သူအသက်ရှင်သမျှကာလပတ်လုံး သူ့အဖို့ စားစရိတ်၊ သုံးစရိတ်စသည့် နေ့စဉ်လိုအပ်ချက်ကို ရှင်ဘုရင်သည် သူ့အား ပေးသနားလေ၏။
နေဟမိ 12:47 - မြန်မာ့စံမီသမ္မာကျမ်း ဇေရုဗဗေလနှင့် နေဟမိတို့ခေတ်တွင်လည်း အစ္စရေးလူအပေါင်းတို့သည် သီချင်းသည်များနှင့် တံခါးစောင့်များအတွက် နေ့စဉ်လိုအပ်သည်များကို ပေးလှူကြ၏။ လေဝိအမျိုးတို့အတွက်လည်း သီးသန့်ပေးလှူကြ၏။ လေဝိအမျိုးတို့သည်လည်း အာရုန်သားမြေးတို့အတွက် သီးသန့်ပေးလှူကြ၏။ Common Language Bible ဇေရုဗဗေလ၏လက်ထက်နှင့်နေဟမိ၏လက်ထက်၌လည်း ဣသရေလအမျိုးသားအပေါင်းတို့သည်ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားတို့အတွက် ရိက္ခာများကိုနေ့စဉ်နေ့တိုင်းထောက်ပံ့လှူဒါန်းကြလေသည်။ ပြည်သူတို့သည်လေဝိအနွယ်ဝင်တို့အားသန့်ရှင်းသည့်အရာတို့ကိုလှူဒါန်းကြ၏။ လေဝိအနွယ်ဝင်များကလည်း ယဇ်ပုရောဟိတ်တို့အားသင့်ရာအချိုးကိုတစ်ဆင့်လှူဒါန်းကြ၏။ Garrad Bible ဣ သ ရေ လ လူ အ ပေါင်း တို့ သည်၊ ဇေ ရု ဗ ဗေ လ နှင့် နေ ဟ မိ တို့ လက် ထက်၊ သီ ဆို သူ၊ တံ ခါး စောင့် တို့ အား၊ နေ့ စဉ် ရိ က္ခာ ထောက် ပံ့ သည့် ပြင်၊ လေ ဝိ ဂိုဏ်း သား တို့ အ ဖို့၊ သီး သန့် လှူ ဒါန်း ကြ၏။ လေ ဝိ ဂိုဏ်း သား တို့ လည်း။ အာ ရုန့် အ နွယ် တို့ အ ဖို့ တစ် ဆင့် လှူ ဒါန်း ကြ သ တည်း။ Judson Bible ဇေရုဗဗေလနှင့် နေဟမိလက်ထက်၌လည်း၊ ဣသရေလလူ အပေါင်းတို့သည် နေ့ရက်အစဉ်အတိုင်း သီချင်းသည်၊ တံခါးစောင့်ခံအပ်သော စားစရာရိက္ခာကိုလည်းကောင်း၊ လေဝိသားတို့အား သန့်ရှင်းသော အရာတို့ကိုလည်းကောင်း လှူကြ၏။ လေဝိသားတို့သည်လည်း ယဇ်ပုရောဟိတ်တို့အား လှူကြ၏။ |
သူအသက်ရှင်သမျှကာလပတ်လုံး သူ့အဖို့ စားစရိတ်၊ သုံးစရိတ်စသည့် နေ့စဉ်လိုအပ်ချက်ကို ရှင်ဘုရင်သည် သူ့အား ပေးသနားလေ၏။
သူတို့သွား၍ မြို့တံခါးစောင့်တို့အား အော်ခေါ်လျက် “ငါတို့သည် ဆီးရီးယားတပ်စခန်းသို့ ရောက်ခဲ့ပြီ။ တပ်စခန်းတွင် လူအရိပ်အယောင်မတွေ့၊ လူသံလည်း မကြားရ။ မြင်းများ၊ မြည်းများကို ချည်ထား၍ တဲများလည်း ဤအတိုင်း ရှိနေသည်ကို တွေ့ခဲ့ရပါ၏”ဟု သူတို့အား ပြောပြကြ၏။
ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
ရှင်ဘုရင်သည် သီချင်းသည်များနေ့စဉ်နေ့တိုင်းပုံမှန်ပြုရမည့်အမှုကို စီရင်ချမှတ်ထား၏။
ရှာလသေလ၏သား ဇေရုဗဗေလ၊ ယေရွှာတို့နှင့်အတူပြန်လိုက်လာသော ယဇ်ပုရောဟိတ်များနှင့်လေဝိအမျိုးများမှာ စရာယ၊ ယေရမိ၊ ဧဇရ၊
ယောယကိမ်လက်ထက်၌ အိမ်ထောင်စုအကြီးအမှူးယဇ်ပုရောဟိတ်များမှာ စရာယအမျိုးမှ မေရာယ၊ ယေရမိအမျိုးမှ ဟာနနိယ၊
ဤသူတို့သည် ယောဇဒက်၏မြေး၊ ယေရွှာ၏သား ယောယကိမ်လက်ထက်၊ ဘုရင်ခံနေဟမိနှင့် ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရတို့ခေတ်တွင် အမှုတော်ကို ထမ်းဆောင်သူများဖြစ်ကြ၏။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
အစားအစာဝေစုကို ညီတူမျှတူရပိုင်ခွင့်ရှိသည့်အပြင် ဘိုးဘေးတို့ပိုင်သောဥစ္စာကိုရောင်း၍ရသောငွေကိုလည်း ရပိုင်ခွင့်ရှိ၏။