ငါ၏စိတ်ဝိညာဉ်နှင့် သင်တို့၏စိတ်ဝိညာဉ်တို့အား ငြိမ်သက်ချမ်းသာမှုကိုပေးကြ၏။ သို့ဖြစ်၍ ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။
ဖိလေမုန် 1:20 - မြန်မာ့စံမီသမ္မာကျမ်း ဟုတ်ပေ၏။ ငါ့ညီ၊ ငါသည် သခင်ဘုရား၌ သင့်ထံမှ အကျိုးကျေးဇူးကိုရရှိလိုပါ၏။ ခရစ်တော်အားဖြင့် ငါ၏စိတ်နှလုံးကို ငြိမ်သက်ချမ်းသာစေပါလော့။ Common Language Bible သို့ဖြစ်၍ငါ့ညီ၊ သခင်ဘုရား၏မျက်နှာတော် ကိုထောက်၍ငါ့အားကျေးဇူးပြုပါလော့။ ခရစ် တော်၌ညီအစ်ကိုအနေဖြင့်ငါ့အားစိတ်ရွှင် လန်းစေပါလော့။ Garrad Bible အ ချင်း ငါ့ ညီ၊ အ ရှင် ဘု ရား အား ဖြင့် သင့် ထံ မှ အ မြတ် ကို ငါ ရ ပါ စေ။ ခ ရစ် တော် အား ဖြင့် အ သည်း နှ လုံး အေး မြ စေ လော့။ Judson Bible အချင်းငါ့ညီ၊ သခင်ဘုရား၌ ငါ့ကို ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်၏ညီ… သခင်ဘုရားကို ထောက်၍ ကျွန်ုပ်ကို ကျေးဇူးပြုလော့။ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတစ်ဦး အနေဖြင့် ကျွန်ုပ်ကို စိတ်သက်သာစေလော့။ |
ငါ၏စိတ်ဝိညာဉ်နှင့် သင်တို့၏စိတ်ဝိညာဉ်တို့အား ငြိမ်သက်ချမ်းသာမှုကိုပေးကြ၏။ သို့ဖြစ်၍ ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။
အကြောင်းမူကား ငါသည် သင်တို့ကိုဝမ်းနည်းစေလျှင် ငါ့ကြောင့်ဝမ်းနည်းရသူမှတစ်ပါး မည်သူသည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။
ထို့ကြောင့် ငါတို့သည် နှစ်သိမ့်မှုကိုခံစားရကြ၏။ ငါတို့ခံစားရသောနှစ်သိမ့်မှုအပြင် တိတု၏စိတ်နှလုံးသည် သင်တို့အားလုံးကြောင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရသည်ဖြစ်၍ သူ၏ဝမ်းမြောက်ခြင်းကြောင့် ငါတို့သည် ပို၍ဝမ်းမြောက်ကြ၏။
ငါသည် ခရစ်တော်ယေရှု၏ကြင်နာခြင်းဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ငါ့အတွက်သက်သေခံပေးသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။
ထို့ကြောင့် ငါ၏ဝမ်းမြောက်ခြင်းအကြောင်းနှင့် ငါ၏သရဖူဖြစ်သည့် ငါချစ်၍လွမ်းဆွတ်သော ငါ့ညီအစ်ကိုတို့၊ ငါဆိုခဲ့သည့်အတိုင်း သခင်ဘုရား၌ ခိုင်မြဲစွာရပ်တည်ကြလော့၊ ငါချစ်သောသူတို့။
ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။
သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ရှိလျက်နှင့် မိမိညီအစ်ကိုဆင်းရဲချို့တဲ့နေသည်ကိုမြင်၍ မိမိ၏ကြင်နာစိတ်ကိုချုပ်တည်းထားလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌ မည်သို့တည်မည်နည်း။
ငါ့သားသမီးတို့သည် သမ္မာတရား၌အသက်ရှင်လျှောက်လှမ်းနေကြောင်းကို ကြားရသည်ထက် ဝမ်းမြောက်စရာကောင်းသောအရာသည် ငါ၌မရှိ။