အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မာ​လ​ခိ 1:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“ငါ့​ယဇ်ပလ္လင်​ရှိ​ရာ​သို့​ဝင်​၍ မီး​ကို​အချည်းနှီး​မ​ထွန်း​ရ​အောင် တံခါး​ကို မည်သူ​ပိတ်​ပေး​မည်နည်း​။ ငါ​သည် သင်​တို့​ကို မ​နှစ်သက်​။ သင်​တို့​လက်​နှင့်​ပူဇော်​သော​ယဇ်​ကို ငါ​လက်​မ​ခံ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ ၏​ယဇ်​ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​မီး​များ ကို​သင်​တို့​မ​ထည့်​နိုင်​စေ​ရန် ဗိ​မာန်​တော် တံ​ခါး​များ​ကို​ပိတ်​ထား​မည့်​သူ​ရှိ​လျှင် အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငါ​သည် သင်​တို့​ကို​မ​နှစ်​သက်။ ငါ့​ထံ​သို့​သင်​တို့ ယူ​ဆောင်​လာ​သော​ပူ​ဇော်​သ​ကာ​ကို​လည်း လက်​မ​ခံ​လို။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပူ ဇော် ရာ ပ လ္လင် တော့် ပေါ် တွင်၊ အ ကျိုး မဲ့ သော မီး ရှို့ ခွင့် ကို၊ သင် တို့ မ ရ စေ ခြင်း ငှာ၊ တံ ခါး တော် များ ကို တစ် စုံ တစ် ယောက် ပိတ် ထား ပါ စေ သော။ သင် တို့ ကို ငါ မ နှစ် သက်။ အ လှူ ကို လည်း ငါ လက် မ ခံ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​တွင် အ​ဘယ်​သူ​သည် ငါ့​တံ​ခါး​တို့​ကို ပိတ်​လိမ့်​မည်​နည်း။ သင်​တို့​သည် ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို အ​ချည်း​နှီး​မ​ညှိ​ရ​ကြ။ သင်​တို့​ကို ငါ​အ​လို​မ​ရှိ၊ သင်​တို့​ပြု​သော ပူ​ဇော်​သ​ကာ​ကို ငါ​လက်​မ​ခံ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



မာ​လ​ခိ 1:10
21 ပူးပေါင်းရင်းမြစ်များ  

သို့သော် ယဇ်ပုရောဟိတ်​တို့​သည် ယဟောရှ​မင်းကြီး​နန်းစံ နှစ်ဆယ့်​သုံး​နှစ်​တိုင်အောင် အိမ်​တော်​အပျက်အစီး​များ​ကို မ​ပြုပြင်​ကြ​။


ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


ထာဝရဘုရား​က ဤ​လူမျိုး​အား “​သူ​တို့​သည် ဟိုဟိုသည်သည်​သွားလာ​ရ​သည်​ကို နှစ်သက်အားရ​ကြ​၏​။ ကိုယ့်​ခြေ​ကိုယ်​မ​ထိန်းချုပ်​ကြ​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို နှစ်သက်​တော်​မ​မူ​။ သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်​တော်မူ​မည်​။ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​အစာရှောင်​အော်ဟစ်​လျှင်လည်း ငါ​နားညောင်း​မည်​မ​ဟုတ်​။ မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​လျှင်လည်း ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သူ​တို့​ကို ငါ​ဖျက်ဆီး​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


“​အဘယ်ကြောင့်​ဆိုသော် အငယ်ဆုံး​မှစ၍ အကြီးဆုံး​တိုင်အောင် ထို​သူ​အပေါင်း​တို့​သည် မတရား​သော​အကျိုးစီးပွား​ကို တပ်မက်​ကြ​၏​။ ပရောဖက်​မှစ၍ ယဇ်ပုရောဟိတ်​အပေါင်း​တို့​သည်​လည်း မဟုတ်မမှန်​ပြုမူ​တတ်​ကြ​၏​။


ငါ့​ထံ သင်​တို့​ယူလာ​သော ရှေဘ​ပြည်​မှ​လော်ဗန်​၊ ဝေး​သော​ပြည်​မှ​မွှေးကြိုင်​သော​ခါနဲ​ကို ငါ​ဘာ​လုပ်​ရ​မည်နည်း​။ သင်​တို့​၏​မီးရှို့ရာယဇ်​ကို ငါ​လက်​မ​ခံ​။ သင်​တို့​၏​ပူဇော်သက္ကာ​ကို ငါ​မ​နှစ်သက်​”​ဟု မိန့်​တော်မူ​၏​။


သို့ဖြစ်၍ သူ​တို့​၏​မယား​များ​ကို အခြား​သူ​တို့​အား ငါ​ပေး​မည်​။ သူ​တို့​၏​လယ်ယာ​များ​ကို​လည်း အခြားသူ​တို့​ပိုင်ဆိုင်​စေ​မည်​။ အကြောင်းမူကား လူကြီး​လူငယ်​အားလုံး မတရား​သော​အကျိုးစီးပွား​ကို တပ်မက်​ကြ​၏​။ ပရောဖက်​နှင့် ယဇ်ပုရောဟိတ်​အားလုံး​သည်​လည်း မဟုတ်မမှန်​ပြုမူ​တတ်​ကြ​၏​။


