ကိုယ့်မြို့ကိုယ့်မြေများသို့ ဦးစွာပြန်နေထိုင်ရသူတို့မှာ အစ္စရေးအမျိုးသား ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများ ဖြစ်ကြ၏။
နေဟမိ 11:21 - မြန်မာ့စံမီသမ္မာကျမ်း ဗိမာန်တော်အစေအပါးတို့သည် ဩဖေလအရပ်၌နေထိုင်ကြ၏။ ထိုဗိမာန်တော်အစေအပါးတို့ကို ဇိဟနှင့်ဂိသပတို့က အုပ်ချုပ်၏။ Common Language Bible ဗိမာန်တော်အလုပ်သမားများသည် ယေရု ရှလင်မြို့သြဖေလဟုအမည်တွင်သော အရပ်တွင်နေထိုင်၍ ဇိဟနှင့်ဂိသပတို့ ၏ကွပ်ကဲမှုအောက်တွင်အလုပ်လုပ်ကြ လေသည်။ Garrad Bible ဇိ ဟ နှင့် ဂိ သ ပ တို့ သည်၊ ဩ ဖေ လ အ ရပ် တွင် နေ သော ကျွန် သီး တော် တို့ ကို အုပ် ရ ၏။ Judson Bible ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။ |
ကိုယ့်မြို့ကိုယ့်မြေများသို့ ဦးစွာပြန်နေထိုင်ရသူတို့မှာ အစ္စရေးအမျိုးသား ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများ ဖြစ်ကြ၏။
သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကို တည်ဆောက်၏။ ဩဖေလမြို့ရိုးကိုလည်း ခိုင်ခံ့အောင် တည်ဆောက်၏။
ဩဖေလအရပ်၌နေထိုင်သောဗိမာန်တော်အစေအပါးတို့သည် မျက်နှာချင်းဆိုင်ရှိအရှေ့ဘက်ရေတံခါးမှ ထိုးထွက်နေသောမျှော်စင်အထိ ပြုပြင်ကြ၏။
သူ၏ဘေးတွင် ပန်းထိမ်ဆရာ၏သားမာလခိယသည် မိဖကဒ်တံခါးရှေ့ရှိ ဗိမာန်တော်အစေအပါးများနှင့် ကုန်သည်များနေရာအိမ်အထိ၊ ထိုမှ အထက်ခန်းမြို့ရိုးထောင့်အထိ ပြုပြင်၏။