ထို့ကြောင့် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲမှစ၍ မြစ်အနောက်ဘက်ကမ်းရှိ သူတို့၏အပေါင်းပါ အဖာသပြည်သားတို့၊ ထိုအမှုနှင့် ကင်းကင်းရှင်းရှင်းနေကြလော့။
နေဟမိ 2:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ရှင်ဘုရင်အား “အရှင်မင်းကြီး အလိုတော်ရှိလျှင် ယုဒပြည်သို့ပြန်သွားရာတွင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းကိုဖြတ်သန်းခွင့်ပြုရန် ထိုဒေသ၏ဘုရင်ခံတို့ထံ အမိန့်စာကို ပါးလိုက်တော်မူပါ။ Common Language Bible ထိုနောက်ငါသည်ယုဒပြည်သို့ခရီးပြု ရာတွင် လိုအပ်သည့်အကူအညီပေးရန် အတွက်ဥဖရတ်မြစ်ကြီးအနောက်ဘက် ပြည်နယ်ဘုရင်ခံများထံသို့အမှာတော် စာကိုလည်းကောင်း၊- Garrad Bible ငါ က သ ဘော တော် မြတ် ပါ လျှင်၊ မြစ် ကြီး အ နောက် ဘက် ဘု ရင် ခံ တို့ ထံ၊ ယု ဒ ပြည် သို့ ကျွန် တော် အား သွား ခွင့် ပြု စေ ရန် အ မှာ တော် စာ ကို လည်း ကောင်း၊ Judson Bible တစ်ဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ်အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကိုမဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။ |
ထို့ကြောင့် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲမှစ၍ မြစ်အနောက်ဘက်ကမ်းရှိ သူတို့၏အပေါင်းပါ အဖာသပြည်သားတို့၊ ထိုအမှုနှင့် ကင်းကင်းရှင်းရှင်းနေကြလော့။
ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘဏ္ဍာစိုးအပေါင်းတို့အား ငါအာတဇေရဇ်မင်းကြီး အမိန့်တော်ထုတ်ပြန်လိုက်သည်ကား သင်တို့အား ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရ တောင်းဆိုလာသောအရာရှိသမျှကို ချက်ချင်းဖြည့်ဆည်းပေးရမည်။
အကြောင်းမှာ “ငါတို့ဘုရားသခင်၏လက်တော်သည် ကိုယ်တော်ကိုရှာသောသူတို့ ကောင်းစားဖို့ဖြစ်၏။ ကိုယ်တော်ကိုစွန့်သောသူတို့၌ကား ကိုယ်တော်၏ကြီးမားသောအမျက်တော် တည်လျက်ရှိ၏”ဟု ရှင်ဘုရင်ကို ငါတို့ ပြောထားနှင့်ပြီဖြစ်၍ လမ်းခရီးတွင် ရန်သူလက်မှကာကွယ်ပေးရန် ရှင်ဘုရင်ထံ စစ်သည်နှင့် မြင်းစီးသူရဲများ တောင်းဆိုရမည်ကို ငါရှက်လှ၏။
ရှင်ဘုရင်၏အမိန့်စာကိုလည်း ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရင်ခံနှင့် အုပ်ချုပ်ရေးအရာရှိများထံ ပေးလိုက်ရာ သူတို့ကလည်း ဘုရားသခင်၏အိမ်တော်နှင့် လူမျိုးတော်ကို ကူညီပံ့ပိုးပေးကြ၏။
ငါသည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရင်ခံတို့ထံသို့ရောက်သောအခါ ရှင်ဘုရင်၏အမိန့်စာကို သူတို့အား ပေး၏။ ရှင်ဘုရင်သည် ငါနှင့်အတူ စစ်သူကြီးများ၊ မြင်းစီးသူရဲများကိုလည်း စေလွှတ်ပေးခဲ့၏။
သူတို့၏ဘေးတွင် ဂိဗောင်မြို့သားမေလတိ၊ မေရောနုတ်မြို့သားယာဒုန်နှင့်တကွ ဂိဗောင်မြို့သားများ၊ မိဇပါမြို့သားများသည် ဘုရင်ခံအုပ်ချုပ်သော ယူဖရေးတီးမြစ်အနောက်ဘက်အထိ ပြုပြင်ကြ၏။