နေဟမိ 12:47 - Common Language Bible47 ဇေရုဗဗေလ၏လက်ထက်နှင့်နေဟမိ၏လက်ထက်၌လည်း ဣသရေလအမျိုးသားအပေါင်းတို့သည်ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားတို့အတွက် ရိက္ခာများကိုနေ့စဉ်နေ့တိုင်းထောက်ပံ့လှူဒါန်းကြလေသည်။ ပြည်သူတို့သည်လေဝိအနွယ်ဝင်တို့အားသန့်ရှင်းသည့်အရာတို့ကိုလှူဒါန်းကြ၏။ လေဝိအနွယ်ဝင်များကလည်း ယဇ်ပုရောဟိတ်တို့အားသင့်ရာအချိုးကိုတစ်ဆင့်လှူဒါန်းကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible47 ဣ သ ရေ လ လူ အ ပေါင်း တို့ သည်၊ ဇေ ရု ဗ ဗေ လ နှင့် နေ ဟ မိ တို့ လက် ထက်၊ သီ ဆို သူ၊ တံ ခါး စောင့် တို့ အား၊ နေ့ စဉ် ရိ က္ခာ ထောက် ပံ့ သည့် ပြင်၊ လေ ဝိ ဂိုဏ်း သား တို့ အ ဖို့၊ သီး သန့် လှူ ဒါန်း ကြ၏။ လေ ဝိ ဂိုဏ်း သား တို့ လည်း။ အာ ရုန့် အ နွယ် တို့ အ ဖို့ တစ် ဆင့် လှူ ဒါန်း ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible47 ဇေရုဗဗေလနှင့် နေဟမိလက်ထက်၌လည်း၊ ဣသရေလလူ အပေါင်းတို့သည် နေ့ရက်အစဉ်အတိုင်း သီချင်းသည်၊ တံခါးစောင့်ခံအပ်သော စားစရာရိက္ခာကိုလည်းကောင်း၊ လေဝိသားတို့အား သန့်ရှင်းသော အရာတို့ကိုလည်းကောင်း လှူကြ၏။ လေဝိသားတို့သည်လည်း ယဇ်ပုရောဟိတ်တို့အား လှူကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း47 ဇေရုဗဗေလနှင့် နေဟမိတို့ခေတ်တွင်လည်း အစ္စရေးလူအပေါင်းတို့သည် သီချင်းသည်များနှင့် တံခါးစောင့်များအတွက် နေ့စဉ်လိုအပ်သည်များကို ပေးလှူကြ၏။ လေဝိအမျိုးတို့အတွက်လည်း သီးသန့်ပေးလှူကြ၏။ လေဝိအမျိုးတို့သည်လည်း အာရုန်သားမြေးတို့အတွက် သီးသန့်ပေးလှူကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သူတို့သည်ရှုရိတပ်စခန်းမှထွက် ခွာ၍မြို့သို့သွားပြီးလျှင် မြို့တံခါးရှိအစောင့် တပ်သားတို့အား``ငါတို့သည်ရှုရိတပ်စခန်း သို့သွားရောက်ရာလူတစ်စုံတစ်ယောက်ကိုမျှ မမြင်ခဲ့ပါ။ လူသံကိုလည်းမကြားခဲ့ပါ။ မြင်းများနှင့်မြည်းများသည်ချည်လျက်ပင် ရှိပါသည်။ တဲများမှာလည်းရှုရိအမျိုးသား တို့ထားခဲ့သည့်အတိုင်းပင်ရှိနေပါသည်'' ဟု အော်ဟစ်၍ပြောကြားကြ၏။
ရှာလသေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရောဟိတ်မင်းယောရှုတို့နှင့်အတူပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ၏စာရင်းကိုဖော်ပြပေအံ့။ စရာယ၊ယေရမိ၊ဧဇရ၊ အာမရိ၊မလ္လုတ်၊ဟတ္ထုတ်၊ ရှေခနိ၊ရေဟုံ၊မေရမုတ်၊ ဣဒေါ၊ဂိန္နေသုန်၊အဘိယ၊ မိညာမိန်၊မာဒျာ၊ဗိလဂ၊ ရှေမာယ၊ယောယရိပ်၊ယေဒါယ၊ သလ္လု၊အာမောက်၊ဟိလခိ၊ယေဒါယ။ ထိုသူတို့သည်ယောရှု၏လက်ထက်၌ မိမိတို့၏အဖော်ယဇ်ပုရောဟိတ်တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ အောက်ပါတို့သည်ကျေးဇူးတော်ချီးမွမ်းရာဋ္ဌမ္မသီချင်းများသီဆိုမှုတွင်တာဝန်ယူဆောင်ရွက်ရသူများဖြစ်ကြသည်။ ယောရှု၊ဗိနွိ၊ကပ်မျေလ၊ ရှေရဘိ၊ယုဒနှင့်မဿနိ၊
ယဇ်ပုရောဟိတ်မင်း ယောယကိမ်လက်ထက်၌အောက်ပါတို့သည် ယဇ်ပုရောဟိတ်သားချင်းစုတို့၏ဦးစီးခေါင်းဆောင်များအဖြစ်ဆောင်ရွက်ရကြ၏။ သားချင်းစု ဦးစီးခေါင်းဆောင် စရာယ မေရာယ ယေရမိ ဟာနနိ ဧဇရ မေရှုလံ အာမရိ ယောဟနန် မလ္လုတ် ယောနသန် ရှေခနိ ယောသပ် ဟာရိမ အာဒန မေရာယုတ် ဟေလကဲ ဣဒေါ ဇာခရိ ဂိန္နေသုန် မေရှုလံ အဘိယ ဇိခရိ မိညာမိန် ဟေဗြဲစာမူတွင်နာမည်မပါလာ မာဒျာ ပိလတဲ ဗိလဂ ရှမွာ ရှေမာယ ယေဟောနသန် ယောယရိပ် မတ္တေနဲ ယေဒါယ သြဇိ သလ္လု ကာလဲ အာမောက် ဧဗာ ဟိလခိ ဟာရှဘိ ယေဒါယ နာသနေလ