ဗျာဒိတ် 13:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူသည် မိမိနှုတ်ကိုဖွင့်၍ ဘုရားသခင်ကိုစော်ကားသောစကားများပြောဆိုလျက် ကိုယ်တော်၏နာမတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တဲတော်ကိုလည်းကောင်း၊ ကောင်းကင်၌စံမြန်းသောသူတို့ကိုလည်းကောင်း စော်ကားပြောဆိုလေ၏။ Common Language Bible သူသည်ဘုရားသခင်နှင့်ကိုယ်တော်၏နာမ တော်ကိုလည်းကောင်း၊ ကိုယ်တော်ကျိန်းဝပ်တော် မူရာကိုလည်းကောင်း၊ ကောင်းကင်ဘုံတွင်စံစား သူတို့ကိုလည်းကောင်းပြစ်မှားပြောဆိုရန် မိမိ၏နှုတ်ကိုဖွင့်လေ၏။- Garrad Bible ဘု ရား သ ခင် မှ စ၍ နာ မ တော် နှင့် ကောင်း ကင် ဘုံ တွင် စံ စား သူ တို့ တည်း ဟူ သော စံ ရာ တော် ကို ပုတ် ခတ် ရန် နှုတ် ဖွင့်၏။ Judson Bible ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကိုလည်းကောင်း၊ ကောင်းကင်သားတို့ကိုလည်းကောင်း၊ ပြစ်မှားခြင်းငှာ နှုတ်ကိုဖွင့်ထား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ဘုရားသခင်၏ နာမတော်ကိုလည်းကောင်း၊ စံမြန်းရာတဲတော်ဖြစ်သည့် ကောင်းကင်ဘုံ၌စံမြန်းသောသူတို့ကိုလည်းကောင်း ရှုတ်ချလျက် ကိုယ်တော်အား အသရေဖျက်ပြောဆိုလေ၏။ |
သူတို့၏နှုတ်သည် ကောင်းကင်နှင့်ဆန့်ကျင်ဘက်ပြု၍ သူတို့၏လျှာသည်လည်း ကမ္ဘာမြေကြီးကို လှည့်လည်တတ်၏။
ထိုဘုရင်သည် မိမိအလိုအတိုင်း ပြုမူလိမ့်မည်။ ဘုရားတကာတို့ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်မြှောက်စားလိမ့်မည်။ ဘုရားတကာတို့၏ဘုရားကို ရင့်သီးကြမ်းကြုတ်သောစကားတို့ဖြင့် ဆန့်ကျင်ပြောဆိုလိမ့်မည်။ အမျက်တော်ကာလ ပြီးဆုံးသည်အထိ သူသည် အောင်မြင်မှုရလိမ့်မည်။ စီရင်ထားသောအရာသည် ဧကန်ဖြစ်လာလိမ့်မည်။
ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။
ထိုချိုများအကြောင်းကို စဉ်းစားလျက်နေစဉ် အခြားချိုငယ်တစ်ချောင်းသည် ထိုချိုများကြားမှ ပေါက်လာ၏။ ထိုချိုများထဲမှ သုံးချောင်းသည် သူ့ရှေ့တွင်ပင် အမြစ်ပါမကျန်နုတ်ပစ်ခြင်းခံရ၏။ ချိုငယ်တွင် လူမျက်စိနှင့်တူသော မျက်စိရှိ၏။ ဝါကြွားပြောဆိုတတ်သောနှုတ်လည်း ရှိ၏။
မြွေဆိုးအမျိုးတို့၊ သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက် ကောင်းသောအရာကို မည်သို့ပြောဆိုနိုင်မည်နည်း။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။
အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်ကြ၏။ သူတို့သည် မိမိတို့လျှာဖြင့် လိမ်လည်ပြောဆိုတတ်ကြ၏။ သူတို့၏နှုတ်ခမ်းအောက်၌ မြွေဆိုး၏အဆိပ်အတောက်ရှိ၏။
အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကိန်းဝပ်စေရန်လည်းကောင်း၊
အဘယ်ကြောင့်ဆိုသော် ဘုရားဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။
အကြောင်းမူကား တဲတော်ကိုပြင်ဆင်ရာတွင် သန့်ရှင်းရာဌာနဟုခေါ်သော ပထမအခန်းထဲ၌ ဆီမီးခုံ၊ စားပွဲနှင့် ရှေ့တော်မုန့်တို့ကိုထားရှိကြ၏။
အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပုံတူမျှသာဖြစ်သည့် လူ့လက်ဖြင့်တည်ဆောက်သောသန့်ရှင်းရာဌာနထဲသို့မဝင်ဘဲ ငါတို့ကိုယ်စား ယခု ဘုရားသခင်၏ရှေ့တော်၌ထင်ရှားတော်မူရန် ကောင်းကင်ထဲသို့ဝင်တော်မူ၏။
ထိုအခါ ကောင်းကင်မှကြီးသောအသံက “ဤအရပ်သို့တက်လာခဲ့ကြလော့”ဟု ထိုသူနှစ်ဦးတို့အားဆိုသည်ကို ကြားလျှင် သူတို့သည် မိုးတိမ်ဖြင့် ကောင်းကင်သို့တက်သွားကြ၏။ သူတို့၏ရန်သူများသည်လည်း သူတို့ကိုကြည့်နေကြ၏။
သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌စံမြန်းသောသူတို့၊ ပျော်ရွှင်ကြလော့။ မြေကြီးနှင့်ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် သူ၏အချိန်အနည်းငယ်သာရှိကြောင်းကိုသိလျက် ပြင်းစွာသောဒေါသဖြင့် သင်တို့ထံသို့ဆင်းလာပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ရှိသောသက်သေခံချက်တဲတော်တည်ရာဗိမာန်တော်သည် ဖွင့်ထားလျက်ရှိ၍
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ထို့နောက် ပလ္လင်တော်မှကျယ်လောင်သောအသံက “ကြည့်ရှုလော့။ ဘုရားသခင်စံရာတဲတော်သည် လူတို့တွင်ရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူစံမြန်းတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ဖွင့်ထားသည့်တံခါးတစ်ခုရှိ၏။ ထိုအခါ ပထမဦးစွာ ငါ့အားမိန့်တော်မူသည်ကို ငါကြားရသည့်တံပိုးခရာသံကဲ့သို့သောအသံက“ဤအရပ်သို့တက်လာလော့။ ဤအဖြစ်အပျက်များနောက်တွင် ဖြစ်ပျက်ရမည့်အရာတို့ကို သင့်အား ငါပြမည်”ဟု ဆို၏။
ပလ္လင်တော်၏ပတ်ဝန်းကျင်၌ကား အခြားသောပလ္လင်နှစ်ဆယ့်လေးခုရှိ၍ ထိုပလ္လင်များပေါ်တွင် ဖြူသောဝတ်ရုံကိုဝတ်ဆင်လျက် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းထားသည့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ထိုင်နေကြ၏။
ထို့ပြင် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်နှင့်ပင်လယ်ထဲ၌လည်းကောင်း ရှိကြသော သတ္တဝါအပေါင်းတို့နှင့် ခပ်သိမ်းသောအရာတို့က “ကောင်းချီးမင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် တန်ခိုးအရှိန်အဝါတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော”ဟု ကြွေးကြော်ကြသည်ကို ငါကြားရ၏။
ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့၌နေ၍ ကိုယ်တော်၏ဗိမာန်တော်တွင် နေ့ရောညပါ ကိုယ်တော်ကိုဝတ်ပြုရကြ၏။ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်သည်လည်း သူတို့နှင့်အတူစံမြန်းတော်မူလိမ့်မည်။
ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။