ထိုအခါ ရှင်ဘုရင်က ဟာမန်အား “သင်ဆိုသည့်အတိုင်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ယခုချက်ချင်းသွားယူ၍ ဘုရင့်နန်းတော်တံခါး၌ထိုင်နေသောဂျူးလူမျိုးမော်ဒကဲအား ပြုလော့။ သင်ပြောခဲ့သမျှ တစ်ခုမျှ မကျန်စေနှင့်”ဟု မိန့်ဆို၏။
ဗျာဒိတ် 18:7 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။ Common Language Bible သူသည်မိမိကိုယ်ကိုချီးမြှောက်၍ကာမဂုဏ် စည်းစိမ်ခံစားသည်နှင့်အမျှ သူ့အားဝမ်းနည်းကြေကွဲဆင်းရဲ ဒုက္ခရောက်စေကြလော့။ အဘယ်ကြောင့်ဆိုသော်သူက``ငါသည် မိဖုရားဖြစ်၏။ မုဆိုးမမဟုတ်။ ငါသည်အဘယ်အခါ၌မျှဝမ်းနည်းကြေကွဲ ရလိမ့်မည်မဟုတ်'' ဟု မိမိကိုယ်ကိုပြောဆိုနေတတ်သောကြောင့်ဖြစ်၏။ Garrad Bible ကိုယ် ကို ဂုဏ် တင်၍ ပျော် ပါး ခဲ့ သည် နှင့် အ မျှ ညှင်း ဆဲ မြည် တမ်း ခြင်း များ ကို ဆပ် ပေး ကြ လော့။ ငါ ကား မု ဆိုး မ မ ဟုတ်။ ဘု ရင် မ အ ဖြစ် စံ နေ၏။ မြည် တမ်း ခြင်း ကို ခံ စား ရ တော့ မည် မ ဟုတ် ဟု စိတ် တွင် အောက် မေ့ သော ကြောင့်၊ Judson Bible သူသည် ကိုယ်ကို ချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ ပြင်းစွာသောဆုံးမခြင်း၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် မိမိကိုယ်ကိုယ် ချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အညီ သူ့ကို ညှဉ်းဆဲ၍ ဝမ်းနည်းပူဆွေးစေကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားကဲ့သို့ အုပ်စိုး၏။ ငါသည် မုဆိုးမ မဟုတ်။ ငါသည် မည်သည့်အခါမျှ ဝမ်းနည်းပူဆွေးရမည် မဟုတ်’ ဟု မိမိစိတ်ထဲ၌ ပြောဆိုသောကြောင့်ဖြစ်၏။ |
ထိုအခါ ရှင်ဘုရင်က ဟာမန်အား “သင်ဆိုသည့်အတိုင်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ယခုချက်ချင်းသွားယူ၍ ဘုရင့်နန်းတော်တံခါး၌ထိုင်နေသောဂျူးလူမျိုးမော်ဒကဲအား ပြုလော့။ သင်ပြောခဲ့သမျှ တစ်ခုမျှ မကျန်စေနှင့်”ဟု မိန့်ဆို၏။
သူ၏စိတ်နှလုံးထဲ၌ “ငါသည် တုန်လှုပ်မည်မဟုတ်။ မျိုးဆက်အစဉ်အဆက် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်မဟုတ်”ဟု ဆိုတတ်၏။
ကိုယ်တော်၏မြင့်မြတ်သောအမျိုးသမီးများထဲတွင် ရှင်ဘုရင်တို့၏သမီးတော်များပါဝင်ကြပါ၏။ မိဖုရားသည် ဩဖိရရွှေ ဆင်မြန်းလျက် ကိုယ်တော်၏လက်ယာဘက်တွင် ရပ်နေပါ၏။
ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
လူစည်ကားခဲ့သောမြို့ကြီး အထီးကျန်နေပါပြီတကား။ တိုင်းနိုင်ငံတို့၏ အထွတ်ရောက်ခဲ့ဖူးသောမြို့ကြီး မုဆိုးမဘဝသို့ရောက်ရပါပြီတကား။ ပြည်တကာတို့၏ဘုရင်မကြီး အစေခံဘဝသို့ရောက်ရပါပြီတကား။
သင်သည် ထိုခွက်ကို တစ်စက်မကျန်သောက်ပြီး အစိတ်စိတ်အမွှာမွှာခွဲပစ်မည်။ ထိုခွက်အပိုင်းအစဖြင့်လည်း သင့်သားမြတ်ကို လှီးဖြတ်လိမ့်မည်။ ထိုသို့ ငါမိန့်ဆိုပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ကျောက်ဆောင်များကြား မြင့်မားသောနေရာ၌နေ၍ ‘မည်သူသည် ငါ့ကို မြေကြီးပေါ်ဆွဲချနိုင်မည်နည်း’ဟု သင်တွေး၏။ သင့်မာနက သင့်ကိုလှည့်စားလေပြီ။
ထိုမြို့သည် အပျော်အပါးများနှင့်စည်ကားသောမြို့ ဖြစ်၏။ မြို့သားတို့သည် စိတ်အေးလက်အေးနေတတ်သောသူများ၊ မိမိကိုယ်ကို “ငါမှတစ်ပါး အခြားသူမရှိ”ဟု ထင်တတ်သောသူများ ဖြစ်၏။ ယခုမှာ လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်တို့ လဲလျောင်းနားနေရာ၊ ဖြတ်သန်းသွားလာသောသူအပေါင်းတို့ လက်ဖျားခါ၍ကဲ့ရဲ့ရာ ဖြစ်လေပြီ။
ငယ်ရွယ်သောမုဆိုးမတို့ကိုမူ စာရင်းမသွင်းနှင့်။ အကြောင်းမူကား သူတို့သည် ခရစ်တော်ကို ဥပေက္ခာပြုလျက် ကာမဂုဏ်လိုက်စားလိုသောအခါ အိမ်ထောင်ပြုလိုသောဆန္ဒရှိလာသဖြင့်
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။
သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး စည်းစိမ်ခံစားခဲ့ကြသော ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူ့ကိုလောင်ကျွမ်းသည့်မီးခိုးကို မြင်ကြသောအခါ သူ့အတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးကြလိမ့်မည်။