Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 4:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ​တို့​သည် မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ကြောင်း သမ္ဘာလတ်​ကြားသိ​လျှင် အမျက်​ခြောင်းခြောင်း​ထွက်​လျက် ဂျူး​လူမျိုး​တို့​အား ကဲ့ရဲ့လှောင်ပြောင်​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 မြို့​ရိုး​ကို​ငါ​တို့​ယု​ဒ​အ​မျိုး​သား​တို့ ပြန် လည်​တည်​ဆောက်​လျက်​ရှိ​ကြ​ကြောင်း​ကို သမ္ဘာ​လတ်​ကြား​သိ​သော​အ​ခါ လွန်​စွာ အ​မျက်​ထွက်​၍​ငါ​တို့​အား​ပြက်​ရယ် ပြု​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 မြို့ ရိုး ကို ငါ တို့ ထို သို့ တည် ကြောင်း သ မ္ဘာ လတ် ကြား သိ သော အ ခါ၊ ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထို​သို့ ငါ​တို့​သည် မြို့​ရိုး​တည်​ကြောင်း​ကို၊ သ​မ္ဘာ​လတ်​သည် သ​တင်း​ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​အ​မျက်​ထွက်၍၊ ယု​ဒ​လူ​တို့​ကို ပြက်​ရယ်​ပြု​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:1
13 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် ယဇ်ပုရောဟိတ်​မင်း​ဧလျာရှိပ်​၏​မြေး ယောယဒ​၏​သား​တစ်​ယောက်​သည် ဟောရနိ​လူမျိုး သမ္ဘာလတ်​၏​သမက်​ဖြစ်​သောကြောင့် သူ့​ကို ငါ​နှင်ထုတ်​ပစ်​၏​။


အစ္စရေး​အမျိုးသား​တို့​၏​ကောင်းကျိုး​ကို ပြုစု​ပေး​မည့်​သူ​တစ်ဦး ရောက်လာ​ကြောင်း ဟောရနိ​လူမျိုး သမ္ဘာလတ်​နှင့် အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​တို့ ကြားသိ​လျှင် အကြီးအကျယ်​စိတ်အနှောင့်အယှက်​ဖြစ်​လေ​၏​။


ထို​အကြောင်း​ကို ဟောရနိ​လူမျိုး​သမ္ဘာလတ်​၊ အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​နှင့် အာရပ်​လူမျိုး​ဂေရှင်​တို့ ကြား​သောအခါ သူ​တို့​သည် ငါ​တို့​ကို ပြက်ရယ်ပြု​လှောင်ပြောင်​ကာ “​သင်​တို့ မည်သည့်​အမှု​ကို​ပြု​ကြ​သနည်း​။ ရှင်ဘုရင်​ကို ပုန်ကန်​ကြ​ပြီ​လော​”​ဟု ဆို​ကြ​၏​။


ဤသို့ဖြင့် ရက်​ပေါင်း​ငါးဆယ့်​နှစ်​ရက်​အကြာ​၊ ဧလုလ​၊ နှစ်ဆယ့်​ငါး​ရက်​နေ့​တွင် မြို့ရိုး​ကို အပြီးသတ်​တည်ဆောက်​နိုင်​ခဲ့​၏​။


ထို​အကြောင်း​ကို ရန်သူ​တို့​ကြား​၍ ငါ​တို့​ဝန်းကျင်​ရှိ​လူမျိုးခြား​တို့ မြင်​သောအခါ အလွန်အမင်း​မျက်စိ​မျက်နှာပျက်​လေ​၏​။ အကြောင်းမှာ ဤ​အမှု​ကို ငါ​တို့​ဘုရားသခင် ပြု​တော်မူ​ကြောင်း သူ​တို့ ကောင်းကောင်း​သိမြင်​ကြ​၏​။


ဇေဒကိ​မင်းကြီး​က​လည်း ယေရမိ​အား “​ခါလဒဲ​လူမျိုး​တို့​ဘက်​သို့​ရောက်သွား​သော ဂျူး​လူမျိုး​တို့​ကို ငါ​ကြောက်​၏​။ ငါ့​ကို သူ​တို့​လက်​သို့​အပ်​ကြ​၍ ငါ​သည် အညှဉ်းဆဲ​ခံရ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။


ထို့နောက် ဟေရုဒ်​မင်းကြီး​သည် နက္ခတ်​ပညာရှင်​တို့​၏​မထီလေးစား​ပြု​ခြင်း​ကို​ခံရ​ကြောင်း​သိ​လျှင် အမျက်​ပြင်းထန်​စွာ​ထွက်​၍ နက္ခတ်​ပညာရှင်​တို့​ထံမှ သေချာ​စွာ​လေ့လာ​စိစစ်​ထား​သည့်​အချိန်​ကာလ​အရ ဗက်လင်​မြို့​နှင့် ၎င်း​အရပ်​ဒေသ​တစ်ဝိုက်​တွင်​ရှိ​သော အသက်​နှစ်​နှစ်​နှင့် နှစ်​နှစ်​အောက်​ယောက်ျားလေး​အားလုံး​တို့​ကို သတ်​စေ​၏။


ဆူးပင်​ကို​လည်း​သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ကျူရိုး​တစ်​ချောင်း​ကို လက်ယာ​လက်​ဖြင့် ကိုင်​စေ​ပြီးလျှင် ကိုယ်တော်​၏​ရှေ့၌​ဒူးထောက်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ပြောင်လှောင်​ပြောဆို​ကြ​၏။


ထိုအခါ ယဇ်ပုရောဟိတ်​မင်း​မှစ၍ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇဒ္ဒုကဲ​ဂိုဏ်း​ဝင်​သူ​အားလုံး​တို့​သည် မနာလို​စိတ်​နှင့်​ပြည့်​ကြ​၍ ထ​လျက်


အချို့​သော​သူ​တို့​မူကား ကဲ့ရဲ့​ခြင်း၊ ကြိမ်ဒဏ်​ပေး​ခြင်း​တို့​ကို​ခံရ​သည်​သာမက ထောင်​ထဲ၌​ချုပ်နှောင်​ထား​ခြင်း​ကို​လည်း​ခံ​ခဲ့​ကြ​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