ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
ဗျာဒိတ် 20:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကမ္ဘာမြေကြီး၏ကျယ်ပြန့်သောအရပ်သို့ချီတက်လာ၍ သန့်ရှင်းသူတို့၏စခန်းနှင့် ချစ်တော်မူသောမြို့ကို ဝိုင်းကြ၏။ ထိုအခါ ကောင်းကင်မှ မီးကျလာ၍ သူတို့ကိုလောင်ကျွမ်းလေ၏။ Common Language Bible သူတို့သည်ကမ္ဘာအနှံ့အပြားသို့ချီတက်လာ ပြီးလျှင် ဘုရားသခင်၏တပ်စခန်းနှင့်ကိုယ်တော် နှစ်သက်မြတ်နိုးတော်မူသောမြို့ကြီးကိုဝိုင်း ကြ၏။ သို့ရာတွင်ကောင်းကင်မှမီးကျသဖြင့် သူတို့သည်ကျွမ်းလောင်ဖျက်ဆီးခြင်းခံရ ကြ၏။- Garrad Bible ထို လူ မျိုး တို့ သည် မြေ ကြီး တစ် လျှောက် ချီ လာ ပြီး လျှင် သီး သန့် ထား သူ တို့ တပ် စွဲ ရာ ချစ် ဖွယ် သော မြို့ တော် ကို ဝန်း ဝိုင်း စဉ် ကောင်း ကင် မှ ကျ သော လောင် မီး ဖြင့် ကျွမ်း ကြ ရ မည့် ပြင် လှည့် ဖြား သော မာ နတ် လည်း၊ Judson Bible ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏ တပ်ကိုလည်းကောင်း၊ ချစ်ဖွယ်သော မြို့တော်ကိုလည်းကောင်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကိုမျိုလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ကမ္ဘာမြေတစ်ခွင်လုံးသို့ ချီတက်လာကြပြီး သန့်ရှင်းသူတို့၏ စခန်းနှင့် ဘုရားသခင်ချစ်တော်မူသောမြို့ကို ဝိုင်းထားကြ၏။ ထိုအခါ ကောင်းကင်ဘုံမှ မီးကျလာ၍ သူတို့ကို လောင်ကျွမ်း၏။ |
ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
ဘုရားသခင့်လူ၏ငယ်သားတစ်ယောက်က စောစောထ၍အပြင်ထွက်ကြည့်သောအခါ စစ်သည်နှင့် မြင်းများ၊ ရထားများ မြို့ကိုဝိုင်းရံထားသည်ကို တွေ့သဖြင့် ထိုငယ်သားက သူ့သခင်အား “အို အကျွန်ုပ်၏သခင်၊ အကျွန်ုပ်တို့ မည်သို့ပြုရပါမည်နည်း”ဟု မေးလျှောက်၏။
မြေမျက်နှာပြင်အကျယ်အဝန်းကို သင်သိသလော။ ဤအရာအားလုံးကို သင်သိလျှင် ပြောပြပါ။
မီးသည်လည်း သူတို့၏အပေါင်းပါထဲတွင် တောက်လောင်၍ မီးလျှံသည် ဆိုးယုတ်သောသူတို့ကို လောင်ကျွမ်းခဲ့၏။
ထာဝရဘုရားသည် ယာကုပ်အမျိုးနေထိုင်ရာ အရပ်အားလုံးတို့ထက် ဇိအုန်၏မြို့တံခါးတို့ကို ပို၍နှစ်သက်တော်မူ၏။
မီးသည် ကိုယ်တော်၏ရှေ့မှသွား၍ ကိုယ်တော်၏ရန်သူတို့ကို လှည့်ပတ်လောင်ကျွမ်း၏။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ငါသည် သူ့ကို ကပ်ရောဂါဘေး၊ သေဘေးဖြင့် စီရင်မည်။ သူနှင့်သူ့စစ်သည်များအပါအဝင် သူ၌ပါလာသောလူအမြောက်အမြားတို့အပေါ် ရေလွှမ်းမိုးစေမည်၊ မိုးသီးနှင့်တကွ မီးနှင့်ကန့် ရွာကျစေမည်။