ထာဝရဘုရား​သည် သူ​တို့​ကို စွန့်ခွာ​တော်မူ​ပြီ​ဖြစ်၍ သိုးအုပ်​၊ နွားအုပ်​တို့​ဖြင့် ထာဝရဘုရား​ကို သွား​၍​ရှာဖွေ​ကြ​သော်လည်း သူ​တို့ တွေ့​ကြ​ရ​မည်​မ​ဟုတ်​။


အကြီးအမှူး​တို့​သည် တံစိုးလက်ဆောင်​ရ​ရန် တရားစီရင်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း အဖိုးအခ​ရ​ရန် သွန်သင်​ကြ​၏​။ ပရောဖက်​တို့​သည်​လည်း ငွေ​ရ​ရန် ဂမ္ဘီရအတတ်​ဖြင့် ဟောပြော​ကြ​၏​။ ထာဝရဘုရား​ကို အမှီပြု​၍​လည်း “​ထာဝရဘုရား​သည် ငါ​တို့​အလယ်​တွင်​ရှိ​တော်မူ​သည် မ​ဟုတ်​လော​။ ငါ​တို့​အပေါ်​ဘေးအန္တရာယ်​ကျရောက်​မည်​မ​ဟုတ်​”​ဟု ဆို​တတ်​ကြ​၏​။


သင်​တို့​သည် နှာခေါင်းရှုံ့​လျက် ‘​ငြီးငွေ့ဖွယ်​ကောင်း​လှ​သည်​တကား​’​ဟု ဆို​ပြီး လုယူ​ထား​သော​အကောင်​၊ ခြေမသန်​သော​အကောင်​၊ နာ​နေ​သော​အကောင်​တို့​ကို ယူဆောင်​လာ​၍ ယဇ်ပူဇော်​ကြ​၏​။ ထိုသို့သော သင်​တို့​၏​ပူဇော်သက္ကာ​ကို ငါ​လက်ခံ​ရ​မည်လော​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ထိုသို့​ပြု​သော​သူ မည်သူမဆို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ထံ​တော်​သို့ ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​လျှင် ထာဝရဘုရား​သည် ထို​သူ​၏​မျိုးနွယ်​ကို ယာကုပ်​၏​တဲ​မှ နှင်ထုတ်​တော်မူ​ပါစေသော​။


သင်​တို့​ပြု​သော​အပြစ်​နောက်တစ်ခု​မှာ ထာဝရဘုရား​သည် သင်​တို့​ပေးလှူ​သော​ပူဇော်သက္ကာ​ကို လက်​မ​ခံ​၊ အရေး​မ​စိုက်​သောကြောင့် သင်​တို့​သည် ငိုကြွေး​မြည်တမ်း​လျက် ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို မျက်ရည်​ဖြင့် လွှမ်းမိုး​စေ​ကြ​၏​။


သိုးထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်ရှင်​လည်း​မ​ဟုတ်​သော လူငှား​မူကား ဝံပုလွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်ထား​၍ ထွက်ပြေး​တတ်​၏။ ထိုအခါ ဝံပုလွေ​သည် သိုး​တို့​ကို​လုယူ​ဖမ်းဆွဲ​၍ တစ်ကွဲတစ်ပြား​ဖြစ်​စေ​၏။


ဗိမာန်​တော်​အမှုကိစ္စ​များ​ကို ဆောင်ရွက်​သော​သူ​တို့​သည် ဗိမာန်​တော်​မှ​ရရှိ​သော​အရာ​များ​ကို စား​သောက်​ကြ​၍ ယဇ်ပလ္လင်​၌​အမှုထမ်း​သော​သူ​တို့​သည် ယဇ်ပလ္လင်​နှင့်ဆိုင်သော​ပူဇော်သက္ကာ​များ​ကို မျှဝေ​ခံစား​ခွင့်​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။


လူ​အပေါင်း​တို့​သည် ယေရှု​ခရစ်တော်​၏​အကျိုး​ကို​မ​ရှာ ကိုယ်​ကျိုး​ကို​သာ​ရှာ​ကြ​၏။


ငါ​၏​ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့်​အသက်ရှင်​မည်။ သူ​သည် တွန့်ဆုတ်​လျှင် ငါ​၏​စိတ်​ဝိညာဉ်​သည် သူ့​ကို​နှစ်သက်​မည်​မ​ဟုတ်”​ဟူ၍ ဖော်ပြ​ထား​၏။


သင်​တို့​၌​ရှိ​သည့် ဘုရားသခင်​၏​သိုးစု​ကို အုပ်ထိန်း​ကြ​လော့။ မလုပ်မဖြစ်​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​အလို​တော်​နှင့်အညီ စေတနာ​စိတ်​ဖြင့်​လည်းကောင်း၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ စိတ်အား​ထက်သန်​စွာ​ဖြင့်​လည်းကောင်း ကြည့်ရှု​အုပ်ထိန်း​ကြ​လော့။