အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
နေဟမိ 11:30 - မြန်မာ့စံမီသမ္မာကျမ်း ဇာနောမြို့၊ အဒုလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ လာခိရှမြို့နှင့် လယ်ယာမြေများ၊ အဇေကာမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများစသည်ဖြင့် ဗေရရှေဘမြို့မှ ဟိန္နုံချိုင့်ဝှမ်းတိုင်အောင် နေထိုင်ကြ၏။ Common Language Bible ဇာနောမြို့၊အဒုံလံမြို့နှင့်ထိုမြို့များအနီး ရှိကျေးရွာများတွင်လည်းကောင်း၊ လာခိရှ မြို့နှင့်အနီးအနားရှိလယ်ယာများ၊ အဇေ ကာမြို့နှင့်အနီးအနားရှိကျေးရွာများ တွင်လည်းကောင်းနေထိုင်ကြ၏။ အချုပ်အား ဖြင့်ဆိုသော်ယုဒပြည်သူတို့သည်တောင် ဘက်ရှိဗေရရှေဘမြို့နှင့်မြောက်ဘက်ဟိန္နုံ ချိုင့်ဝှမ်းစပ်ကြားရှိနယ်မြေတွင်နေထိုင် ကြသတည်း။ Garrad Bible ဇာ နော၊ အ ဒု လံ မြို့ များ နှင့် ဆင် ခြေ ဖုံး၊ လာ ခိ ရှ မြို့ နှင့် ပတ် ဝန်း ကျင်၊ အ ဇေ ကာ မြို့ နိ ဂုံး များ တည်း။ ဗေ ရ ရှေ ဘ မြို့ မှ စ၍ ဟိ န္နုံ ချိုင့် တိုင် အောင် နေ ရာ ကျ ကြ ၏။ Judson Bible ဇာနော၊ အဒုလံ မြို့ရွာများ၊ လာခိရှမြို့နှင့် ကျေးလက်များ၊ အဇေကာမြို့ရွာများ၊ ဗေရရှေဘမြို့မှ စ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ၏။ |
အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
ဤသူတို့ကား ဣရှမေလ၏သားများဖြစ်ကြ၏။ ဤသူတို့၏အမည်များကို သူတို့၏ရွာများ၊ သူတို့စခန်းချရာအရပ်များအလိုက်ခေါ်တွင်ကြ၏။ သူတို့သည် မိမိတို့မျိုးနွယ်စုများအလိုက် ခေါင်းဆောင်တစ်ဆယ့်နှစ်ပါးဖြစ်ကြ၏။
ရှင်ဘုရင်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းရှိတောဖက်အရပ်ကိုလည်း မစင်ကြယ်အောင် လုပ်လိုက်သဖြင့် ထိုနေရာတွင် မည်သူမျှ မိမိသားသမီးကို မောလုတ်ဘုရားထံ မီးရှို့ပူဇော်၍မရတော့ချေ။
ဗင်္ယာမိန်အမျိုးအနွယ်တို့မူကား ဂေဗမြို့မှမိတ်မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊
ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ချိုင့်ဝှမ်းတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်ကြ၏။ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။ နောက်ချေးပုံတံခါးတိုင်အောင် မြို့ရိုးအတောင်တစ်ထောင်ကို ပြုပြင်ကြ၏။
အဆီးရီးယားဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်း ရာဗရှာခကြားသဖြင့် ပြန်သွားရာ ရှင်ဘုရင်သည် လိဗနမြို့အားတိုက်ခိုက်နေသည်ကို တွေ့ရ၏။
အိုးခြမ်းပဲ့တံခါးနားရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းသို့သွား၍ သင့်အား ငါမိန့်မှာသောစကားတို့ကို ထိုအရပ်၌ကြွေးကြော်လော့။
သို့ဖြစ်၍ ထာဝရဘုရားက ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဗင်ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက် ရောက်လာလိမ့်မည်။
ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် ရွံရှာဖွယ်အမှုဖြစ်သည့် ဗင်ဟိန္နုံချိုင့်ဝှမ်း၌ ဗာလကုန်းမြင့်ကိုတည်ခြင်း၊ သူတို့၏သားသမီးများကို မောလုတ်ဘုရားအားပူဇော်ခြင်းကို ပြုကြ၏။ ဤသို့ဖြင့် ယုဒအမျိုးတို့ကို အပြစ်ဖြစ်စေကြပြီ’ဟု မိန့်တော်မူ၏။
အို မရေရှမြို့သူ၊ သင့်အား သိမ်းပိုက်စိုးမိုးမည့်သူကို ငါရောက်လာစေမည်။ အစ္စရေးလူမျိုး၏ဘုန်းအသရေသည် အဒုလံမြို့သို့ ရောက်လာလိမ့်မည်။
ထို့ကြောင့် ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီးသည် ဟေဗြုန်ဘုရင်ဟောဟံမင်းကြီး၊ ယာမုတ်ဘုရင်ပိရံမင်းကြီး၊ လာခိရှဘုရင်ယာဖျာမင်းကြီး၊ ဧဂလုန်ဘုရင်ဒေဗိရမင်းကြီး တို့ထံသို့ လူလွှတ်ကာ
တစ်ဖန် နယ်နိမိတ်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းမှ ဂျေရုဆလင် ခေါ် ယေဗုသိမြို့တောင်ဘက်ရှိ တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်း၏မြောက်ဘက်အဆုံးရှိ ဟိန္နုံချိုင့်ဝှမ်း၏အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်သော တောင်ထိပ်အထိ တက်သွား၏။
ထိုနယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်းမြောက်ဘက်ရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းနှင့်မျက်နှာချင်းဆိုင် တောင်ခြေသို့ရောက်ပြီး ဟိန္နုံချိုင့်ဝှမ်းသို့ ဆင်းသွား၏။ ထိုမှ တောင်ဘက်ယေဗုသိတောင်စောင်းအတိုင်း အင်္ရောဂေလအရပ်သို့ ဆင်းသွား၏။