အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 9:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ထို​နှစ်၊ ထို​လ၊ ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​အတွက် ပြင်ဆင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​သည် လူသား​သုံးပုံတစ်ပုံ​ကို​သတ်ဖြတ်​ရန် ဖြေလွှတ်​ခြင်း​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည်​အ​နှောင် အ​ဖွဲ့​မှ​လွတ်​မြောက်​၍​သွား​ကြ​၏။ သူ​တို့​သည် ဤ​မည်​သော​နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​နာ​ရီ​၌​ကမ္ဘာ ၏​လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​ကို​သုတ်​သင်​ပစ်​ရန် အ​တွက်​အ​သင့်​ရှိ​နေ​သူ​များ​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ခါ လူ​သုံး​စု​တစ်​စု​ကို အ​သေ​သတ်​ခြင်း​ငှာ တစ်​နာ​ရီ၊ တစ်​ရက်၊ တစ်​လ၊ တစ်​နှစ်​အ​ဖို့ ပြင်​ဆင်​သော ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​ကို လွှတ်​လေ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​နှစ် ထို​လ၊ ထို​နေ့ရက်၊ ထို​အချိန် အသီးသီး​အတွက် အဆင်သင့်​ဖြစ်နေသော ထို​ကောင်းကင်တမန်​လေးပါး​သည် လူ​သုံးပုံ​တစ်ပုံ​ကို သတ်​ရန် စေလွှတ်​ခံကြရ၏။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 9:15
9 ပူးပေါင်းရင်းမြစ်များ  

ထို​အနှစ်​တစ်ထောင်​ကုန်ဆုံး​သောအခါ စာတန်​သည် သူ​ချုပ်နှောင်​ခံရ​ရာ​အကျဉ်းထောင်​မှ လွှတ်​ပေး​ခြင်း​ခံရ​၍


တတိယ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ မီးရှူး​သဖွယ်​တောက်လောင်​နေ​သော ကြယ်​ကြီး​တစ်​လုံး​သည် ကောင်းကင်​မှ​ကြွေကျ​၍ မြစ်​များ​၏​သုံးပုံတစ်ပုံ​အပေါ်​နှင့် စမ်းရေ​တွင်း​များ​အပေါ်သို့ ကျ​လေ​၏။


ပထမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ သွေး​နှင့်​ရောနှော​သော မိုးသီး​နှင့်​မီး​တို့​ဖြစ်ပေါ်​လာ​၍ မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​၏။ ထိုအခါ မြေကြီး​၏​သုံးပုံတစ်ပုံ​သည် လောင်ကျွမ်း​၍ သစ်ပင်​များ​၏​သုံးပုံတစ်ပုံ​နှင့် စိမ်းလန်း​သော​မြက်​ပင်​ရှိသမျှ​တို့​သည်​လည်း လောင်ကျွမ်း​သွား​၏။


ဒုတိယ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ မီး​တောက်လောင်​နေ​သည့် ကြီးမား​သော​တောင်​ကဲ့သို့သော​အရာ​သည် ပင်လယ်​ထဲသို့​ပစ်ချ​ခြင်း​ခံရ​၏။ ထိုအခါ ပင်လယ်​သုံးပုံတစ်ပုံ​သည် သွေး​ဖြစ်​သွား​သဖြင့်


ပင်လယ်​၌​ရှိ​သော သက်ရှိ​သတ္တဝါ​သုံးပုံတစ်ပုံ​သည် သေ​ကြ​၏။ သင်္ဘော​များ​သုံးပုံတစ်ပုံ​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။


သူ​တို့​တွင် ကင်းမြီးကောက်​ကဲ့သို့ ဆူး​ပါ​သော​အမြီး​ရှိ​၍ ထို​အမြီး​၌ လူ​တို့​ကို ငါး​လ​တိုင်တိုင်​ဘေးသင့်​စေ​နိုင်​သော​အစွမ်း​ရှိ​၏။


သူ​တို့​၏​ခံတွင်း​ထဲမှ​ထွက်​သည့် မီးလျှံ၊ မီးခိုး​နှင့် ကန့်​တည်းဟူသော ဤ​ဘေးဒဏ်​သုံး​ပါး​တို့​ကြောင့် လူသား​သုံးပုံတစ်ပုံ​သေ​ကြ​၏။


ထို့ပြင် လူ​တို့​ကို​အသေ​မ​သတ်​ဘဲ ငါး​လ​ပတ်လုံး​ညှဉ်းဆဲ​သော​အခွင့်​ကို​ပေး​ထား​၏။ လူ​တို့​ခံရ​သည့်​ဝေဒနာ​သည် လူ​ကို ကင်းမြီးကောက်​ထိုး​သောအခါ ခံရ​သည့်​ဝေဒနာ​မျိုး​နှင့်​တူ​၏။