နေဟမိ 2:20 - မြန်မာ့စံမီသမ္မာကျမ်း20 ငါကလည်း သူတို့အား “ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အား အောင်မြင်ခွင့်ကို ပေးတော်မူမည်။ ကိုယ်တော်၏အစေအပါးများဖြစ်သောငါတို့သည် ထ၍ ပြန်လည်တည်ဆောက်ခြင်းအမှုကို ပြုမည်။ သင်တို့မူကား ဂျေရုဆလင်မြို့တွင် သင်တို့အဖို့ မည်သည့်ဝေစု၊ မည်သည့်အခွင့်အရေး၊ မည်သည့်အမှတ်ရစရာမျှ မရှိ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ထိုအခါငါက``ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အားအောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။ ငါတို့သည်ကိုယ်တော်၏ အစေခံများဖြစ်၍ဗိမာန်တော်တည်ဆောက် မှုကိုအစပြုကြမည်။ သင်တို့မူကားယေရု ရှလင်မြို့တွင်ဘာမျှမပိုင်။ ဤမြို့တွင်သင် တို့နှင့်ဆိုင်သောမှတ်သားဖွယ်ရာဘာမျှ မရှိ'' ဟုပြန်ပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible20 ငါ က၊ မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင် သည်၊ ငါ တို့ အ ကြံ ထ မြောက် စေ တော် မူ မည် ဖြစ် ၍၊ ကိုယ် တော့် ကျွန် ဖြစ် သော ငါ တို့ တည် လုပ် ကြ ပါ လိမ့် မည်။ သင် တို့ မူ ကား၊ ယေ ရု ရှ လင် မြို့ နှင့် ဘာ မျှ မ ဆိုင် မ ပိုင်၊ အ မှတ် အ သား မ ရှိ ဟု ပြန် ပြော လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဇေရုဗဗေလ၊ ယေရွှာနှင့် အစ္စရေးအိမ်ထောင်စုအကြီးအမှူးတို့က “ငါတို့ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှုသည် သင်တို့နှင့်မဆိုင်၊ ငါတို့နှင့်သာ ဆိုင်၏။ ပါးရှားဘုရင် ကုရုမင်းကြီး မိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ငါတို့သာလျှင် တည်ဆောက်ရမည်”ဟု ပြန်ပြော၏။
“ရှင်ဘုရင်က ဆင့်ခေါ်ခြင်းမရှိဘဲ နန်းတွင်းဆောင်ရှိ ရှင်ဘုရင်ထံသို့ ဝင်လာသောသူ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထိုသူအတွက် တစ်ခုတည်းသောအမိန့်မှာ သေဒဏ်ဖြစ်၏။ ရှင်ဘုရင်၏ရွှေရာဇလှံတံကမ်းလှမ်းခြင်းခံရသောသူသာ အသက်ချမ်းသာခွင့်ရ၏။ ဤအမိန့်ကို ရှင်ဘုရင်၏အမှုထမ်းအားလုံးမှစ၍ ရှင်ဘုရင်ပိုင်နယ်မြေဒေသအသီးသီးမှလူတို့ သိကြ၏။ အကျွန်ုပ်သည်လည်း ရှင်ဘုရင်ထံသို့ဝင်ရန်ဆင့်ခေါ်ခြင်းမခံရသည်မှာ ရက်ပေါင်းသုံးဆယ်ရှိပြီ”ဟု ဟာတက်မှတစ်ဆင့် အကြောင်းပြန်လိုက်၏။
သင်တို့ဝမ်းမြောက်ရာနေ့ဖြစ်သည့် သတ်မှတ်ထားသောပွဲတော်များနေ့၊ လဆန်းနေ့တို့၌ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်သောအခါ တံပိုးခရာကိုမှုတ်ရမည်။ သင်တို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် အောက်မေ့ဖွယ်ရာဖြစ်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏”ဟု မိန့်တော်မူ၏။