အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏အစေအပါးအပေါ် ကောင်းမြတ်တော်မူပြီ။
မိက္ခာ 2:7 - မြန်မာ့စံမီသမ္မာကျမ်း “ယာကုပ်အမျိုးအနွယ်တို့၊ ‘ထာဝရဘုရားသည် စိတ်တို၍ ဤသို့ပြုတော်မူပြီလော’ဟု သင်တို့ဆိုသင့်သလော။ ငါ့စကားသည် ဖြောင့်မှန်စွာကျင့်ကြံသူအတွက် အကျိုးဖြစ်စေသည်မဟုတ်လော။ Common Language Bible ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။ Garrad Bible ယာ ကုပ် အ မျိုး သား တို့ အား၊ အို ဆင့် ဆို လျက် နေ သူ၊ ထာ ဝ ရ ဘု ရား သည် စိတ် တို တော် မူ သ လော။ ထို အ တိုင်း စီ ရင် တော် မူ သ လော ဟု ပြန် ဟော ကြ ရာ၌၊ ဖြောင့် မှန် စွာ လိုက် လျှောက် သူ တို့ အ ဖို့၊ ငါ့ ဗျာ ဒိတ် တော် အ ကျိုး ပေး သည် မှန် သော် လည်း၊ Judson Bible ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဆီးတားခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သောသူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ်လော။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏အစေအပါးအပေါ် ကောင်းမြတ်တော်မူပြီ။
ကိုယ်တော်သည် ကောင်းမြတ်တော်မူ၏။ ကောင်းသောအမှုကိုလည်းပြုတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
ထိုသူကား အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူ၊ ဖြောင့်မတ်စွာပြုကျင့်သောသူ၊ မိမိစိတ်နှလုံးမှ သစ္စာစကားကိုပြောဆိုသောသူ၊
သန့်ရှင်းသောသူအား မိမိသန့်ရှင်းကြောင်းကို ပြတော်မူ၏။ ကောက်ကျစ်သောသူအား မိမိဉာဏ်များကြောင်းကို ပြတော်မူ၏။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
ထာဝရဘုရား၏လမ်းတော်သည် တည်ကြည်သောသူအတွက် မှီခိုရာဖြစ်၏။ အပြစ်ဒုစရိုက်ကိုပြုကျင့်သောသူတို့အတွက်မူကား ပျက်စီးခြင်းအကြောင်းဖြစ်၏။
တည်ကြည်စွာလျှောက်လှမ်းသောသူသည် ဘေးကင်းလုံခြုံစွာလျှောက်လှမ်းရလိမ့်မည်။ မိမိလမ်းတို့ကိုကွေ့ကောက်စေသောသူ၏ သဘောမူကား သိသာထင်ရှားလာလိမ့်မည်။
ဖြောင့်မှန်စွာလျှောက်လှမ်းသောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူမူကား ကိုယ်တော်ကိုမထီမဲ့မြင်ပြုတတ်၏။
ကိုယ်တော်သည် ဖြောင့်မှန်သောသူတို့အတွက် မှန်ကန်ပြည့်စုံသောဉာဏ်ကိုသိုမှီးထား၍ တည်ကြည်စွာလျှောက်လှမ်းသောသူတို့အတွက် ဒိုင်းလွှားဖြစ်တော်မူ၏။
အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
ကျယ်လောင်စွာဟစ်ကြော်လော့။ ထိန်းချုပ်မထားနှင့်။ တံပိုးမှုတ်သံကဲ့သို့ သင်၏အသံကိုလွှင့်၍ ငါ့လူမျိုးတော်တို့အား သူတို့ကျူးလွန်သောအပြစ်ကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်အား သူတို့၏အပြစ်များကိုလည်းကောင်း ဖော်ပြလော့။
ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေ့ရှိပါပြီ၊ မှီဝဲပါပြီ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါ၏။ အို ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူဖြစ်ပါ၏။
အို ယာကုပ်အမျိုးအနွယ်တို့၊ အစ္စရေးမျိုးနွယ်စုအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
အို ယာကုပ်အကြီးအမှူးတို့နှင့် အစ္စရေးအုပ်ချုပ်သူတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတမှုကိုစက်ဆုပ်ရွံရှာ၍ ဖြောင့်မှန်သောအမှုရှိသမျှကို ကွေ့ကောက်စေကြ၏။
ထိုအခါ သူက ငါ့အား “ဤကား ဇေရုဗဗေလထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော် ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘စစ်သည်ဗိုလ်ခြေကြောင့် မဟုတ်။ အစွမ်းတန်ခိုးကြောင့်မဟုတ်။ ငါ့ဝိညာဉ်အားဖြင့်သာ ဖြစ်၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါထာဝရဘုရား၏လက်သည် တိုသလော။ ငါ၏စကားတည်သည်၊ မတည်သည်ကို ယခု သင်သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသူတို့က “အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုကလည်း“သင်တို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်မှန်လျှင် အာဗြဟံပြုသောအမှုများကို ပြုကြလိမ့်မည်။
သို့ဖြစ်လျှင် ဤကောင်းမြတ်သောအရာသည် ငါ့အတွက် သေခြင်းအကြောင်းဖြစ်သလော။ လုံးဝမဟုတ်ပေ။ ငါ့အတွက် သေခြင်းအကြောင်းဖြစ်သောအရာမှာ အပြစ်ပင်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်း ထင်ရှားစေရန် ဤကောင်းမြတ်သောအရာအားဖြင့် ငါ၌ သေခြင်းကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြင့် အပြစ်သည် ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပြစ်များသောအရာဖြစ်လာ၏။
ငါတို့သည် ကြင်နာစိတ်ကို ကန့်သတ်ပိတ်ပင်ထားသည်မဟုတ်။ သင်တို့ကသာ သင်တို့၏ကြင်နာစိတ်ကို ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်၏။
ဘုရားဝတ်၌မွေ့လျော်ဟန်ရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူများဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။