ငါသည်လည်း သင်တို့ကဲ့သို့ ပြောတတ်ပါ၏။ သင်တို့နေရာမှာ ငါဖြစ်လျှင် ငါသည် ခေါင်းခါလျက် ရေပက်မဝင်အောင် သင်တို့ကို ပြန်ပြောနိုင်ပါ၏။
ဖိလိပ္ပိ 1:16 - မြန်မာ့စံမီသမ္မာကျမ်း စေတနာစိတ်ဖြင့် ဟောပြောသောသူတို့သည် ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေးသောသူအဖြစ် ငါ့ကိုခန့်အပ်ထားကြောင်းသိလျက် ချစ်ခြင်းမေတ္တာဖြင့် ဟောပြောကြ၏။ Common Language Bible ဤသူတို့သည်သခင်ယေရှုအကြောင်းသတင်း ကောင်းကိုကာကွယ်ဟောပြောရန်ငါ့အားဘုရား သခင်ခန့်ထားတော်မူကြောင်းကိုသိသဖြင့် မေတ္တာအလျောက်ဟောပြောကြခြင်းဖြစ်၏။- Garrad Bible ဤ သူ တို့ ကား ငါ သည် သ တင်း တော် မြတ် ကို ထောက် ခံ ရန် ခန့် ထား တော် မူ သူ ဖြစ် ကြောင်း သိ၍ မေ တ္တာ အ လျောက် ခ ရစ် တော့် အ ကြောင်း ကို ကြော် ငြာ ကြ ၏။ Judson Bible ငါသည် ဧဝံဂေလိတရားကို ထောက်မဖို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ၍ ခရစ်တော်၏တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း စေတနာစိတ်ဖြင့် ဟောပြောသောသူတို့က ဘုရားသခင်သည် ကျွန်ုပ်ကို သတင်းကောင်းအတွက် ချေပပြောဆိုရန် ခန့်ထားတော်မူကြောင်းကို သိ၍ ချစ်ခြင်းမေတ္တာဖြင့် ဟောပြောကြ၏။ |
ငါသည်လည်း သင်တို့ကဲ့သို့ ပြောတတ်ပါ၏။ သင်တို့နေရာမှာ ငါဖြစ်လျှင် ငါသည် ခေါင်းခါလျက် ရေပက်မဝင်အောင် သင်တို့ကို ပြန်ပြောနိုင်ပါ၏။
မျှော်လင့်ချက်မဲ့သူအဖို့ မိတ်ဆွေထံမှ မေတ္တာကို ခံရသင့်ပေ၏။ သို့ဖြစ်လျှင် သူသည် အနန္တတန်ခိုးရှင်အား ကြောက်ရွံ့ရိုသေခြင်းကို စွန့်ပယ်မည်မဟုတ်ပေ။
အကြောင်းမူကား သူတို့သည် ကိုယ်တော်ဒဏ်ခတ်ထားသောသူကို လိုက်လံညှဉ်းဆဲကြပြီး ကိုယ်တော်ဒဏ်ရာရစေသောသူတို့၏ ဒုက္ခဝေဒနာအကြောင်းကို ပြောဆိုကြပါ၏။
ထိုအမှုကို ငါ၏ဆန္ဒအလျောက်ဆောင်ရွက်လျှင် ငါ့အတွက် ဆုလာဘ်ရှိ၏။ သို့သော် ငါ၏ဆန္ဒအလျောက်မဟုတ်လျှင်လည်း ဤစီမံခန့်ခွဲမှုကို ငါ၌ယုံကြည်အပ်နှံထားပြီဖြစ်၏။
အကြောင်းမူကား ငါတို့သည် များစွာသောသူတို့ပြုသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို လှည့်လည်ရောင်းစား၍အမြတ်ထုတ်ကြသည်မဟုတ်ဘဲ ဖြူစင်သောသူ၊ ဘုရားသခင်ထံမှ စေလွှတ်ခြင်းခံရသောသူအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ငါတို့ဟောပြောကြ၏။
မြင့်မြတ်သည့်အရာများကို သင်တို့ပိုင်းခြားသိရှိနိုင်မည့်အကြောင်းနှင့် သင်တို့သည် ခရစ်တော်၏နေ့ရက်ကာလ၌ ဖြူစင်လျက် အပြစ်တင်စရာကင်းသောသူဖြစ်ကာ
ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်သောအမှုအရာတို့သည် ကောင်းမြတ်သောသတင်းကို ပို၍ပြန့်ပွားစေခဲ့ကြောင်း သင်တို့အား သိစေလိုပါ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပထမဦးဆုံးနေ့မှစ၍ ယခုတိုင်အောင် ကောင်းမြတ်သောသတင်းအတွက် ပူးပေါင်းပါဝင်ခဲ့ကြသောကြောင့်ဖြစ်၏။
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
သို့သော် တိမောသေသည် ငါနှင့်အတူ သားအဖကဲ့သို့ ကောင်းမြတ်သောသတင်းအတွက် အစေခံခဲ့သောကြောင့် သူ၏ရင့်ကျက်သောပါရမီကို သင်တို့သိကြ၏။
ဖိလိပ္ပိမြို့သူမြို့သားတို့၊ ကောင်းမြတ်သောသတင်းကို စတင်ဟောပြောချိန်၌ မာကေဒေါနိပြည်မှ ငါထွက်လာသောအခါ သင်တို့မှတစ်ပါး မည်သည့်အသင်းတော်မျှ ပေးလှူခြင်းနှင့်လက်ခံခြင်းအမှုတို့၌ ငါနှင့်အတူပါဝင်ခြင်းမရှိခဲ့ကြောင်း သင်တို့သိကြ၏။
အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။