အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




နေ​ဟ​မိ 10:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပညတ်တရား​တွင် ရေး​ထား​သည့်​အတိုင်း နှစ်စဉ်​သတ်မှတ်​ထား​သော​အချိန်​များ​၌ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်သက္ကာ​ကို​မီးရှို့​ဖို့ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​နှင့် ပြည်သူပြည်သား​တို့​က ငါ​တို့​ဘိုးဘေး​တို့​၏​မိသားစု​အလိုက် ဘုရားသခင်​၏​အိမ်​တော်​သို့​ယူဆောင်​လာ​ရ​မည့်​ထင်း​ကို ငါ​တို့​မဲချ​ဆုံးဖြတ်​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​ကျမ်း​အ​ရ​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​မီး​ရှို့ ပူ​ဇော်​ရန်​အ​တွက် လို​အပ်​သည့်​ထင်း​များ​ကို အ​ဘယ်​သား​ချင်း​စု​တို့​က​ဆောင်​ခဲ့​ရ​ကြ မည်​ကို​နှစ်​စဉ်​နှစ်​တိုင်း​မဲ​ချ​ဆုံး​ဖြတ်​ကြ ပါ​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

၎င်း ပြင် နှစ် တိုင်း အ လှည့် ကျ အ ချိန်၌၊ ပ ည တ္တိ ကျမ်း ဆို နှင့် အ ညီ၊ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် အ တွင်း၊ ထို ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ လ္လင် ပေါ် မှာ ရှို့ ရန် ထင်း အ လှူ ကို၊ အိမ် ထောင် များ အ လိုက် ဆောင် သွင်း ကြ ရန်၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ အ သည် သား တို့ မဲ ချ ၍၊

အခန်းကိုကြည့်ပါ။

Judson Bible

ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​မွေး​စ​ရာ ထင်း​ပူ​ဇော်​သ​ကာ​ကို၊ တစ်​နှစ်​တစ်​နှစ်​လျှင် ချိန်း​ချက်​သော အ​ချိန်​တို့၌၊ အ​ဆွေ​အ​မျိုး​အ​လိုက် ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား ပြည်​သူ​ပြည်​သား​တို့​သည် စာ​ရေး​တံ​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။



နေ​ဟ​မိ 10:34
16 ပူးပေါင်းရင်းမြစ်များ  

ဧလာဇာ​သားမြေး​နှင့် ဣသမာ​သားမြေး​တို့​သည် သန့်ရှင်းရာဌာန​၏​အကြီးအကဲ​များ​၊ ဘုရားသခင်​အမှု​တော်​ဆောင်​အကြီးအကဲ​များ​ဖြစ်​သောကြောင့် သူ​တို့​ကို မဲချ​၍ ညီတူညီမျှ​ခွဲခန့်​ထား​၏​။


မဲချ​ရာ ပထမ​မဲကျသူ​မှာ ယောယရိပ်​၊ ဒုတိယ​မြောက်​မဲကျသူ​မှာ ယေဒါယ​၊


ထို့ပြင် ရှောလမုန်​မင်းကြီး​သည် တိုင်ရာ​ဘုရင်​ဟုရံ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​အကျွန်ုပ်​၏​ခမည်းတော် ဒါဝိဒ်​မင်းကြီး​အား သူ​စံမြန်း​ရာ​နန်းတော်​ကို​ဆောက်လုပ်​ရန်​အတွက် သစ်ကတိုးသား​များ​ကို အရှင်မင်းကြီး​ပို့ပေး​ခဲ့​သည့်​နည်းတူ အကျွန်ုပ်​ထံသို့​လည်း ပို့ပေး​ပါ​လော့​။


