Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 9:38 - Common Language Bible

38 ဤ​သို့​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​အ​ပေါင်း​ကြောင့် ငါ​တို့​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​က​တိ​ဝန်​ခံ ချက်​ကို​စာ​ဖြင့်​ရေး​၍ ငါ​တို့​၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ က​တံ​ဆိပ်​ခတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 သို့ ဖြစ် လျက် ပင် အ ကျွန်ုပ် တို့ သည်၊ တည် မြဲ သော ပ ဋိ ညာဉ် စာ ချုပ် ကို ရေး ထား ၍၊ မှူး မတ်၊ လေ ဝိ ဂိုဏ်း သား၊ ပ ရော ဟိတ် တို့ တံ ဆိပ် ခတ် ကြ ပြီ ဟု မြွက် ဆို ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 ထို​အ​ကြောင်း​အ​ရာ​များ​ကို ငါ​တို့​သည် ဆင်​ခြင်​ပြီး​မှ၊ သ​စ္စာ​ပြု၍ စာ​ချုပ်​ကို​လည်း ရေး​ထား​လျက်၊ ငါ​တို့​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် တံ​ဆိပ်​ခတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကြောင့် ငါ​တို့​သည် ပဋိညာဉ်​ကို​ရေးဆွဲ​၍ ဝန်ခံ​ကတိပြု​ကြ​၏​။ ငါ​တို့​၏​အကြီးအကဲ​များ​၊ လေဝိ​သား​များ​၊ ယဇ်ပုရောဟိတ်​များ​သည်​လည်း တံဆိပ်ခတ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 9:38
10 ပူးပေါင်းရင်းမြစ်များ  

ပ​ထ​မ​ဦး​စွာ​လက်​မှတ်​ရေး​ထိုး​သူ​မှာ ဟာ ခ​လိ​၏​သား၊ ဘု​ရင်​ခံ​နေ​ဟ​မိ​ဖြစ်​၏။ ထို နောက်​ဇိ​ဒ​ကိ​ယ​လက်​မှတ်​ရေး​ထိုး​လေ သည်။ စ​ရာ​ယ၊အာ​ဇ​ရိ၊ယေ​ရ​မိ၊ ပါ​ရှု​ရ၊အာ​မ​ရိ၊မာ​လ​ခိ​ယ၊ ဟတ္ထုတ်၊ရှေ​ဗ​နိ၊မလ္လုတ် ဟာ​ရိမ်၊မေ​ရ​မုတ်၊သြ​ဗ​ဒိ၊ ဒံ​ယေ​လ၊ဂိ​န္နေသုန်၊ဗာ​ရုတ်၊ မေ​ရှု​လံ၊အ​ဘိ​ယ၊မိ​ယာ​မိန် မာ​ဇိ၊ဗိ​လ​ဂဲ၊ရှေ​မာ​ယ၊ အာ​ဇ​နိ​၏​သား​ယော​ရှု၊ ဟေ​န​ဒဒ်​သား​ချင်း​စု​ခေါင်း​ဆောင်​ဗိနွိ၊ ကပ်​မျေလ၊ရှေ​ဗ​နိ၊ဟော​ဒိ​ယ၊ ကေ​လိ​တ၊ပေ​လာ​ယ၊ဟာ​နန်၊ မိက္ခာ၊ရေ​ဟုပ်၊ဟာ​ရှ​ဘိ၊ ဇက္ကုရ၊ရှေ​ရ​ဘိ၊ရှေ​ဗ​နိ၊ ဟော​ဒိ​ယ၊ဗာ​နိ၊ဗေ​နိ​နု။ ပါ​ရုတ်၊ပါ​ဟတ်​မော​ဘ၊ ဧ​လံ၊ဇ​ဿု၊ဗာ​နိ၊ ဗုန္နိ၊အာ​ဇ​ဂဒ်၊ဗေ​ဗဲ၊ အ​ဒေါ​နိ​ယ၊ဗိ​ဂဝဲ၊အာ​ဒိန်၊ အာ​တာ၊ဟိ​ဇ​ကိ​ယ၊အဇ္ဇုရ၊ ဟော​ဒိ​ယ၊ဟ​ရှုံ၊ဗေ​ဇဲ၊ဟာ​ရိပ်၊ အာ​န​သုတ်၊နေ​ဗဲ၊မာ​ဂ​ပျာ​ရှ၊ မေ​ရှု​လံ၊ဟေ​ဇိ​ရ၊မေ​ရှ​ဇ​ဗေ​လ၊ ဇာ​ဒုတ်၊ယာ​ဒွါ၊ပေ​လ​တိ၊ဟာ​နန်၊ အ​နာ​ယ၊ဟော​ရှေ၊ဟာ​န​နိ၊ဟာ​ရှုပ်၊ ဟာ​လော​ဟက်၊ပိ​လ​ဟ၊ရှော​ဗက်၊ရေ​ဟုံ၊ ဟာ​ရှ​ဗ​န၊မာ​သေ​ယ၊အ​ဟိ​ယ၊ဟာ​နန်၊ အာ​နန်၊မလ္လုတ်၊ဟာ​ရိမ်၊ဗာ​နာ။


ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ထို​မိန်း​မ​များ​နှင့် သား​သ​မီး​များ​ကို​စွန့်​ကြ​ပါ​မည်​ဟု အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​အား​ကျိန်​ဆို​က​တိ​ပြု ရ​ကြ​မည်။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​များ ကို​ရို​သေ​လေး​စား​ကြ​သော​အ​ရှင်​နှင့် အ​ခြား သူ​များ​အ​ကြံ​ပေး​သည့်​အ​တိုင်း အ​ကျွန်ုပ် တို့​ပြု​ကြ​ပါ​မည်။ ဘု​ရား​သ​ခင်​၏​တ​ရား တော်​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း​ပြု​ပါ​မည်။-


သူ​သည်​ဘု​ရင့်​ကျောက်​တိုင် အ​နီး​တွင်​ရပ်​လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​စ​ကား​တော်​ကို​နား​ထောင်​ပါ​မည်။ ကိုယ် တော်​၏​တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စိတ်​ရော​ကိုယ်​ပါ​စောင့်​ထိန်း​ပါ​မည်။ ကျမ်း စောင်​တော်​တွင်​ရေး​ထား​သည့်​အ​တိုင်း​ပ​ဋိ ညာဉ်​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်'' ဟု​ထာ​ဝရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-


``အ​မျက်​တော်​ပြေ​စေ​ရန်​ယ​ခု​ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​ရန်​အ​ကြံ ရှိ​၏။-


ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန် မိ​မိ​နှင့်​အ​တူ​ပါ​ဝင် ၍​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-


သူ​သည်​ဘု​ရင့်​ကျောက်​တိုင်​အ​နီး​တွင်​ရပ် လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​တ​ရား​တော် နှင့်​ပ​ညတ်​တော်​တို့​ကို ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​စောင့်​ထိန်း​ပါ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။


သို့​ဖြစ်​၍​ထို​သူ​တို့​သည် သင်္ချိုင်း​ဂူ​သို့​သွား​ပြီး​လျှင် ကျောက်​တုံး​ကို​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကာ သင်္ချိုင်း​ဂူ​ကို လုံ​ခြုံ​စွာ​ပိတ်​ထား​ကြ​၏။ ထို​နောက်​စောင့်​ကြပ်​ရန် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​ကြ​၏။


``လူ​တို့​သည်​တစ်​ယောက်​ပြီး​တစ်​ယောက် `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​ဖြစ်​ပါ​သည်' ဟု ပြော​ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် အ​တူ လာ​ရောက်​နေ​ထိုင်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​လက်​မောင်း​တွင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ရေး​မှတ်​ကာ၊ မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဟု မှည့်​ခေါ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