သင်နှင့်သင်၏စစ်သည်အပေါင်းမှစ၍ သင်နှင့်အတူရှိသောလူအုပ်ကြီးသည် လေပြင်းမုန်တိုင်းကဲ့သို့ ချီတက်လာပြီး မိုးတိမ်ကဲ့သို့ ထိုပြည်ကို ဖုံးအုပ်လိမ့်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘စိတ်အေးလက်အေးနေနေသော မာဂေါဂပြည်နှင့် ကမ်းရိုးတန်းဒေသတို့တွင် မီးကျစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ထိုးဖောက်သွားမည့်သူသည် သူတို့ရှေ့မှကြွမည်။ သူတို့လည်း မြို့တံခါးကိုဖြိုဖျက်ပြီး ထိုတံခါးမှ ဖြတ်သွားကြမည်။ သူတို့၏ရှင်ဘုရင်သည် သူတို့ရှေ့မှကြွမည်။ ထာဝရဘုရားသည် သူတို့ကိုဦးဆောင်တော်မူမည်။”
ကြည့်ရှုလော့။ ရက်စက်ကြမ်းကြုတ်၍ စိတ်လိုက်မာန်ပါလုပ်တတ်သောခါလဒဲလူမျိုးတို့ကို ငါထကြွစေမည်။ သူတို့သည် သူတို့ပိုင်နက်မဟုတ်သောမြေတစ်ပြင်လုံးသို့ စစ်ချီ၍ သိမ်းပိုက်လိမ့်မည်။
လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့်
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသွားသောနေ့၌ပင် မိုးကောင်းကင်မှ ကန့်နှင့်မီးရွာသွန်း၍ သူတို့အားလုံးကိုဖျက်ဆီးလေ၏။
အကြောင်းမူကား သင်၏ရန်သူတို့သည် ကတုတ်တည်၍ သင့်ကိုဝိုင်းရံလျက် အဘက်ဘက်မှ သင့်ကိုပိတ်ဆို့ထားကာ
ဂျေရုဆလင်မြို့အား စစ်မက်ဗိုလ်ခြေတို့ဝိုင်းရံကြသည်ကိုသင်တို့တွေ့မြင်ကြသောအခါ ထိုမြို့၏ပျက်စီးဆိတ်သုဉ်းခြင်းနီးကပ်လာပြီဖြစ်ကြောင်း သိမှတ်ကြလော့။
တပည့်တော်ယာကုပ်နှင့်ယောဟန်တို့သည် ထိုအဖြစ်ကိုမြင်လျှင် “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မိုးကောင်းကင်မှ မီးကျလာစေ၍ သူတို့ကိုလောင်ကျွမ်းစေရန် ကိုယ်တော်အလိုရှိပါသလော”ဟု မေးလျှောက်ကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကယ်နုတ်ရန်၊ သင်၏ရန်သူတို့ကို သင့်လက်သို့အပ်ရန် သင်၏တပ်စခန်းထဲ၌ သွားလာတော်မူသည်ဖြစ်၍ သင်၏တပ်စခန်းသည် သန့်ရှင်းရမည်။ သို့မဟုတ်လျှင် ကိုယ်တော်သည် သင့်ထဲ၌ ညစ်ညူးသောအရာကိုတွေ့မြင်တော်မူသဖြင့် သင့်ထံမှ လွှဲရှောင်တော်မူလိမ့်မည်။
ထိုအခါ ကိုယ်တော်သည် ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့သခင်ယေရှု၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့အား တရားသဖြင့်စီရင်တော်မူလိမ့်မည်။
သို့ဖြစ်၍ ငါတို့သည် ကိုယ်တော်ခံခဲ့သောကဲ့ရဲ့ပြစ်တင်ခြင်းကိုဆောင်ယူပြီး စခန်းအပြင်သို့ထွက်၍ ကိုယ်တော်ထံသို့ သွားကြကုန်စို့။
တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက သူတို့၏ခံတွင်းထဲမှ မီးထွက်လာ၍ သူတို့၏ရန်သူများကို လောင်ကျွမ်းစေမည်ဖြစ်၏။ တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက ထိုသူသည် ထိုနည်းအတိုင်းအသေသတ်ခြင်းခံရမည်ဖြစ်၏။
ထိုမှတစ်ပါး ကြီးမားသောနိမိတ်လက္ခဏာများကိုပြုလျက် လူတို့ရှေ့တွင် ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကိုပင် ကျလာစေ၏။