အကျွန်ုပ်သည် ယနေ့ စမ်းရေတွင်းသို့ရောက်သောအခါ ‘အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်လာသောခရီးစဉ်အောင်မြင်စေရန် ကိုယ်တော်အလိုရှိလျှင်
နေဟမိ 1:11 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။ Common Language Bible အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။ Garrad Bible အို အ ရှင် ဘု ရား၊ နာ မ တော် ကို ကြည် ညို ခန့် ညား သော ကျွန် တော် မျိုး မှ စ၍ ကျွန် တော် အ ပေါင်း တို့ ပ ဌ နာ ကို နား ညောင်း လျက်၊ ယ နေ့ ပင် ကျွန် တော် မျိုး ကို ကောင်း ကျိုး ပေး၍၊ ဤ သူ့ ရှေ့ မျက် နှာ ရ စေ တော် မူ ပါ ဟု တောင်း လျှောက် လေ၏။ ထို အ ခါ၊ ငါ ကား ရေ ကြည် ဝန် ဖြစ် သ တည်း။ Judson Bible အို ဘုရားရှင်၊ ကိုယ်တော်ကျွန်ပြုသော ပတ္ထနာစကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များပြုသော ပတ္ထနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ ကောင်ချီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင်ဘုရင်၏ ဖလားတော်ကိုင် ဖြစ်သတည်း။ |
အကျွန်ုပ်သည် ယနေ့ စမ်းရေတွင်းသို့ရောက်သောအခါ ‘အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်လာသောခရီးစဉ်အောင်မြင်စေရန် ကိုယ်တော်အလိုရှိလျှင်
အကျွန်ုပ်အစ်ကိုဧသော၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကြောင်းမူကား သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ ကလေးနှင့်မိခင်တို့ကိုလည်းကောင်း တိုက်ခိုက်မည်ကိုအကျွန်ုပ်ကြောက်ပါ၏။
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
ထို့နောက်တွင် အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် မိမိတို့၏သခင် အီဂျစ်ဘုရင်ကိုပြစ်မှားကြ၏။
ဖာရောမင်းကြီးသည် မိမိ၏မင်းမှုထမ်းနှစ်ယောက်ဖြစ်သော ဖလားတော်ဝန်နှင့်စားတော်ဝန်ကို အမျက်ထွက်လေ၏။
ဖလားတော်ဝန်အား ဖလားတော်ဝန်ရာထူးကိုပြန်ပေး၍ သူသည် ဖာရောမင်းကြီး၏လက်သို့ ခွက်ဖလားကို ပြန်လည်ဆက်သခွင့်ရရှိလေ၏။
ထိုအခါ ဖလားတော်ဝန်က ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ယနေ့ ကိုယ့်အပြစ်ကို ကိုယ်အောက်မေ့ပါ၏။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်တို့ကို သနားစုံမက်တော်မူ၍ ထိုသူသည် သင်တို့၏ညီအစ်ကိုရှိမောင်နှင့်ဗင်္ယာမိန်ကို သင်တို့နှင့်အတူပြန်လွှတ်ပေးပါစေသော။ ငါသည် သားများကိုဆုံးရှုံးလျှင်လည်း ဆုံးရှုံးရပါတော့မည်”ဟု ဆိုလေ၏။
အို အကျွန်ုပ်၏ဘုရားသခင်၊ ယခု မြင်တော်မူလှည့်ပါ။ ဤနေရာတွင် ဆုတောင်းသောအသံကို နားစွင့်တော်မူပါ။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။
ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။
မျက်စိကိုဖွင့်၊ နားကိုစွင့်တော်မူ၍ ကိုယ်တော်၏အစေအပါးအစ္စရေးလူမျိုးတို့အတွက် ရှေ့တော်၌ နေ့ညမပြတ်ဆုတောင်းပေးသောကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ အစ္စရေးလူမျိုးတို့ ကျူးလွန်မိသောအပြစ်၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ဘိုးဘေးအမျိုးအနွယ်တို့ ကျူးလွန်မိသောအပြစ်တို့ကို ဝန်ချတောင်းပန်ပါ၏။
အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မြောက်၊ နိသန်လတွင် ရှေ့တော်၌ ရှိသော စပျစ်ဝိုင်ကို ငါသည် ယူ၍ ရှင်ဘုရင်ထံ ဆက်သ၏။ ထိုစဉ် ငါသည် ယခင်က မဖြစ်စဖူး မျက်နှာညှိုးငယ်လျက်ရှိ၏။
ထို့ပြင် အိမ်တော်နားရှိ ရဲတိုက်တံခါးများ၊ မြို့တံတိုင်းနှင့် အကျွန်ုပ်နေဖို့အိမ်တို့ကို ဆောက်လုပ်ရန် သစ်များကိုပေးမည့်အကြောင်း အရှင်မင်းကြီး၏သစ်တောဝန်အာသပ်ထံ အမိန့်စာကို ပါးလိုက်တော်မူပါ”ဟု တောင်းလျှောက်ရာ ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ရှင်ဘုရင်သည် ငါတောင်းဆိုသည့်အတိုင်း ပြုပေး၏။
သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသောသူ အပေါင်းတို့သည် သူတို့ကိုသနားစုံမက်ကြစေရန် ပြုတော်မူ၏။
အို ဘုရားရှင်၊ အကျွန်ုပ်၏အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို နားစွင့်တော်မူပါ။
အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ကတိသစ္စာစကားများကို ကြားတော်မူ၍ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့သောသူတို့ဆက်ခံရသည့်အမွေကို အကျွန်ုပ်အား ပေးတော်မူပြီ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို အာရုံစိုက်တော်မူပါ။
အကြောင်းမူကား သူတို့သည် အသိပညာကိုမုန်း၍ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို မရွေးချယ်ကြ။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ငါသည် သင်တို့အား သနားစုံမက်မည်။ သို့ဖြစ်၍ ထိုဘုရင်သည် သင်တို့ကို သနားစုံမက်၍ သင်တို့နေရင်းပြည်သို့ သင်တို့ကို ပြန်လာစေမည်’ဟု မိန့်တော်မူပြီ။
ထိုအချိန်တွင် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသောသူတို့အချင်းချင်းပြောဆိုသောစကားကို ထာဝရဘုရားနားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေပြီး နာမတော်ကို ကြည်ညိုလေးစားသောသူတို့နှင့်ပတ်သက်၍ ရှေ့တော်၌ အောက်မေ့စရာမှတ်တမ်းစာလိပ်တွင် ရေးမှတ်ထား၏။
ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်းမူကား ငါတို့၌ ကြည်လင်သောအသိစိတ်ရှိကြသည်ဟု ငါတို့ယုံကြည်စိတ်ချလျက် အရာရာ၌ လျောက်ပတ်စွာအသက်ရှင်နေထိုင်ရန်အလိုရှိကြ၏။