သူသည် ထိုပြည်မှ အဆီးရီးယားပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်မြို့၊ ကာလမြို့ကိုလည်းကောင်း၊
နာဟုံ 1:1 - မြန်မာ့စံမီသမ္မာကျမ်း နိနေဝေမြို့နှင့်ဆိုင်သောဗျာဒိတ်တော်၊ ဧလကောရှရွာသားနာဟုံခံရသောဗျာဒိတ်နိမိတ်ဆိုင်ရာမှတ်တမ်းကား ဤသို့တည်း။ Common Language Bible ဤအကြောင်းအရာသည်နိနေဝေမြို့နှင့် ပတ်သက်သည့်ဗျာဒိတ်တော်ဖြစ်၍ ဧလ ကောရှရွာသားနာဟုံတွေ့မြင်ရသည့် ဗျာဒိတ်ရူပါရုံအကြောင်းပင်ဖြစ်ပေ သည်။ Garrad Bible နိ န ဝေ မြို့ ကို ရည်၍ ဧ လ ကော ရှ မြို့ သား နာ ဟုံ မြော် မြင် သော ဗျာ ဒိတ် တော် ကျမ်း ဟူ မူ ကား။ Judson Bible ဧလကောရှရွာသား နာဟုံခံရ၍၊ နိနေဝေမြို့နှင့် ဆိုင်သော ဗျာဒိတ်တော်အချက်ဟူမူကား၊ |
သူသည် ထိုပြည်မှ အဆီးရီးယားပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်မြို့၊ ကာလမြို့ကိုလည်းကောင်း၊
ထိုအခါ အဆီးရီးယားဘုရင် သနာခရိပ်မင်းကြီးသည် တပ်ဆုတ်၍ လှည့်ပြန်သွားပြီး နိနေဝေမြို့၌ စံမြန်းလေ၏။
အဆီးရီးယားလူမျိုးသည် အမင်္ဂလာရှိ၏။ ထိုလူမျိုးသည် ငါ့အမျက်တော်ကြိမ်လုံးဖြစ်၏။ သူတို့ကိုင်ဆောင်သောတုတ်သည် ငါ၏အမျက်ဖြစ်၏။
မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ မောဘပြည်၊ အာရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။ မောဘပြည်၊ ကိရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။
အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောတိမ်တိုက်ကိုစီး၍ အီဂျစ်ပြည်သို့ ကြွလာတော်မူ၏။ အီဂျစ်ပြည်၏ရုပ်တုတို့သည် ကိုယ်တော်၏ရှေ့၌ လှုပ်ခါကြ၍ အီဂျစ်ပြည်သားတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။
ပင်လယ်နားရှိတောကန္တာရနှင့်ဆိုင်သောဗျာဒိတ်တော်။ နေဂေ့အရပ်၌တိုက်ခတ်သောလေပွေကဲ့သို့ ဘေးသည် တောကန္တာရ၊ ကြောက်မက်ဖွယ်ပြည်မှလာ၏။
စိတ်အာရုံချိုင့်ဝှမ်းနှင့်ဆိုင်သောဗျာဒိတ်တော်။ မည်သည့်အကြောင်းကြောင့် သင်တို့အားလုံး ခေါင်မိုးပြင်ပေါ်သို့တက်သွားကြသနည်း။
တိုင်ရာမြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ တာရှုသင်္ဘောတို့၊ ညည်းတွားငိုကြွေးကြလော့။ အကြောင်းမူကား တိုင်ရာမြို့သည် အိမ်မရှိ၊ ဆိပ်ကမ်းမရှိတော့သည့်တိုင်အောင် ဖျက်ဆီးခံရလေပြီဟု ဆိုက်ပရပ်ပြည်မှတစ်ဆင့် ကြားသိရပြီ။
သင်နှင့်ကျွန်ုပ်မရှိမီ ယခင်ကရှိနှင့်သော ပရောဖက်တို့သည် တိုင်းနိုင်ငံကြီးများနှင့်တကွ အပြည်ပြည်တို့တွင် စစ်ဘေး၊ ဆင်းရဲဒုက္ခဘေးနှင့် ကပ်ရောဂါဘေးတို့ဖြစ်မည့်အကြောင်း ပရောဖက်ပြုဟောပြောခဲ့ကြ၏။
“ထလော့။ နိနေဝေမြို့ကြီးသို့ သွားလော့။ သူတို့ပြုသောမကောင်းမှုများသည် ငါ့ရှေ့မှောက်တွင် ထင်ရှားလှပြီဖြစ်၍ သူတို့ကို ဆန့်ကျင်ဟောပြောလော့”ဟု မိန့်ဆို၏။
ရှေးယခင်ကတည်းက နိနေဝေမြို့သည် ရေစီးထွက်နေသောရေကန်နှင့်တူ၏။ “ရပ်ပါ ရပ်ပါ”ဟု ဆိုသော်လည်း မည်သူမျှ ပြန်လှည့်မလာကြ။
ကိုယ်တော်သည် မြောက်ဘက်အရပ်သို့ လက်ကိုဆန့်၍ အဆီးရီးယားပြည်ကို ဖျက်ဆီးမည်။ နိနေဝေမြို့ကိုလည်း လူသူကင်းမဲ့ရာ၊ ခြောက်သွေ့သောကန္တာရကဲ့သို့ ဖြစ်စေမည်။
ထာဝရဘုရား၏ဗျာဒိတ်စကားသည် ဟာဒရက်ပြည်ကို ဆန့်ကျင်၍ ဗျာဒိတ်တော်တည်ရာ ဒမတ်စကပ်မြို့အပေါ်သို့ သက်ရောက်၏။ အကြောင်းမူကား အစ္စရေးအမျိုးအနွယ်အပါအဝင် လူအပေါင်းတို့သည် ထာဝရဘုရားကို မျှော်ကြည့်ကြ၏။