ထို့ကြောင့် ဒါဝိဒ်မင်းကြီးသည် သူငယ်အတွက် ဘုရားသခင်ထံ တောင်းပန်၏။ ဒါဝိဒ်မင်းကြီးသည် အစာရှောင်လျက် တစ်ညလုံးမြေပြင်ပေါ်တွင် သွား၍လှဲနေ၏။
နေဟမိ 1:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုစကားကို ငါကြားလျှင် ရက်ပေါင်းများစွာထိုင်၍ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်းလျက်နေလေ၏။ Common Language Bible ထိုစကားကိုကြားသောအခါငါသည် ထိုင်၍ငိုကြွေး၏။ ငါသည်ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်အစာရှောင်ပြီးလျှင်၊- Garrad Bible ထို စ ကား ကို ကြား သော်၊ ငါ သည် ထိုင် နေ ငို ကြွေး ပြီး လျှင်၊ နေ့ ရက် အ တန် ကြာ မြည် တမ်း လျက်၊ မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင့် မျက် မှောက် တော်၌ အ စာ ရှောင်၍ ပ ဌ နာ ပြု သည် မှာ၊ Judson Bible ထိုစကားကိုကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပတ္ထနာ ဟူမူကား၊ |
ထို့ကြောင့် ဒါဝိဒ်မင်းကြီးသည် သူငယ်အတွက် ဘုရားသခင်ထံ တောင်းပန်၏။ ဒါဝိဒ်မင်းကြီးသည် အစာရှောင်လျက် တစ်ညလုံးမြေပြင်ပေါ်တွင် သွား၍လှဲနေ၏။
ဤမြို့နှင့်မြို့သားတို့ကို ထိတ်လန့်စရာ၊ ကျိန်ဆဲစရာဖြစ်စေမည်ဟု ငါဆိုသည်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက်၊ ကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကို ဆုတ်လျက် ငါထာဝရဘုရားရှေ့တော်တွင် ငိုကြွေးသည်ကို ငါကြားပြီ။
ရှောလမုန်မင်းကြီးသည် ဝင်းတော်အလယ်၌ မိမိဆောက်လုပ်၍တည်ထားသော အလျားငါးတောင်၊ အနံငါးတောင်၊ အမြင့်သုံးတောင်ရှိသည့် ကြေးနီစင်မြင့်ပေါ်သို့တက်ပြီး အစ္စရေးလူထုအပေါင်းတို့ရှေ့၌ ဒူးထောက်၍ လက်ကို ကောင်းကင်သို့ဖြန့်လျက်
ပါးရှားဘုရင်ကုရုမင်းကြီးက “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။
ထိုသို့ ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့တွင် မျက်ရည်ကျလျက် ပျပ်ဝပ်၍ အပြစ်ဝန်ချတောင်းပန်နေစဉ် ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များပါမကျန် အစ္စရေးလူအုပ်ကြီးသည် သူ့ထံလာ၍ အော်ဟစ်ငိုကြွေးကြလေ၏။
ထိုအကြောင်းကိုကြားလျှင် ငါသည် အတွင်းအင်္ကျီ၊ အပြင်ဝတ်လုံကိုဆွဲဆုတ်ပြီး ဆံပင်၊ မုတ်ဆိတ်တို့ကို ဆွဲနုတ်ကာ လက်မှိုင်ချလျက်ထိုင်နေမိ၏။
ညနေပူဇော်သက္ကာချိန်ရောက်လျှင် ငါသည် ထိုဆုတ်ဖြဲထားသောအင်္ကျီနှင့် ဝတ်လုံကိုဝတ်လျက်ပင် စိတ်ပျက်ရာမှထ၍ ဒူးထောက်ကာ ငါ၏ဘုရားသခင်ထာဝရဘုရားထံ လက်ကိုဖြန့်လျက်
ငါကလည်း သူတို့အား “ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အား အောင်မြင်ခွင့်ကို ပေးတော်မူမည်။ ကိုယ်တော်၏အစေအပါးများဖြစ်သောငါတို့သည် ထ၍ ပြန်လည်တည်ဆောက်ခြင်းအမှုကို ပြုမည်။ သင်တို့မူကား ဂျေရုဆလင်မြို့တွင် သင်တို့အဖို့ မည်သည့်ဝေစု၊ မည်သည့်အခွင့်အရေး၊ မည်သည့်အမှတ်ရစရာမျှ မရှိ”ဟု ဆိုလေ၏။
ထိုအခါ ရှင်ဘုရင်က “သင်မည်သို့ပြုလိုသနည်း”ဟု ငါ့အား မေးတော်မူလျှင် ငါသည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်း၏။
လူမျိုးတကာတို့သည် ထာဝရဘုရား၏နာမတော်ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်အပေါင်းတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း ကြောက်ရွံ့ကြပါလိမ့်မည်။
ကောင်းကင်ဘုံရှင် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ငါတို့သည် ဘေဘီလုံမြစ်တို့အနားတွင် ထိုင်၍ ဇိအုန်ကိုသတိရလျက် ငိုကြွေးကြ၏။
ဤနက်နဲသောအရာကြောင့် ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့သည် အခြားဘေဘီလုံပညာရှိတို့နှင့်အတူ ကွပ်မျက်မခံရစေရန် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်းအသနားခံကြမည့်အကြောင်း တိုက်တွန်းလေ၏။
ထိုအခါ ငါသည် အစာရှောင်လျက်၊ လျှော်တေအဝတ်ဝတ်လျက်၊ ပြာ၌လူးလျက် အရှင်ဘုရားသခင်ထံ မျက်နှာမူ၍ အသနားခံဆုတောင်းလေ၏။
သူက “ငါသည် ဟေဗြဲလူမျိုးဖြစ်၏။ ပင်လယ်နှင့်ကုန်းမြေကို ဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သူ ဖြစ်ပါသည်”ဟု သူတို့အား ဆို၏။
“သတ်မှတ်ထားသောပွဲတော်ကြောင့် ဝမ်းနည်းနေရ၍ သင်၏ကဲ့ရဲ့ခြင်းဝန်ကိုလည်း ထမ်းနေရသောသူတို့ကို ငါစုဝေးမည်။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။