ယခင်က ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် ငါတို့ဘုရားသခင်အိမ်တော်ခန်းကို ကွပ်ကဲသူဖြစ်၏။ သူသည် တောဘိနှင့်ဆွေမျိုးတော်စပ်သည်ဖြစ်၍
နေဟမိ 6:1 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် မြို့ရိုးကိုအပေါက်ရာပင်မကျန်အောင် ပြန်လည်တည်ဆောက်ပြီးစီးကြောင်း သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူမျိုးဂေရှင်နှင့် အခြားရန်သူတို့ ကြားသိလေ၏။ ထိုအချိန်က မြို့တံခါးများပင် မတပ်ဆင်ရသေးချေ။ Common Language Bible ငါတို့သည်မြို့တံခါးများကိုမတပ်ဆင် ရကြသေးသော်လည်း မြို့ရိုးကိုတည်ဆောက် ပြီးကြောင်းကိုလည်းကောင်း၊ မြို့ရိုးတွင်ပေါက် ပျက်နေသည့်နေရာများလည်းမရှိတော့ ကြောင်းကိုလည်းကောင်းသမ္ဘာလတ်၊ တောဘိ၊ ဂေရှင်နှင့်အခြားရန်သူများကြားသိ ကြ၏။- Garrad Bible ထို အ ခါ၊ မြို့ တံ ခါး ရွက် များ ကို မ တပ် ရ သေး မီ၊ သ မ္ဘာ လတ်၊ တော ဘိ ယ၊ အာ ရပ် အ မျိုး ဂေ ရှင် မှ စ၍၊ အ ခြား ရန် သူ တို့ ပါ၊ မြို့ ရိုး တည်၍ ခိုင် လုံ ကြောင်း ကို ကြား သိ သော်၊ Judson Bible ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော်လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သတင်းကြားသောအခါ၊ |
ယခင်က ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် ငါတို့ဘုရားသခင်အိမ်တော်ခန်းကို ကွပ်ကဲသူဖြစ်၏။ သူသည် တောဘိနှင့်ဆွေမျိုးတော်စပ်သည်ဖြစ်၍
အစ္စရေးအမျိုးသားတို့၏ကောင်းကျိုးကို ပြုစုပေးမည့်သူတစ်ဦး ရောက်လာကြောင်း ဟောရနိလူမျိုး သမ္ဘာလတ်နှင့် အမ္မုန်လူမျိုး အမှုထမ်းတောဘိတို့ ကြားသိလျှင် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်လေ၏။
ထိုအကြောင်းကို ဟောရနိလူမျိုးသမ္ဘာလတ်၊ အမ္မုန်လူမျိုး အမှုထမ်းတောဘိနှင့် အာရပ်လူမျိုးဂေရှင်တို့ ကြားသောအခါ သူတို့သည် ငါတို့ကို ပြက်ရယ်ပြုလှောင်ပြောင်ကာ “သင်တို့ မည်သည့်အမှုကိုပြုကြသနည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြပြီလော”ဟု ဆိုကြ၏။
ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့် သူ၏ညီအစ်ကိုယဇ်ပုရောဟိတ်တို့ကလည်း သိုးတံခါးကို ပြန်လည်တည်ဆောက်၍ ဆက်ကပ်ကြပြီး တံခါးရွက်များကို တပ်ဆင်ကြ၏။ မေအာရဲတိုက်အထိ၊ ထိုမှ ဟာနနေလရဲတိုက်အထိ မြို့ရိုးကို ပြန်လည်တည်ဆောက်ပြီး ဆက်ကပ်ကြ၏။
ဟသေနသားမြေးတို့သည် ငါးတံခါးကို ပြန်လည်တည်ဆောက်ကြ၏။ တံခါးထုပ်များ၊ တံခါးရွက်များ၊ မင်းတုပ်များ၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။
ပါသာ၏သားယောယဒနှင့် ဗေသောဒေယ၏သားမေရှုလံတို့သည် ယေရှနတံခါးကို ပြုပြင်ကြ၏။ တံခါးထုပ်များ၊ တံခါးရွက်များ၊ မင်းတုပ်များ၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။
ငါတို့သည် မြို့ရိုးကို ပြန်လည်တည်ဆောက်ကြောင်း သမ္ဘာလတ်ကြားသိလျှင် အမျက်ခြောင်းခြောင်းထွက်လျက် ဂျူးလူမျိုးတို့အား ကဲ့ရဲ့လှောင်ပြောင်ကာ
မြို့ရိုးကိုလက်စသတ်ပြီးသောအခါ ငါသည် တံခါးများကို တပ်ဆင်၍ တံခါးစောင့်များ၊ သီချင်းသည်များ၊ လေဝိအမျိုးများကို တာဝန်ခွဲဝေခန့်အပ်လေ၏။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။