Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာ​ဒိတ် 9:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထို​နှစ် ထို​လ၊ ထို​နေ့ရက်၊ ထို​အချိန် အသီးသီး​အတွက် အဆင်သင့်​ဖြစ်နေသော ထို​ကောင်းကင်တမန်​လေးပါး​သည် လူ​သုံးပုံ​တစ်ပုံ​ကို သတ်​ရန် စေလွှတ်​ခံကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ထို​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည်​အ​နှောင် အ​ဖွဲ့​မှ​လွတ်​မြောက်​၍​သွား​ကြ​၏။ သူ​တို့​သည် ဤ​မည်​သော​နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​နာ​ရီ​၌​ကမ္ဘာ ၏​လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​ကို​သုတ်​သင်​ပစ်​ရန် အ​တွက်​အ​သင့်​ရှိ​နေ​သူ​များ​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​အ​ခါ လူ​သုံး​စု​တစ်​စု​ကို အ​သေ​သတ်​ခြင်း​ငှာ တစ်​နာ​ရီ၊ တစ်​ရက်၊ တစ်​လ၊ တစ်​နှစ်​အ​ဖို့ ပြင်​ဆင်​သော ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​ကို လွှတ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထိုအခါ ထို​နှစ်၊ ထို​လ၊ ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​အတွက် ပြင်ဆင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​သည် လူသား​သုံးပုံတစ်ပုံ​ကို​သတ်ဖြတ်​ရန် ဖြေလွှတ်​ခြင်း​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 9:15
9 ပူးပေါင်းရင်းမြစ်များ  

မြင်းတို့​၏​ပါးစပ်​မှ ထွက်လာသည့် ဤ​ဘေးဒဏ်​သုံးမျိုး​ကြောင့် လူ​သုံးပုံ​တစ်ပုံ သေဆုံးကြ၏။


ပထမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ သွေး​နှင့်​ရောသော မိုးသီး​နှင့်​မီး​တို့​သည် ကမ္ဘာမြေ​ပေါ်သို့​ကျလေ၏။ ကမ္ဘာမြေ​၏​သုံးပုံ​တစ်ပုံ၊ သစ်ပင်​သုံးပုံ​တစ်ပုံ​နှင့် စိမ်းစိုသော​မြက်ပင်​ရှိသမျှတို့​သည် လောင်ကျွမ်းကုန်၏။


ပင်လယ်​၌​ရှိသော သက်ရှိ​သတ္တဝါ​သုံးပုံ​တစ်ပုံ​သေ​၍ သင်္ဘော​သုံးပုံ​တစ်ပုံ​သည်လည်း ပျက်စီးသွား၏။


သူတို့​တွင် ကင်းမြီးကောက်​ကဲ့သို့ အဆိပ်​ရှိသော​အမြီးများ​ပါ​၍ သူတို့​၏ အမြီး​သည် လူတို့​ကို ငါးလ​ပတ်လုံး ညှဉ်းဆဲ​နိုင်သည့်​အစွမ်း​ရှိ၏။


ထို​လူတို့​ကို အသေ​မသတ်ဘဲ ငါးလ​ပတ်လုံး ညှဉ်းဆဲ​ရန် ခွင့်ပြုထား၏။ ကျိုင်းကောင်​၏ ညှဉ်းဆဲမှု​ကြောင့် လူတို့​ခံရသည့်​ဝေဒနာ​သည် ကင်းမြီးကောက်​ကိုက်ခံရသည့် ဝေဒနာ​ကဲ့သို့​ဖြစ်၏။


ဒုတိယ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ မီးလောင်နေသည့်​တောင်ကြီး​ကဲ့သို့သော​အရာ​သည် ပင်လယ်​ထဲသို့ ပစ်ချခြင်း​ခံရ၏။ ပင်လယ်ရေ​သုံးပုံ​တစ်ပုံ​သည် သွေး​အဖြစ်​သို့ ပြောင်းလဲသွား၏။


တတိယ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ မီးတုတ်​ကဲ့သို့ တောက်လောင်နေသော ကြယ်ကြီး​တစ်လုံး​သည် ကောင်းကင်​မှ ကြွေကျ​၍ မြစ်​သုံးပုံ​တစ်ပုံ​နှင့် စမ်းရေတွင်းများ​ပေါ်သို့ ကျလေ၏။


အနှစ်​တစ်ထောင် ကုန်ဆုံး​သောအခါ စာတန်​သည် ထောင်​မှ လွတ်မြောက်ခွင့်​ရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