Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 10:34 - Common Language Bible

34 ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​ကျမ်း​အ​ရ​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​မီး​ရှို့ ပူ​ဇော်​ရန်​အ​တွက် လို​အပ်​သည့်​ထင်း​များ​ကို အ​ဘယ်​သား​ချင်း​စု​တို့​က​ဆောင်​ခဲ့​ရ​ကြ မည်​ကို​နှစ်​စဉ်​နှစ်​တိုင်း​မဲ​ချ​ဆုံး​ဖြတ်​ကြ ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ၎င်း ပြင် နှစ် တိုင်း အ လှည့် ကျ အ ချိန်၌၊ ပ ည တ္တိ ကျမ်း ဆို နှင့် အ ညီ၊ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် အ တွင်း၊ ထို ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ လ္လင် ပေါ် မှာ ရှို့ ရန် ထင်း အ လှူ ကို၊ အိမ် ထောင် များ အ လိုက် ဆောင် သွင်း ကြ ရန်၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ အ သည် သား တို့ မဲ ချ ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​မွေး​စ​ရာ ထင်း​ပူ​ဇော်​သ​ကာ​ကို၊ တစ်​နှစ်​တစ်​နှစ်​လျှင် ချိန်း​ချက်​သော အ​ချိန်​တို့၌၊ အ​ဆွေ​အ​မျိုး​အ​လိုက် ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား ပြည်​သူ​ပြည်​သား​တို့​သည် စာ​ရေး​တံ​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ပညတ်တရား​တွင် ရေး​ထား​သည့်​အတိုင်း နှစ်စဉ်​သတ်မှတ်​ထား​သော​အချိန်​များ​၌ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်သက္ကာ​ကို​မီးရှို့​ဖို့ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​နှင့် ပြည်သူပြည်သား​တို့​က ငါ​တို့​ဘိုးဘေး​တို့​၏​မိသားစု​အလိုက် ဘုရားသခင်​၏​အိမ်​တော်​သို့​ယူဆောင်​လာ​ရ​မည့်​ထင်း​ကို ငါ​တို့​မဲချ​ဆုံးဖြတ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 10:34
16 ပူးပေါင်းရင်းမြစ်များ  

ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​နှစ်​ဦး​စ​လုံး​၏​သား မြေး​တို့​တွင်​ဗိ​မာန်​တော်​အ​ရာ​ရှိ​များ​နှင့် ဝိ​ညာဉ်​ရေး​ခေါင်း​ဆောင်​များ​ပါ​ရှိ​သ​ဖြင့် တာ​ဝန်​ခွဲ​ခန့်​သတ်​မှတ်​မှု​ကို​မဲ​ချ​၍​ဆောင် ရွက်​ရ​ကြ​လေ​သည်။-


မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့် သတ်​မှတ်​ပေး​ခြင်း​ခံ​ကြ​ရ​သော အိမ်​ထောင် အုပ်​စု​နှစ်​ဆယ့်​လေး​စု​တို့​မှာ၊ ၁။ ယော​ယာ​ရိပ်၊ ၂။ ယေ​ဒါ​ယ၊ ၃။ ဟာ​ရိမ်၊ ၄။ စော​ရိမ်၊ ၅။ မာ​လ​ခိ​ယ၊ ၆။ မိ​ယ​မိန်၊ ၇။ ဟက္ကုတ်၊ ၈။ အ​ဘိ​ယ၊ ၉။ ယေ​ရွှာ၊ ၁၀။ ရှေ​က​နိ၊ ၁၁။ ဧ​လျာ​ရှိပ်၊ ၁၂။ ယာ​ကိမ်၊ ၁၃။ ဟုပ္ပ၊ ၁၄။ ယေ​ရှေ​ဗပ်၊ ၁၅။ ဗိ​လ​ဂ၊ ၁၆။ ဣ​မ္မေရ၊ ၁၇။ ဟေ​ဇိ​ရ၊ ၁၈။ အပ်​ဇဇ်၊ ၁၉။ ပေ​သ​ဟိ၊ ၂၀။ ယေ​ဇ​ကျေ​လ၊ ၂၁။ ယာ​ခိန်၊ ၂၂။ ဂါ​မု​လ၊ ၂၃။ ဒေ​လာ​ယ​နှင့် ၂၄။ မာ​ဇိ တို့​ဖြစ်​သ​တည်း။


