နေဟမိ 11:21 - Common Language Bible21 ဗိမာန်တော်အလုပ်သမားများသည် ယေရု ရှလင်မြို့သြဖေလဟုအမည်တွင်သော အရပ်တွင်နေထိုင်၍ ဇိဟနှင့်ဂိသပတို့ ၏ကွပ်ကဲမှုအောက်တွင်အလုပ်လုပ်ကြ လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible21 ဇိ ဟ နှင့် ဂိ သ ပ တို့ သည်၊ ဩ ဖေ လ အ ရပ် တွင် နေ သော ကျွန် သီး တော် တို့ ကို အုပ် ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ဗိမာန်တော်အစေအပါးတို့သည် ဩဖေလအရပ်၌နေထိုင်ကြ၏။ ထိုဗိမာန်တော်အစေအပါးတို့ကို ဇိဟနှင့်ဂိသပတို့က အုပ်ချုပ်၏။ အခန်းကိုကြည့်ပါ။ |
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောဗိမာန်တော်အလုပ်သမားသားချင်းစုများမှာ၊ ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ ကေရုတ်၊သယာဟ၊ပါဒုန်၊ လေဗန၊ဟာဂဘ၊အက္ကုပ်၊ ဟာဂပ်၊ရှာလမဲ၊ဟာနန်၊ ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊ သြဇ၊ပါသာ၊ဗေသဲ၊ အာသနာ၊မဟုနိမ်၊နဖုသိမ်၊ ဗာကဗုတ်၊ဟကုဖ၊ယာရဟုရ၊ ဗာဇလုတ်၊မဟိဒ၊ဟရရှ၊ ဗာကုတ်၊သိသရ၊သာမ နေဇိနှင့်ဟတိဖတို့ဖြစ်ကြ၏။