Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 9:15 - Common Language Bible

15 ထို​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည်​အ​နှောင် အ​ဖွဲ့​မှ​လွတ်​မြောက်​၍​သွား​ကြ​၏။ သူ​တို့​သည် ဤ​မည်​သော​နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​နာ​ရီ​၌​ကမ္ဘာ ၏​လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​ကို​သုတ်​သင်​ပစ်​ရန် အ​တွက်​အ​သင့်​ရှိ​နေ​သူ​များ​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​အ​ခါ လူ​သုံး​စု​တစ်​စု​ကို အ​သေ​သတ်​ခြင်း​ငှာ တစ်​နာ​ရီ၊ တစ်​ရက်၊ တစ်​လ၊ တစ်​နှစ်​အ​ဖို့ ပြင်​ဆင်​သော ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​ကို လွှတ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထိုအခါ ထို​နှစ်၊ ထို​လ၊ ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​အတွက် ပြင်ဆင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​သည် လူသား​သုံးပုံတစ်ပုံ​ကို​သတ်ဖြတ်​ရန် ဖြေလွှတ်​ခြင်း​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထို​နှစ် ထို​လ၊ ထို​နေ့ရက်၊ ထို​အချိန် အသီးသီး​အတွက် အဆင်သင့်​ဖြစ်နေသော ထို​ကောင်းကင်တမန်​လေးပါး​သည် လူ​သုံးပုံ​တစ်ပုံ​ကို သတ်​ရန် စေလွှတ်​ခံကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 9:15
9 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​အ​နှစ်​တစ်​ထောင်​ကုန်​လွန်​သော​အ​ခါ စာ​တန်​သည်​အ​ကျဉ်း​ကျ​ရာ​မှ​လွတ်​ပြီး​လျှင်၊-


တ​တိ​ယ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​သော​အ​ခါ ကြယ်​ကြီး​တစ်​လုံး​သည်​မီး လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​ကဲ့​သို့ ကောင်း​ကင် မှ​မြစ်​များ​သုံး​ပုံ​တစ်​ပုံ​နှင့်​စမ်း​ပေါက်​များ အ​ပေါ်​သို့​ကျ​လေ​၏။-


ပ​ထ​မ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​ကို မှုတ်​လိုက်​သော​အ​ခါ​သွေး​နှင့်​ရော​နှော​နေ သော​မီး​နှင့်​မိုး​သီး​တို့​သည်​မြေ​ပေါ်​သို့ ကျ​ကုန်​၏။ ကမ္ဘာ​မြေ​ကြီး​၏​သုံး​ပုံ​တစ်​ပုံ၊ သုံး​ပုံ​တစ်​ပုံ​သော​သစ်​ပင်၊ စိမ်း​စို​သော​မြက် ရှိ​သ​မျှ​တို့​သည်​လောင်​ကျွမ်း​လေ​၏။


ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ မီး​လျှံ​ထ​နေ​သော တောင်​ကြီး​ခန့်​ကြီး​မား​သော​မီး​လုံး​ကြီး ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​သ​ကဲ့​သို့ ဖြစ်​ပြီး​လျှင် ပင်​လယ်​ရေ​သုံး​ပုံ​တစ်​ပုံ သည်​သွေး​အ​တိ​ဖြစ်​လေ​၏။-


ပင်​လယ်​သတ္တဝါ​သုံး​ပုံ​တစ်​ပုံ​တို့​သည်​သေ ကြ​၏။ သုံး​ပုံ​တစ်​ပုံ​မျှ​သော​င်္သဘော​တို့ သည်​လည်း​ပျက်​စီး​သွား​ကြ​၏။


သူ​တို့​၏​အ​မြီး​သည်​ကင်း​မြီး​ကောက်​၏​အ​မြီး နှင့်​တူ​၍​ဆူး​ရှိ​၏။ သူ​တို့​အ​မြီး​တွင်​လူ​တို့​အား ငါး​လ​တိုင်​တိုင်​ဘေး​ဥ​ပဒ်​ရောက်​စေ​နိုင်​သော တန်​ခိုး​ရှိ​၏။


ယင်း​သို့​ခံ​တွင်း​မှ​ထွက်​သည့်​မီး​လျှံ၊ မီး​ခိုး၊ ကန့်​တည်း​ဟူ​သော​ဘေး​သုံး​ပါး​ကြောင့်​ကမ္ဘာ လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​သေ​ကြ​ကုန်​၏။-


ထို​သူ​တို့​အား​အ​သေ​သတ်​ပိုင်​ခွင့်​မ​ရှိ။ ငါး​လ​မျှ သာ​လျှင်​ညှဉ်း​ဆဲ​ပိုင်​ခွင့်​ရှိ​၏။ ကျိုင်း​ကောင်​အ​ကိုက် ခံ​ရ​သူ​တို့​သည်​ကင်း​မြီး​ကောက်​အ​ကိုက်​ခံ​ရ သ​ကဲ့​သို့​နာ​ကျင်​စွာ​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့် မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