ဤသို့ဖြစ်ရခြင်းမှာ အစ္စရေးလူမျိုးတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို မနာခံသည့်အပြင် ထာဝရဘုရား၏အစေအပါးမောရှေအားဖြင့် မိန့်မှာထားသည့် ပဋိညာဉ်ရှိသမျှကိုလည်း မနာခံမလိုက်လျှောက်ဘဲ ချိုးဖောက်ကြသောကြောင့် ဖြစ်၏။
ဒံယေလ 9:5 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့ ပြစ်မှားမိကြပါပြီ။ ဒုစရိုက်ကို ပြုမိကြပါပြီ။ အကျွန်ုပ်တို့သည် ဆိုးယုတ်၍ ကိုယ်တော့်ကို ပုန်ကန်မိကြပါပြီ။ ကိုယ်တော်၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များမှ လမ်းလွဲမိကြပါပြီ။ Common Language Bible ``အကျွန်ုပ်တို့သည်အပြစ်ကူးမိကြပါ ပြီ။ အမှားကိုပြုမိကြပါပြီ။ ညစ်ညူးသူ များဖြစ်၍ပုန်ကန်မိကြပါပြီ။ အကျွန်ုပ် တို့သည်ကိုယ်တော်၏အမိန့်တော်တို့ကို ပစ်ပယ်၍ ကိုယ်တော်ပြတော်မူသောပညတ် များမှသွေဖည်မိကြပါပြီ။- Garrad Bible အ ကျွန်ုပ် တို့ သည် ပြစ် မှား၍ ဒု စ ရိုက် ကို ပြု မိ ကြ ပါ ပြီ။ ဆိုး သွမ်း မှု ကို ပြု လျက် ပုန် ကန် မိ ကြ ပါ ပြီ။ Judson Bible အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင်ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။ |
ဤသို့ဖြစ်ရခြင်းမှာ အစ္စရေးလူမျိုးတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို မနာခံသည့်အပြင် ထာဝရဘုရား၏အစေအပါးမောရှေအားဖြင့် မိန့်မှာထားသည့် ပဋိညာဉ်ရှိသမျှကိုလည်း မနာခံမလိုက်လျှောက်ဘဲ ချိုးဖောက်ကြသောကြောင့် ဖြစ်၏။
အကြောင်းမူကား သူတို့၏ဘိုးဘေးများ အီဂျစ်ပြည်မှထွက်လာသည့်နေ့မှစ၍ ယနေ့အချိန်ထိ သူတို့သည် ငါ့မျက်မှောက်တွင်ပင် မကောင်းမှုများကိုပြုပြီး ငါ့ကို အမျက်ထွက်စေကြပြီ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေလေ၏။
“အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် အလွန်ရှက်လှပါ၏။ အသရေပျက်လျက် ရှိပါ၏။ ကိုယ်တော့်ကို မမျှော်ကြည့်ဝံ့ပါ။ အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များသည် ဦးခေါင်းကိုပင် ကျော်လွန်၍ မိုးကောင်းကင်ထိတိုင် ရောက်ပါပြီ။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်အတူ အပြစ်ပြုကြပါပြီ။ ဒုစရိုက်ကိုပြုကြပါပြီ။ ဆိုးယုတ်သောအမှုကိုပြုကြပါပြီ။
ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့မှ ဖယ်ခွာမသွားပါ။
အကျွန်ုပ်သည် ပျောက်သောသိုးကဲ့သို့လမ်းလွဲပါပြီ။ ကိုယ်တော်၏အစေအပါးကို ရှာတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကိုမမေ့လျော့ပါ။
အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ဆိုးယုတ်သောအမှုကို မပြုပါ။ ငါ၏ဘုရားသခင်ထံမှ ကျောခိုင်းမသွားပါ။
ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏။
ထာဝရဘုရားကိုပြစ်မှားကြ၏။ ငြင်းပယ်ကြ၏။ ဘုရားသခင်နောက်တော်သို့လိုက်ခြင်းမှ ပြန်ဆုတ်သွားကြ၏။ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းအကြောင်းကို ပြောဆိုကြ၏။ စိတ်နှလုံးထဲ၌သန္ဓေတည်နေသော မုသားစကားကို မြွက်ဆိုကြ၏။
ကိုယ်တော်မှတစ်ပါး မျှော်လင့်စောင့်စားသောသူအား ကျေးဇူးပြုပေးတော်မူသောဘုရားဟူ၍ မရှိ။ ရှိသည်ဟု ရှေးကာလကတည်းက မည်သူမျှမကြားဖူး၊ မသိဖူး၊ မျက်စိဖြင့်လည်း မမြင်ဖူးပေ။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏ဆိုးယုတ်မှု၊ ဘိုးဘေးတို့၏အပြစ်တို့ကို ဝန်ခံပါ၏။ အကယ်စင်စစ် အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိကြပါပြီ။
အကျွန်ုပ်တို့၏အပြစ်များက အကျွန်ုပ်တို့ကိုသက်သေထူနေသော်လည်း အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာလမ်းလွဲဖောက်ပြန်၍ ကိုယ်တော်ကိုပြစ်မှားကြပါပြီ။
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။
သင့်ကိုချစ်ခင်သောသူအပေါင်းတို့သည် သင့်ကိုမေ့လျော့ကြပြီ။ သင့်ကို ဂရုမစိုက်ကြ။ အကြောင်းမူကား သင်၏အပြစ်များပြား၍ သင်၏ဒုစရိုက်ကြီးမားသောကြောင့် ရန်သူ၏တိုက်ခိုက်ခြင်းအားဖြင့်လည်းကောင်း၊ ကြမ်းကြုတ်သောသူ၏ဆုံးမခြင်းအားဖြင့်လည်းကောင်း သင့်ကို ငါဒဏ်ခတ်လေပြီ။
