အကြောင်းမူကား ကြမ်းကြုတ်သောသူတို့သည် ရှိတော့မည်မဟုတ်။ ပြက်ရယ်ပြုတတ်သောသူတို့သည်လည်း ပျောက်ကွယ်သွားလိမ့်မည်။ ဒုစရိုက်ပြုရန် ချောင်းမြောင်းနေသောသူ၊
မိက္ခာ 2:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ဤလူတို့အပေါ်ဘေးအန္တရာယ်ကျရောက်စေရန် ငါစီရင်ပြီ။ သင်တို့သည် ထိုဘေးကို သင်တို့လည်ပင်းမှ ဖယ်ရှားနိုင်မည်မဟုတ်။ ဘေးအန္တရာယ်ကျရောက်ရာကာလဖြစ်သောကြောင့် ထောင်လွှားသွားလာနိုင်ကြမည်မဟုတ်။ Common Language Bible သို့ဖြစ်၍ထာဝရဘုရားက``သင်တို့ဘေး ဒုက္ခရောက်စေရန်ငါစီရင်မည်။ ထိုဘေးဒုက္ခ မှသင်တို့လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သင်တို့သည်ဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါသင်တို့သည်မောက်မာကြွားဝါ နိုင်ကြလိမ့်မည်မဟုတ်။- Garrad Bible သို့ ဖြစ်၍ ထာ ဝ ရ ဘု ရား က၊ ဆိုး သွမ်း ရာ ကာ လ ဖြစ် သော ကြောင့်၊ မတ် တတ် ရပ် ခွင့်၊ လည် ကုတ် ဆုတ် ခွင့် မ ရှိ သည့် တိုင် အောင်၊ ဤ လူ မျိုး နှင့် စပ် လျဉ်း သော မ ကောင်း ဝန် ကို ငါ ကြံ စည် သည် ဟု မိန့် တော် မူ ၏။ Judson Bible သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်း မလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ်ကို ထိုသို့သော အိမ်ထောင်တစ်ဖက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။ |
အကြောင်းမူကား ကြမ်းကြုတ်သောသူတို့သည် ရှိတော့မည်မဟုတ်။ ပြက်ရယ်ပြုတတ်သောသူတို့သည်လည်း ပျောက်ကွယ်သွားလိမ့်မည်။ ဒုစရိုက်ပြုရန် ချောင်းမြောင်းနေသောသူ၊
တစ်ဖန် ထာဝရဘုရားက “ဇိအုန်သမီးတို့သည် ဘဝင်မြင့်ကြ၏။ လည်ကိုဆန့်လျက်၊ မျက်လုံးကစားလျက်၊ သူတို့၏ခြေချင်းမြည်အောင် ဖွဖွရွရွလမ်းလျှောက်တတ်ကြသောကြောင့်
သူတို့က “ငါတို့တွေ့ဖို့ ကိုယ်တော်သည် မိမိအမှုကို အလျင်အမြန်ပြုပါစေ။ အလျင်အမြန်ပြုပါစေ။ ငါတို့သိဖို့ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏အကြံဉာဏ်သည် နီးလာပါစေ။ ရောက်လာပါစေ”ဟု ဆိုတတ်ကြ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။
ငါသည် ထိုစကားအလုံးစုံတို့ကို ယုဒဘုရင်ဇေဒကိမင်းကြီးအား လျှောက်တင်၏။ “အရှင်သည် ဘေဘီလုံဘုရင်၏ထမ်းပိုးကိုထမ်း၍ ထိုဘုရင်နှင့် သူ၏လူများကို အစေခံလျက် အသက်ရှင်ပါလော့။
ထို့ကြောင့် ထာဝရဘုရားက ‘သင်တို့သည် ကိုယ့်ညီအစ်ကိုချင်း၊ ကိုယ့်အိမ်နီးချင်းအတွက် လွတ်မြောက်ခွင့်ကြေညာရာ၌ ငါ့စကားကို နားမထောင်ကြ’ဟု မိန့်တော်မူ၏။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သင်တို့အတွက် လွတ်မြောက်ခွင့်ကို ငါကြေညာမည်။ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံးက သင်တို့ကို ကြောက်လန့်စရာအဖြစ် မြင်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
