အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
မိက္ခာ 4:5 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးအပေါင်းတို့သည် မိမိတို့ဘုရားများ၏နာမ၌ အသီးသီးလိုက်လျှောက်ကြလိမ့်မည်။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရားနာမတော်၌ ကာလအစဉ်အဆက်လိုက်လျှောက်ကြမည်။ Common Language Bible လူမျိုးအသီးသီးတို့သည်မိမိတို့၏ဘုရား များကိုကိုးကွယ်နာခံကြမည်ဖြစ်သော်လည်း ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကို ကာလအစဉ်အဆက်ကိုးကွယ် နာခံမည်။ Garrad Bible လူ မျိုး တ ကာ တို့ သည်၊ ဆိုင် ရာ ဆိုင် ရာ ဘု ရား အ မည် ကို မှီ ၍ လိုက် လျှောက် ကြ သော် လည်း၊ ငါ တို့ မှာ မူ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နာ မ တော် ကို အ မှီ ပြု၍၊ ကာ လ အ စဉ် လိုက် လျှောက် ကြ ဦး မည်။ Judson Bible လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သော ဘုရား၏နာမကိုခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား၊ ကိုယ်ဆိုင်သော ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို ကာလအစဉ်အမြဲ ခိုလှုံလျက် ကျင့်နေကြမည်။ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
သို့သော် လူမျိုးတိုင်း မိမိတို့၏ဘုရားများကို ပြုလုပ်ပြီး ရှမာရိမြို့သားတို့တည်ထားသော အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ဝတ်ကျောင်းတို့တွင် ထားရှိကြ၏။ လူမျိုးတိုင်း မိမိတို့နေထိုင်ရာမြို့ရွာတို့တွင် ထိုသို့ပြုကြ၏။
ယနေ့ထိတိုင်အောင် ဓလေ့ထုံးတမ်းဟောင်းများအတိုင်း ပြုကျင့်လျက်နေကြ၏။ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းအလျှင်းမရှိ။ အစ္စရေးဟု အမည်ရသောယာကုပ်၏သားတို့အား ထာဝရဘုရားမိန့်မှာထားတော်မူသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ဥပဒေသများ၊ ပညတ်ချက်များ စသည်တို့ကိုလည်း မလိုက်နာကြပေ။
ထာဝရဘုရားသည် မိမိဘိသိက်ပေးထားသောသူကို ကယ်တင်တော်မူကြောင်း ယခုငါသိ၏။ ကိုယ်တော်သည် သူ့အား လက်ယာလက်တော်၏အစွမ်းတန်ခိုးတော်များဖြင့် ကယ်တင်တော်မူ၏။ မိမိ၏သန့်ရှင်းသောကောင်းကင်ဘုံမှ သူ့ကိုထူးတော်မူ၏။
အကြောင်းမူကား ဤဘုရားသခင်သည် ကာလအစဉ်အဆက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့သေဆုံးသည့်တိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလိမ့်မည်။
အကျွန်ုပ်သည် ဘုရားရှင်ထာဝရဘုရား၏ အစွမ်းတန်ခိုးတော်များဖြင့် သွား၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုသာ ထုတ်ဖော်ပြောဆိုပါမည်။
အို ယာကုပ်အမျိုးအနွယ်တို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ လျှောက်လှမ်းကြကုန်စို့။
အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော့်အပြင် အခြားသောသခင်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပြီ။ သို့သော် ကိုယ်တော်၏နာမတော်ကိုသာ အကျွန်ုပ်တို့အောက်မေ့ကြပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏တရားလမ်း၌ ကိုယ်တော်ကို အကျွန်ုပ်တို့စောင့်မျှော်ကြပါ၏။ ကိုယ်တော်၏နာမတော်၊ ကိုယ်တော်ပြုတော်မူသော အမှတ်ရစရာကို ကျွန်ုပ်တို့၏စိတ်ဝိညာဉ် တောင့်တပါ၏။
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကောင်းစားစေမည့်အကြောင်း ငါသည် သူတို့နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။ သူတို့သည် ငါ့ထံမှ မထွက်သွားမည့်အကြောင်း ငါ့ကိုကြောက်ရွံ့ရိုသေခြင်းသဘောကို သူတို့စိတ်နှလုံးထဲသို့ သွင်းပေးမည်။
ငါ ထာဝရဘုရားကြောင့် သူတို့သည် အားပြည့်၍ ငါ့နာမတော်၌ အသက်ရှင်လျှောက်လှမ်းကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
လွန်လေပြီးသောခေတ်ကာလများတွင် ဘုရားသခင်သည် လူမျိုးတကာတို့ကို မိမိတို့လမ်းစဉ်အတိုင်းလျှောက်လှမ်းကြရန် အခွင့်ပေးထားတော်မူ၏။
ထို့ကြောင့် သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်၍ ယနေ့ သင်တို့အား ငါမိန့်မှာသော ကိုယ်တော်၏ပညတ်တော်များ၊ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်”ဟု ဆိုလေ၏။
ထို့ကြောင့် သင်တို့သည် သခင်ခရစ်တော်ယေရှုကို လက်ခံကြသည်နှင့်အညီ ထိုသခင်၌ အသက်ရှင်လျှောက်လှမ်းကြလော့။
သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။