အကြောင်းမူကား ထိုမြို့သူမြို့သားတို့သည် သူတို့ကိုယ်တိုင်မသိ၊ သင်တို့လည်းမသိ၊ သင်တို့ဘိုးဘေးလည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြ၏၊ ဝတ်ပြုကြ၏။ ထိုသို့သော မကောင်းမှုကိုပြုခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်ကြ၏။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါမူကား ထာဝရဘုရား၏အမိန့်တော်ကို ဖီဆန်လေပြီ။ လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ ငါခံရသောဒုက္ခဝေဒနာကို ကြည့်ရှုကြလော့။ ငါ၏အပျို၊ လူပျိုတို့သည် သုံ့ပန်းအဖြစ် လိုက်ပါသွားရလေပြီ။
အို ထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ဆင်းရဲဒုက္ခရောက်ပါပြီ။ အကျွန်ုပ်အထဲ၌ ပွက်ပွက်ဆူနေပြီ။ အကျွန်ုပ်သည် ဖီဆန်ပုန်ကန်မိပါပြီ။ ထို့ကြောင့် အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အတွင်း၌ မငြိမ်မသက်ဖြစ်လျက်ရှိ၏။ အိမ်ပြင်၌ ဓားဘေးရှိ၏။ အိမ်ထဲ၌လည်း သေဘေးရှိ၏။
ငါတို့ အပြစ်ကျူးလွန်မိပြီ၊ ပုန်ကန်မိပြီ။ ကိုယ်တော်သည် ငါတို့ကို ခွင့်လွှတ်တော်မမူ။
သို့သော် သူသည် ဆိုးယုတ်သောအမှုကိုပြုလျက် လူမျိုးတကာတို့ထက် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို သာ၍ဖီဆန်ကြ၏။ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံများထက် ငါ့ပြဋ္ဌာန်းချက်တို့ကို သာ၍ဖီဆန်ကြ၏။ စင်စစ် သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်နာဘဲနေကြ၏’ဟု မိန့်တော်မူ၏။
ထိုသို့ ဖမ်းသွားခြင်းခံရ၍ လူမျိုးခြားတို့အလယ်ရောက်ရှိနေသော ကြွင်းကျန်သူတို့သည် စိတ်နှလုံးဖောက်ပြန်၍ ငါ့ထံမှလမ်းလွဲသွားသောကြောင့်၊ မျက်စိဖောက်ပြန်၍ ရုပ်တုများနောက်သို့ လိုက်သွားခဲ့သောကြောင့် ငါမည်မျှရင်ကျိုးခဲ့ရသည်ကို သူတို့သိနားလည်လာကြလိမ့်မည်။ သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံရှာကြလိမ့်မည်။
အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ပညတ်တော်ကို ချိုးဖောက်၍ လမ်းလွဲကြပါပြီ။ ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ အကျွန်ုပ်တို့သည် ဘုရားသခင်ကိုပြစ်မှားကြသောကြောင့် ကိုယ်တော်၏အစေအပါးမောရှေရေးမှတ်ထားသောပညတ္တိကျမ်းတွင်ပါသည့် တိုင်တည်ကျိန်ဆိုခြင်းကို ကိုယ်တော်သည် အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မူပြီ။
တန်ခိုးကြီးသောလက်တော်ဖြင့် လူမျိုးတော်ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့သောအကျွန်ုပ်တို့၏အရှင် ဘုရားသခင်၊ အကျွန်ုပ်တို့သည် ယနေ့တိုင် အပြစ်ပြုလျက်၊ ဆိုးယုတ်လျက်သာ ရှိပါ၏။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အရှင် ဘုရားသခင်ကိုပုန်ကန်ကြသော်လည်း ကိုယ်တော်သည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။ အပြစ်ကို ခွင့်လွှတ်ပေးပါ၏။
ဦးစွာဟောရှေအားဖြင့် ထာဝရဘုရားမိန့်ဆိုရာတွင် ထာဝရဘုရားက ဟောရှေအား “သင်သွား၍ ပြည့်တန်ဆာမိန်းမတစ်ဦးနှင့်စုံဖက်ပြီးလျှင် ပြည့်တန်ဆာသားသမီးတို့ကို မွေးဖွားလော့။ အကြောင်းမူကား ပြည်သည် အထပ်ထပ်ဖောက်ပြန်မှားယွင်းလျက် ထာဝရဘုရားထံမှ လမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။
သင်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ သင်တို့သည် ငါ့ပြဋ္ဌာန်းချက်တို့ကို မစောင့်ထိန်းဘဲ ရှောင်လွှဲသွားကြပြီ။ ငါ့ထံ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ထံ ပြန်လာမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်ဆိုသည်ကိုပင် သင်တို့က “ငါတို့ မည်သို့ပြန်လာရမည်နည်း”ဟု ပြောဆိုကြ၏။
ညီအစ်ကိုတို့၊ သင်တို့တွင် မယုံကြည်တတ်သောဆိုးညစ်သည့်စိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင်ထံတော်မှ ထွက်ခွာသွားမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။