မိက္ခာ 2:7 - Common Language Bible7 ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ယာ ကုပ် အ မျိုး သား တို့ အား၊ အို ဆင့် ဆို လျက် နေ သူ၊ ထာ ဝ ရ ဘု ရား သည် စိတ် တို တော် မူ သ လော။ ထို အ တိုင်း စီ ရင် တော် မူ သ လော ဟု ပြန် ဟော ကြ ရာ၌၊ ဖြောင့် မှန် စွာ လိုက် လျှောက် သူ တို့ အ ဖို့၊ ငါ့ ဗျာ ဒိတ် တော် အ ကျိုး ပေး သည် မှန် သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible7 ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဆီးတားခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သောသူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 “ယာကုပ်အမျိုးအနွယ်တို့၊ ‘ထာဝရဘုရားသည် စိတ်တို၍ ဤသို့ပြုတော်မူပြီလော’ဟု သင်တို့ဆိုသင့်သလော။ ငါ့စကားသည် ဖြောင့်မှန်စွာကျင့်ကြံသူအတွက် အကျိုးဖြစ်စေသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-
သို့ဖြစ်လျှင်ကောင်းမြတ်သည့်အရာကငါ့အား သေစေသလော။ မသေစေနိုင်ရာ။ ငါ့အားသေစေ သောအရာမှာအပြစ်တရားဖြစ်ပေသည်။ အပြစ် တရားသည် ၎င်း၏ပင်ကိုသဘောသဘာဝကို ပေါ်လွင်ထင်ရှားစေရန် ကောင်းမြတ်သည့်အရာ ကိုအသုံးပြု၍ငါ့ကိုသေစေခြင်းသာဖြစ်၏။ သို့ဖြစ်၍အပြစ်တရားသည်မည်မျှဆိုးရွား ကြောင်းကိုပညတ်တော်အားဖြင့်သိရ၏။