အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




နေ​ဟ​မိ 5:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် ငါ​သည် ခါးပိုက်​ကို​ခါပြ​ပြီး “​ဘုရားသခင်​သည် ဤ​ကတိ​ကို ဖောက်ဖျက်​သော​သူ​အား သူ့​အိမ်​၊ သူ​ပိုင်ဆိုင်​သမျှ​တို့​မှ ဤသို့​ခါထုတ်​တော်မူ​ပါစေသော​။ ထို​သူ​သည် ဘာမျှ​မ​ကျန် ခါထုတ်​ခြင်း​ခံရ​ပါစေသော​”​ဟု ဆို​လျှင် လူစုလူဝေး​အပေါင်း​တို့​က “​အာမင်​”​ဟု ဆို​လျက် ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​၏​။ ကတိ​အတိုင်း​လည်း သူ​တို့​ပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​ငါ​ပတ်​ထား​သည့်​ခါး​စည်း ကို​ချွတ်​၍​ခါ​ပြီး​လျှင်``က​တိ​မ​တည်​သူ​သင် တို့​ရှိ​သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ဤ​သို့ ခါ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​အိမ်​များ​နှင့်​သင် တို့​ပိုင်​ပစ္စည်း​ဥစ္စာ​ဟူ​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​မည်​ဖြစ်​၍​သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ မျှ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။ ထို​အ​ရပ်​တွင်​ရှိ​သော​သူ​အ​ပေါင်း​တို့ က``အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ထာ​ဝ​ရ ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ထို နောက်​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့​၏ က​တိ​အ​တိုင်း​ဆောင်​ရွက်​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ့် ခါး ပိုက် ကို ခါ လျက်၊ က တိ ဖျက် သူ တို့ ကို၊ နေ အိမ် နှင့် ချွေး နှဲ စာ မှ၊ ဘု ရား သ ခင် ခါ ပစ် တော် မူ ပါ စေ သော။ သူ တို့ လည်း၊ လွင့် စဉ် သည့် တိုင် အောင်၊ ထို သို့ ခံ ရ ကြ ပါ စေ သော ဟု ဆို သော်၊ တစ် ပ ရိ သတ် လုံး သည် အာ မင် ဟု ဝန် ခံ လျက်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း၍ က တိ အ တိုင်း ပြု ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ကိုယ်​ခါး​ပိုက်​ကို ခါ​လျက်၊ က​တိ​ပျက်​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် အိမ်​တော်၊ အ​မှု​တော်​ထဲ​က ဤ​သို့ ခါ​လိုက်​တော်​မူ​ပါ​စေ​သော။ သူ​တို့​သည် ဤ​သို့ ခါ​ပစ်​လိုက်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော​ဟု​ဆို၍ စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် အာ​မင်​ဟု ဝန်​ခံ၍ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ၏။ လူ​များ​တို့​သည်​လည်း၊ က​တိ​ထား​သည်​အ​တိုင်း ပြု​ကြ၏။

အခန်းကိုကြည့်ပါ။



နေ​ဟ​မိ 5:13
17 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​သည် တိုင်​နားတွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​လျှင် လူ​အပေါင်း​တို့​က​လည်း ကတိသစ္စာ​ပြု​ကြ​၏​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကာလ​အစဉ်အဆက်​မင်္ဂလာ​ရှိ​ပါစေသော ဟု​သီဆို​ကြ​၍ လူ​အပေါင်း​တို့​က “​အာမင်​”​ဟု​ဆို​လျက် ထာဝရဘုရား​ကို ချီးမွမ်း​ကြ​၏​။


ဧဇရ​သည် ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​သောအခါ လူ​အပေါင်း​တို့​သည် လက်​ကို​မြှောက်​လျက် “​အာမင် အာမင်​”​ဟု ဝန်ခံ​ကြ​၏​။ ထို့နောက် မြေ​ပေါ်တွင်​ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​၏​။


ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကျိန်ဆို​၍ အတည်ပြု​ပါ​၏​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​လော့​။ အမြင့်ဆုံး​သော​အရှင်​ထံ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို ပြည့်စုံ​စေ​လော့​။


သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​၍ ပြည့်စုံ​စေ​ကြ​လော့​။ ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော​သူ​အပေါင်း​တို့​သည် ကြောက်ရွံ့ရိုသေ​ရ​သော​အရှင်​ထံသို့ လက်ဆောင်ပဏ္ဏာ​ကို​ယူဆောင်​လာ​ကြ​ပါစေသော​။


ပညတ်တရား​ကို​စွန့်ပယ်​သော​သူ​တို့​သည် ဆိုးယုတ်​သော​သူ​ကို​ချီးမွမ်း​တတ်​၏​။ ပညတ်တရား​ကို​စောင့်ထိန်း​သော​သူ​တို့​မူကား ဆိုးယုတ်​သော​သူ​တို့​ကို​ဆန့်ကျင်​တတ်​၏​။


ကတိသစ္စာ​ပြု​ပြီး မ​ပြည့်စုံ​စေ​ဘဲ​နေ​ခြင်း​ထက် ကတိသစ္စာ​မ​ပြု​ဘဲ​နေ​ခြင်း​က ပို၍​ကောင်း​၏​။


ကျိန်​ခြင်း​ကို​ဖြစ်​စေ​သည့် ဤ​ရေ​သည် သင်​၏​ကိုယ်​ထဲသို့​ဝင်​၍ ဝမ်း​ကို​ဖောရောင်​စေ​ပြီး ပေါင်​ကို​ချည့်နဲ့​စေ​ပါစေ​ဟု ယဇ်ပုရောဟိတ်​သည် သင့်​ကို ကျိန်စာတိုက်​မည်​’​ဟု ဆို​ရ​မည်​။ ထို​မိန်းမ​က​လည်း ‘​အာမင်​၊ အာမင်​’​ဟု ဆို​ရ​မည်​။


မည်သူမျှ သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း နား​မ​ထောင်​လျှင် ထို​အိမ်၊ သို့မဟုတ် ထို​မြို့​ပြင်​သို့​ထွက်သွား​ကြ​စဉ် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့။


ထိုအခါ ပေါလု​နှင့်​ဗာနဗ​တို့​သည် ထို​သူ​တို့​တစ်ဖက်​၌ ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ပြီးလျှင် ဣကောနိ​မြို့​သို့ သွား​ကြ​၏။


သို့သော် ဂျူး​လူမျိုး​တို့​သည် သူ့​ကို​ဆန့်ကျင်​၍ စော်ကား​ပြောဆို​ကြ​သောအခါ သူ​သည် အဝတ်​ကို​ခါချ​လျက် “သင်​တို့​၏​သွေး​သည် သင်​တို့​ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူကား ၎င်း​နှင့်​ကင်းရှင်း​၏။ ယခု​မှစ၍ ငါ​သည် လူမျိုးခြား​တို့​ထံ​သွား​မည်”​ဟု ဆို​ပြီးလျှင်


သို့မဟုတ်လျှင် သင်​သည် စိတ်​ဝိညာဉ်​အားဖြင့် ကျေးဇူး​တော်​ချီးမွမ်း​သောအခါ ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော အုပ်စု​အဝင်​ဖြစ်​သော​သူ​သည် သင်​ပြော​နေ​သည့်​စကား​ကို နား​မ​လည်​သောကြောင့် သင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​အတွက် “အာမင်”​ဟု မည်သို့​ပြော​နိုင်​မည်နည်း။


ထိုအခါ ရှမွေလ​က “​ယနေ့ ထာဝရဘုရား​သည် သင့်​လက်​ထဲရှိ အစ္စရေး​နိုင်ငံ​တော်​ကို ရုပ်သိမ်း​ပြီး သင့်​ထက်​ကောင်း​သော​သင့်​အိမ်နီးချင်း​အား ပေးအပ်​တော်မူ​ပြီ​။