ပုံမှန်​မီးရှို့ရာယဇ်​ကို​လည်း ပူဇော်​ကြ​၏​။ ထို့ပြင် လဆန်း​နေ့​များ​၊ ထာဝရဘုရား​သတ်မှတ်​ထား​သော​ပွဲတော်​နေ့​များ​ဆိုင်ရာ ပူဇော်သက္ကာ​များ​နှင့် ထာဝရဘုရား​အား စေတနာ​အလျောက် အသီးသီး​ပေးလှူ​သော​ပူဇော်သက္ကာ​များ​ကို​လည်း ပူဇော်​ကြ​၏​။


လူထု​အကြီးအကဲ​တို့​သည် ဂျေရုဆလင်​မြို့​၌ နေထိုင်​ကြ​၏​။ ကျန်​သော​သူ​တို့​မူကား မဲချ​ဆုံးဖြတ်​သည့်​အတိုင်း လူ​ဆယ်​ယောက်​တွင် တစ်​ယောက်​သည် သန့်ရှင်း​ရာ​အရပ်​ဂျေရုဆလင်​မြို့​တွင် နေထိုင်​ရ​မည်​ဖြစ်​ပြီး ကျန်​ကိုး​ယောက်​ကား အခြား​သော​မြို့ရွာ​များ​တွင် နေထိုင်​ရ​မည်​ဖြစ်​သည်​။


သတ်မှတ်​ထား​သော​အချိန်​တွင် လှူ​ရ​မည့်​ထင်း​နှင့် အဦးဆုံးသီးနှံ​များ​ကို စီမံ​ပေး​၏​။ အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ကို အောက်မေ့​တော်မူ​ပါ​။ ကျေးဇူး​ပြု​တော်မူ​ပါ​။


မဲချခြင်း​သည် ငြင်းခုံ​ရန်တွေ့​ခြင်း​ကို​အဆုံးသတ်​စေ​၍ အင်အားကြီး​သော​သူ​တို့​အကြား ဖျန်ဖြေ​ပေး​တတ်​၏​။


လက်ဘနွန်​တော​သည် မီးမွှေး​ရန်​မ​လုံလောက်​။ ထို​တော​ရှိ​တောရိုင်းတိရစ္ဆာန်​တို့​သည်​လည်း မီးရှို့ရာယဇ်​အတွက်​မ​လုံလောက်​။


သင်​သည် အကောင်းဆုံး​ဂျုံမှုန့်​ကို​ယူ​၍ မုန့်ဝိုင်း​တစ်ဆယ့်​နှစ်​ခု ဖုတ်​ရ​မည်​။ မုန့်ဝိုင်း​တစ်​ခု​လျှင် တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ ရှိ​ရ​မည်​။


ထို​မုန့်​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၊ ရွှေ​စင်​ဖြင့်​မွမ်းမံ​သော​စားပွဲ​ပေါ်တွင် တစ်​ပုံ​ကို​ခြောက်​ခု​စီ​ဆင့်​၍ နှစ်​ပုံ ပုံ​ထား​ရ​မည်​။


“အစ္စရေး​အမျိုးသား​တို့​ကို မိန့်မှာ​လော့​။ ‘​ငါ့​အဖို့ ပူဇော်သက္ကာ​၊ ငါ့​အဖို့​မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ကို သတ်မှတ်​ထား​သော​အချိန်​၌ ပူဇော်​ရန် သတိပြု​ရ​မည်​’​ဟု သူ​တို့​အား ဆင့်ဆို​လော့​။


ထို့နောက် ထို​သူ​နှစ်​ဦး​အတွက်​မဲ​ချ​ကြ​ရာ မဿိ​အပေါ်​မဲ​ကျ​သဖြင့် သူ​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ တမန်တော်​စာရင်း​ဝင်​လေ​၏။


ထို​နေ့​၌ပင် သူ​တို့​ကို ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​အရပ်​၌​တည်​သော​ယဇ်ပလ္လင်​နှင့် အစ္စရေး​လူထု​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် ယောရှု​စီရင်​ပေး​ထား​၍ ယနေ့​တိုင်အောင် ထို​အမှု​ကို သူ​တို့​ပြု​ကြ​၏​။