ရား ၏ ဘက် ပြိုင် ချက် ကို နာ ခံ ကြ လော့။ ငါ ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး တော် နှင့် ဘက် ပြိုင် ရန် အ ကြောင်း ရှိ လျက်၊ ဣ သ ရေ လ လူ မျိုး နှင့် ဆင် ခြေ တက် လိမ့် မည်။ Judson Bible အို တောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေလအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။ |
ထာဝရဘုရား၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ မိုးကောင်းကင်အုတ်မြစ်သည်လည်း ယိမ်းထိုးခါယမ်း၏။
မြေကြီးကို ၎င်း၏အုတ်မြစ်များပေါ်တွင် တည်ထားတော်မူ၍ ၎င်းသည် မည်သည့်အခါမျှ တုန်လှုပ်လိမ့်မည်မဟုတ်။
ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
ငါ့ကို သတိပေးလော့။ အတူတကွ တရားဆိုင်ကြစို့။ သင်ဖြောင့်မတ်ကြောင်း တင်ပြလော့။
ယခုမှာ အို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့၊ ငါနှင့်ငါ့စပျစ်ခြံအမှုကို တရားစီရင်ပေးကြလော့။
ထို့ကြောင့် ငါသည် သင်တို့ကို စွဲချက်တင်မည်။ သင်တို့၏သားမြေးတို့ကိုလည်း စွဲချက်တင်မည်”ဟု မိန့်တော်မူ၏။
ဆူညံပွက်လောရိုက်သောအသံသည် မြေကြီးစွန်းအထိ ပဲ့တင်ထပ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို စွဲချက်တင်တော်မူမည်။ သတ္တဝါအားလုံးကို တရားစီရင်တော်မူမည်။ ဆိုးယုတ်သောသူတို့ကို ဓားလက်သို့ အပ်တော်မူမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
ထာဝရဘုရားက “သူတို့သည် အထက်မိုးကောင်းကင်ကို တိုင်းတာနိုင်၍ အောက်မြေကြီး၏အုတ်မြစ်ကို စူးစမ်းနိုင်မှသာ အစ္စရေးတစ်မျိုးနွယ်လုံးပြုခဲ့သောအပြစ်ကြောင့် သူတို့ကို ငါစွန့်ပစ်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ယုဒကို စွဲချက်တင်တော်မူပြီ။ ယာကုပ်ကို သူကျင့်ကြံခဲ့သည့်အတိုင်း သူ့ကိုဒဏ်ခတ်တော်မူမည်။ သူလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့ကိုပြန်ပေးဆပ်စေမည်။
ယာကုပ်သည် အမိဝမ်းထဲ၌ အစ်ကို၏ဖနောင့်ကို ကိုင်ဆွဲထားခဲ့၏။ သူသည် မိမိခွန်အားဖြင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်ခဲ့၏။
အို အစ္စရေးအမျိုးသားတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့ကို စွဲချက်တင်လေပြီ။ “တိုင်းပြည်တွင် သစ္စာတရားမရှိ၊ မေတ္တာကရုဏာမရှိ၊ ဘုရားသခင်ကိုသိကျွမ်းခြင်းမရှိ။
ယခု နားထောင်လော့။ ထာဝရဘုရားက “ထ၍ တောင်တန်းများရှေ့တွင် သင်၏အမှုကို တင်ပြလော့။ သင့်အသံကို တောင်ကုန်းများလည်း ကြားပါစေ။
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။
ယနေ့ ငါသည် သင်တို့တစ်ဖက်၌ ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ တိုင်တည်၏။ သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးသွား၍သိမ်းပိုက်မည့်ပြည်မှ မကြာမီလုံးလုံးဖျက်ဆီးခြင်းခံရမည်။ ထိုပြည်၌ အသက်ရှည်ရှည်မနေရ၊ လုံးလုံးဖျက်ဆီးခြင်းခံရမည်။