ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
မိက္ခာ 1:5 - မြန်မာ့စံမီသမ္မာကျမ်း ဤအရာအလုံးစုံတို့သည် ယာကုပ်အမျိုးအနွယ်၏ပုန်ကန်မှု၊ အစ္စရေးအမျိုးအနွယ်၏အပြစ်ကျူးလွန်မှုကြောင့် ဖြစ်၏။ ယာကုပ်၏ပုန်ကန်မှုကား အဘယ်အရာနည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏အထွတ်အမြတ်ထားရာကား အဘယ်အရာနည်း။ ဂျေရုဆလင်မြို့မဟုတ်လော။ Common Language Bible ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။- Garrad Bible ထို အ ခြင်း အ ရာ များ သည်၊ ယာ ကုပ် အ မျိုး၏ လွန် ကျူး မှု၊ ဣ သ ရေ လ အ မျိုး သား တို့ ပြစ် မှု များ ကြောင့် ရောက် လေ ပြီ။ ယာ ကုပ် အမျိုး ၏ လွန် ကျူး မှု ကား၊ ရှ မာ ရိ မြို့၊ ယု ဒ အ မျိုး၏ မြင့် ရာ ဌာ န များ ကား၊ ယေ ရု ရှ လင် မြို့ ဖြစ် သည် မ ဟုတ် လော။ Judson Bible ထိုအမှုသည် ယာကုပ်လွန်ကျူး၍ ဣသရေလအမျိုးပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ်လွန်ကျူးရာကား အဘယ်သို့နည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ရှိသည်မဟုတ်လော။ |
ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန်နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။
ဗာလယဇ်ပလ္လင်များကိုလည်း သူ့ရှေ့၌ဖြိုဖျက်ပစ်ကြ၏။ ထိုယဇ်ပလ္လင်ပေါ်ရှိ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကိုလည်း ချိုးဖျက်ပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကိုလည်း တစ်စစီချိုးဖဲ့ဖျက်ဆီးပစ်ပြီး ယဇ်ပူဇော်သောသူတို့၏သင်္ချိုင်းဂူများပေါ်တွင် ကြဲပစ်လိုက်လေ၏။
ဧဖရိမ်ပြည်၏ဦးခေါင်းသည် ရှမာရိမြို့၊ ရှမာရိမြို့၏ဦးခေါင်းသည် ရေမလိ၏သားဖြစ်၏။ သင်တို့၌ ယုံကြည်ခြင်းမရှိလျှင် သင်တို့တည်မြဲလိမ့်မည်မဟုတ်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သင့်ကို လမ်းခရီး၌ ပို့ဆောင်ခဲ့စဉ်က သင်၏ဘုရားသခင်ထာဝရဘုရားကို သင်စွန့်ပယ်သောကြောင့် သင်၌ ဤသို့ ဖြစ်ရသည်မဟုတ်လော။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ရှမာရိပရောဖက်တို့တွင် ရွံရှာဖွယ်အမှုကို ငါတွေ့၏။ သူတို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုဟောပြောခြင်းဖြင့် ငါ့လူမျိုးတော်ကို လမ်းလွဲစေပြီ။
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
သင်၏အပြုအမူ၊ အကျင့်အကြံတို့ကြောင့် ဤအမှုတို့သည် သင့်အပေါ် ကျရောက်လေပြီ။ ဤသည်ကား သင်၏ဆိုးညစ်မှုပေတည်း။ မည်မျှ ခါးသီးသနည်း။ မည်မျှ စိတ်နာကျင်ဖွယ်ကောင်းသနည်း။
သင်တို့ပြုသောဒုစရိုက်များကြောင့် ထိုအရာတို့နှင့် သင်တို့လွဲသွားရလေပြီ။ သင်တို့၏အပြစ်များသည် ကောင်းကျိုးချမ်းသာကို တားဆီးလေပြီ’ဟု ထာဝရဘုရား သင်တို့ကို မိန့်ဆိုပြီ။
အို ကမ္ဘာမြေကြီး၊ နားထောင်လော့။ ဤလူမျိုးသည် ငါ့စကားကို အာရုံမစိုက်။ ငါ၏ပညတ်တရားကိုလည်း ငြင်းပယ်ကြသောကြောင့် ငါသည် သူတို့ထံသို့ သူတို့အကြံအစည်၏အကျိုးဆက်ဖြစ်သည့် ဘေးအန္တရာယ်ကို ယူဆောင်လာမည်။
အကျွန်ုပ်တို့ခေါင်းပေါ်မှ သရဖူသည် ပြုတ်ကျလေပြီ။ အကျွန်ုပ်တို့ပြုမိသောအပြစ်ကြောင့် ယခုမှာ အမင်္ဂလာဖြစ်လေပြီ။
သင့်အစ်မရှမာရိသည် သမီးတို့နှင့်အတူ သင်၏မြောက်ဘက်တွင် နေထိုင်၏။ သင့်ညီမသောဒုံသည် သမီးတို့နှင့်အတူ သင်၏တောင်ဘက်တွင် နေထိုင်၏။
ငါသည် အစ္စရေးကို ကုသပေးသောအခါ ဧဖရိမ်၏အပြစ်နှင့် ရှမာရိ၏မကောင်းမှုတို့ ပေါ်လာပြန်၏။ အကယ်စင်စစ် သူတို့သည် လိမ်လည်လှည့်စားခြင်းအမှုကို ပြုကြ၏။ မြို့တွင်း၌ သူခိုးများ ဖောက်ထွင်းကြ၏။ မြို့ပြင်၌ ဓားပြများ လုယက်တိုက်ခိုက်ကြ၏။
အစ္စရေးအမျိုးအနွယ်တို့ လာရောက်ခစားရသူ၊ လူမျိုးတကာတို့တွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်သော ဇိအုန်မြို့တွင် ဇိမ်ခံနေသူ၊ ရှမာရိတောင်ပေါ်တွင် စိတ်အေးလက်အေးနေထိုင်သူတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။
ဣဇက်အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့လိမ့်မည်။ အစ္စရေးလူမျိုး၏သန့်ရှင်းရာဌာနတို့သည်လည်း တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ငါသည် ယေရောဗောင်အမျိုးကို ဓားဖြင့်တိုက်မည်”ဟု မိန့်တော်မူ၏။
‘အို ဒန်၊ သင်၏ဘုရားအသက်ရှင်သည့်အတိုင်း’ဟူ၍လည်းကောင်း၊ ‘ဗေရရှေဘကျင့်စဉ်တို့ ရှင်သန်နေသည့်အတိုင်း’ဟူ၍လည်းကောင်း ရှမာရိအပြစ်ကိုတိုင်တည်ကျိန်ဆိုတတ်သောသူတို့သည် နောက်တစ်ဖန် ပြန်မထနိုင်အောင် ကျဆုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။
အို လာခိရှမြို့သူ၊ မြင်းကို စစ်ရထား၌ ကလော့။ သင်သည် ဇိအုန်သမီးပျို အပြစ်ပြုရာအရင်းအမြစ်ဖြစ်၏။ အကြောင်းမူကား အစ္စရေးလူမျိုး ကျူးလွန်သောအပြစ်များကို သင်၌တွေ့ရ၏။