ရှော​လ​မုန်​သည်​တု​ရု​ဘု​ရင်​ဟိ​ရံ​ထံ​သို့ သံ​တ​မန်​စေ​လွှတ်​၍``အ​ဆွေ​တော်​သည်​အ​ကျွန်ုပ် ၏​ခမည်း​တော်​ဒါ​ဝိဒ်​အား​နန်း​တော်​ဆောက်​လုပ် ရန်​အ​တွက်​သစ်​က​တိုး​သား​များ​ကို​ရောင်း ချ​ပေး​ခဲ့​သည့်​နည်း​တူ​ကျွန်ုပ်​နှင့်​လည်း​ကုန် သွယ်​မှု​ကို​ပြု​ပါ​လော့။-


ထို့​အ​ပြင်​သူ​တို့​သည်​အ​မြဲ​ပူ​ဇော်​ရ​သည့် တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​ကောင်း၊ လ​ဆန်း​နေ့​ပွဲ​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ အ​ခြား​ပွဲ​နေ့ များ​၌​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​တို့​စေ​တ​နာ အ​လျောက်​ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ ကို​လည်း​ကောင်း​တင်​လှူ​ပူ​ဇော်​ကြ​လေ သည်။-


ခေါင်း​ဆောင်​များ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​၏။ အ​ခြား​သူ​တို့​မူ​ကား​ဆယ် အိမ်​ထောင်​လျှင် တစ်​အိမ်​ထောင်​ကျ​သန့်​ရှင်း သော​ယေ​ရု​ရှ​လင်​မြို့​တော်​တွင်​လည်း​ကောင်း၊ ကျန်​သော​သူ​တို့​ကို​အ​ခြား​မြို့​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​စေ​ရန်​မဲ​ချ​၍ ဆုံး​ဖြတ်​ကြ​၏။-


အ​ချိန်​ကျ​လျှင်​ထင်း​အ​လှူ​ကို​လည်း​ကောင်း၊ ဆန်​စ​ပါး​အ​ဦး​အ​ဖျား​များ​နှင့်​အ​ဦး မှည့်​သည့်​သစ်​သီး​ပူ​ဇော်​သ​ကာ​များ​ကို လည်း​ကောင်း​ယူ​ဆောင်​လာ​ကြ​စေ​ရန်​စီ​မံ​၏။ အို ဘု​ရား​သ​ခင်​ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို သ​တိ​ရ​တော်​မူ​၍​အ​ကျွန်ုပ်​အား​ကျေး​ဇူး ပြု​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး​၏။


စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ်၏။


လေ​ဗ​နုန်​တော​တွင်​ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့ သည် ငါ​တို့​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မ​လုံ​လောက်။ ထို​တော​မှ​သစ်​ပင်​တို့​သည်​လည်း​မီး​မွှေး​ရန်​အ​တွက် မ​လုံ​လောက်။


မုန့်​ညက်​နှစ်​ဆယ့်​လေး​ပေါင်​ဖြင့်​မုန့်​တစ်​ဆယ့် နှစ်​လုံး​ဖုတ်​လော့။-


ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရှိ​သော​ရွှေ​စင် ဖြင့်​မွမ်း​မံ​ထား​သည့်​စား​ပွဲ​ပေါ်​တွင်​မုန့်​လုံး များ​ကို​တစ်​တန်း​လျှင်​မုန့်​ခြောက်​လုံး​ကျ နှစ်​တန်း​စီ​လော့။-


ထို​နောက်​မဲ​ချ​ကြ​ရာ​မ​ဿိ​ရ​ရှိ​သ​ဖြင့် သူ့​အား​တ​မန်​တော်​တစ်​ကျိပ်​တစ်​ပါး​တို့ နှင့်​အ​တူ တ​မန်​တော်​ဖြစ်​စေ​ရန်​ရွေး​ကောက် ခန့်​ထား​ကြ​၏။


တစ်​ချိန်​တည်း​၌​ပင်​သူ​တို့​အား​ကျွန်​များ အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​အ​တွက်​ရေ​ခပ် ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​စေ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင် ရေ​ခပ်​ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​ရ ကြ​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