ဤအကြောင်းအရာအလုံးစုံတို့ကြောင့် ငါတို့သည် ပဋိညာဉ်ကိုရေးဆွဲ၍ ဝန်ခံကတိပြုကြ၏။ ငါတို့၏အကြီးအကဲများ၊ လေဝိသားများ၊ ယဇ်ပုရောဟိတ်များသည်လည်း တံဆိပ်ခတ်ကြ၏။
ဤသို့ဖြစ်ပျက်သည့်အမှုအရာအပေါင်းကြောင့် ငါတို့ဣသရေလပြည်သူတို့သည်ကတိဝန်ခံ ချက်ကိုစာဖြင့်ရေး၍ ငါတို့၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်များနှင့်ယဇ်ပုရောဟိတ်များ ကတံဆိပ်ခတ်ကြ၏။
သို့ ဖြစ် လျက် ပင် အ ကျွန်ုပ် တို့ သည်၊ တည် မြဲ သော ပ ဋိ ညာဉ် စာ ချုပ် ကို ရေး ထား ၍၊ မှူး မတ်၊ လေ ဝိ ဂိုဏ်း သား၊ ပ ရော ဟိတ် တို့ တံ ဆိပ် ခတ် ကြ ပြီ ဟု မြွက် ဆို ကြ ၏။
ထိုအကြောင်းအရာများကို ငါတို့သည် ဆင်ခြင်ပြီးမှ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေးထားလျက်၊ ငါတို့အကြီးအကဲ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် တံဆိပ်ခတ်ကြ၏။
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
ထို့နောက် ယောယဒသည် မိမိအပါအဝင် ရှင်ဘုရင်နှင့်ပြည်သူပြည်သားအားလုံး ထာဝရဘုရား၏လူမျိုးတော်များအဖြစ်တည်နေစေရန် ကတိသစ္စာပြုကြ၏။
ယခုမှာ ပြင်းထန်သောအမျက်တော်ကို ငါတို့ထံမှ လွှဲသွားစေရန် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါစိတ်ဆုံးဖြတ်ပြီ။
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။
တံဆိပ်ခတ်ရာတွင် ပါဝင်သောသူများမှာ ဟာခလိ၏သား ဘုရင်ခံနေဟမိနှင့် ဇေဒကိ၊
သူတို့၏ဆွေမျိုးသားချင်းခေါင်းဆောင်များနှင့်အတူ ဘုရားသခင်၏အစေအပါးမောရှေအားဖြင့်ပေးအပ်တော်မူသော ဘုရားသခင်၏ပညတ်တရားကို လိုက်နာပါမည်။ ဘုရားရှင်ထာဝရဘုရား၏ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်အားလုံးတို့ကို လိုက်နာစောင့်ထိန်းပါမည်။
တစ်ယောက်က ‘ငါသည် ထာဝရဘုရားနှင့်ဆိုင်၏’ဟု ဆိုလိမ့်မည်။ တစ်ယောက်ကလည်း မိမိအမည်ကို ယာကုပ်ဟု မှည့်ခေါ်လိမ့်မည်။ တစ်ယောက်ကလည်း ‘ထာဝရဘုရားနှင့်ဆိုင်၏’ဟု မိမိလက်တွင်ရေးထားလျက် အစ္စရေးအမည်ကို ခံယူလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ သူတို့သည် သွား၍ ကျောက်တုံးကိုတံဆိပ်ခတ်ကာ အစောင့်တပ်သားကိုချထားလျက် သင်္ချိုင်းဂူကိုစောင့်ကြပ်စေကြ၏။