စာသုံးလေးပိုင်းမျှ ဖတ်အပြီးတွင် ရှင်ဘုရင်သည် စာရေးတော်ကြီး၏ဓားဖြင့် စာလိပ်ကိုဖြတ်၍ မီးတောက်နေသောမီးလင်းဖိုထဲသို့ပစ်ချရာ စာလိပ်တစ်ခုလုံး မီးလင်းဖိုထဲတွင် လောင်ကျွမ်းကုန်၏။
ဟောရှာယ၏သားအာဇရိ၊ ကာရာ၏သားယောဟနန်မှစ၍ မာနထောင်လွှားသောသူအပေါင်းတို့က ယေရမိအား “သင်သည် မုသားစကားကို ပြောပြီ။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ‘အီဂျစ်ပြည်သို့ မသွားရောက်၊ မနေထိုင်ရ’ဟု သင့်ကို ဆင့်ဆိုစေသည်မဟုတ်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါနှင်ထုတ်၍ အရပ်ရပ်သို့ရောက်သွားသောသူတို့ထဲမှ ကြွင်းကျန်သောသူတည်းဟူသော ဤမကောင်းသောမျိုးနွယ်စုထဲမှ အသက်ရှင်ကျန်ရစ်သူအားလုံးတို့သည် အသက်ရှင်ခြင်းထက် သေခြင်းကိုရွေးချယ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် လက်တော်ဖြင့် ငါ့အပြစ်ထမ်းပိုးကို ငါ့လည်ပင်းပေါ် တင်တော်မူပြီ။ ချည်နှောင်တော်မူပြီ။ ငါ့ခွန်အားကိုချည့်နဲ့စေတော်မူ၍ ငါမတွန်းလှန်နိုင်သောသူတို့၏လက်ထဲသို့ ငါ့ကိုအပ်လိုက်တော်မူပြီ။
ထာဝရဘုရားသည် ကြံစည်တော်မူသည့်အတိုင်း ပြုတော်မူပြီ။ ရှေးကာလက မိန့်တော်မူခဲ့သောစကားကို ပြည့်စုံစေတော်မူပြီ။ ညှာတာတော်မမူဘဲ ဖြိုဖျက်တော်မူပြီ။ ရန်သူက သင့်ကိုအနိုင်ရ၍ ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူပြီ။ သင့်ရန်ဖက်တို့၏ဦးချိုကို ချီးမြှောက်တော်မူပြီ။
အကျွန်ုပ်တို့ကို လိုက်သောသူတို့သည် အကျွန်ုပ်တို့ လည်ကုတ်ပေါ် တက်စီးကြပါ၏။ အကျွန်ုပ်တို့ မနားရသောကြောင့် ပင်ပန်းလှပါ၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
အပြေးမြန်သူလည်း မပြေးနိုင်။ သန်မာသူလည်း ခွန်အားမထုတ်နိုင်။ စစ်သူရဲလည်း သူ့အသက် သူမကယ်နိုင်။
အစ္စရေးအမျိုးသားတို့၊ သင်တို့နှင့် သင်တို့မျိုးနွယ်စုအပေါင်းတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သောထာဝရဘုရားက သင်တို့အား ဆန့်ကျင်၍ မိန့်တော်မူသောစကားကို နားထောင်ကြလော့။
“မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။
ဤကာလသည် ဆိုးညစ်သောကာလဖြစ်သောကြောင့် ပညာသတိရှိသူသည် နှုတ်ဆိတ်နေလိမ့်မည်။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။
သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။
ဆာလောင်မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း၊ အရာရာချို့တဲ့ခြင်းတို့ဖြင့် ထာဝရဘုရားစေလွှတ်တော်မူသော သင်၏ရန်သူကို သင်အစေခံရလိမ့်မည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း သံထမ်းပိုးကို သင်၏လည်ပင်းပေါ် တင်ထားတော်မူမည်။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။