သူသည် ပုန်းအောင်းနေသောခြင်္သေ့ကဲ့သို့ ကွယ်ရာမှ ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကိုဖမ်းဆီးရန် ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကို သူ၏ပိုက်ကွန်ထဲသို့ဆွဲယူဖမ်းဆီးတတ်၏။
ဒံယေလ 6:7 - မြန်မာ့စံမီသမ္မာကျမ်း အရှင်မင်းကြီး၊ ဤရက်သုံးဆယ်အတွင်း အရှင်မင်းကြီးမှလွဲ၍ အခြားဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ အသနားခံဆုတောင်းသောသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းခံရမည်ဟူသောတားမြစ်အမိန့်ကို အတည်ပြုအမိန့်ထုတ်ပြန်စေလိုပါသည်ဟု နိုင်ငံအကြီးအကဲများဖြစ်သည့်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအရာရှိများ၊ မင်းအတိုင်ပင်ခံများ၊ ဘုရင်ခံများအားလုံးသဘောတူတိုင်ပင်ကြပါ၏။ Common Language Bible အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။- Garrad Bible နိုင် ငံ တော် ဘု ရင် ခံ ချုပ်၊ ဘု ရင် ခံ မင်း၊ ဗိုလ် မှူး ဝန် ကြီး၊ တ ရား ဝန် မင်း၊ မြို့ ဝန် အ ပေါင်း တို့ က ဘု ရင် မင်း မြတ် မှ တစ် ပါး အ ခြား လူ့ ထံ သော် လည်း ကောင်း၊ ဘု ရား ထံ သော် လည်း ကောင်း ရက် ပေါင်း သုံး ဆယ် အ တွင်း ဆု တောင်း သူ မည် သူ မ ဆို၊ ခြင်္သေ့ အောင်း သော တွင်း ထဲ သို့ ပစ် ချ ဒဏ် ခံ စေ ဟူ သော ဥ ပ ဒေ ကို အ တည် ပြု၍ ထုတ် ဆင့် စေ ခြင်း ငှာ သ ဘော တူ တိုင် ပင် ကြ ပါ ပြီ။ Judson Bible ကိုယ်တော်မြတ်မှတစ်ပါး အခြားသော လူကိုဖြစ်စေ၊ ဘုရားကို ဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်ရမည်ဟု မဖောက်ပြန်နိုင်သော အမိန့်တော်မြတ်ကို ထုတ်စေခြင်းငှာ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။ |
သူသည် ပုန်းအောင်းနေသောခြင်္သေ့ကဲ့သို့ ကွယ်ရာမှ ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကိုဖမ်းဆီးရန် ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကို သူ၏ပိုက်ကွန်ထဲသို့ဆွဲယူဖမ်းဆီးတတ်၏။
ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
အကြောင်းမူကား သူတို့သည် အကျွန်ုပ်၏အသက်ကိုသတ်ရန် ချောင်းမြောင်းကြပါ၏။ ခွန်အားကြီးသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ပူးပေါင်းကြံစည်ကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ကျူးလွန်သောအပြစ်ကြောင့် မဟုတ်ပါ။ အကျွန်ုပ်၏အပြစ်ကြောင့်လည်းမဟုတ်ပါ။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ဖြစ်ပါ၏။ လူမျိုးအပေါင်းတို့ကိုဒဏ်ခတ်ရန် ထတော်မူပါ။ သစ္စာမဲ့သောယုတ်ညံ့သူတစ်စုံတစ်ဦးကိုမျှ သနားတော်မမူပါနှင့်။(စေလာ)
ထိုသူကို မြင့်သောသူ၏ရာထူးမှ ဆွဲချရန်သာ သူတို့လျှို့ဝှက်ကြံစည်ကြ၏။ သူတို့သည် လိမ်လည်ခြင်းကိုနှစ်သက်ကြ၏။ သူတို့နှုတ်ဖြင့် ကောင်းချီးပေးကြသော်လည်း သူတို့စိတ်ထဲ၌ ကျိန်ဆဲကြ၏။(စေလာ)
အမှန်စင်စစ် သူတို့သည် စိတ်သဘောတညီတညွတ်တည်းဖြင့် လျှို့ဝှက်ကြံစည်ကြ၍ ကိုယ်တော်ကိုဆန့်ကျင်လျက် မဟာမိတ်ဖွဲ့ကြပါ၏။
ပြဋ္ဌာန်းချက်အားဖြင့် အခက်အခဲပြဿနာကို ဖြစ်ပေါ်စေသော ယုတ်မာစဉ်းလဲသည့်ရာဇပလ္လင်သည် ကိုယ်တော်နှင့်မိတ်ဖွဲ့နိုင်ပါမည်လော။
ခါလဒဲပညာရှိတို့ကလည်း အာရမိတ်ဘာသာစကားဖြင့် ရှင်ဘုရင်အား “အို အရှင်မင်းကြီး၊ သက်တော်ထာဝရတည်ပါစေသော။ ကျွန်တော်မျိုးတို့အား အိပ်မက်ကိုပြောပြတော်မူပါ။ ကျွန်တော်မျိုးတို့ အနက်အဓိပ္ပာယ်ကို ဖွင့်ပြပါမည်”ဟု ပြန်လျှောက်ကြ၏။
မပျပ်ဝပ် မရှိခိုးသောသူ မည်သူမဆို မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ပစ်ချခြင်းခံရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပါ၏။
မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ အတိုင်ပင်ခံများ၊ ဘဏ္ဍာစိုးများ၊ တရားဝန်ကြီးများ၊ မင်းအရာရှိများမှစ၍ နယ်ပိုင်အပေါင်းတို့စုရုံး၍ သူတည်ထားသောရုပ်တုကြီး၏အနုမောဒနာပွဲသို့ လာရောက်ကြရန် ဆင့်ခေါ်လေ၏။
ထိုအခါ မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ ဘုရင့်အတိုင်ပင်ခံများ ဝိုင်းအုံကြည့်ကြရာ ထိုသူတို့၏ကိုယ်ခန္ဓာကို မီးမလောင်၊ ဦးခေါင်းမှဆံပင်လည်း မီးမဟပ်၊ ဝတ်ရုံများလည်း မပျက်စီး၊ သူတို့ကိုယ်တွင်လည်း မီးခိုးနံ့ပင် မရကြောင်းကို တွေ့ရလေ၏။
မပျပ်ဝပ်မရှိခိုးသောသူ မည်သူမဆို မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်း ခံရမည်”ဟု ကျယ်လောင်စွာ ကြေညာလေ၏။
ထို့ကြောင့် ရှင်ဘုရင်အမိန့်ပေး၍ သူတို့သည်လည်း ဒံယေလကို ခေါ်လာကြပြီး ခြင်္သေ့တွင်းထဲသို့ ပစ်ချလိုက်လေ၏။ ရှင်ဘုရင်ကလည်း ဒံယေလအား “သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကိုကယ်တင်တော်မူပါစေသော”ဟု မိန့်ဆို၏။
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။
ခြင်္သေ့ထီးသည် သားပေါက်များ စားလောက်အောင် သားကောင်ကိုသတ်ဖြတ်ကိုက်ဖဲ့ပေး၏။ ခြင်္သေ့မတို့အတွက် သားကောင်တို့ကို ဖမ်းဆီးသတ်ဖြတ်ပေး၏။ ခိုအောင်းရာဂူထဲ၌ သားကောင်များနှင့် ပြည့်စေ၏။
ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင်ဆွေးနွေးကြ၏။
နံနက်စောစောအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများသည် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများမှစ၍ တရားလွှတ်တော်အဖွဲ့ဝင်အားလုံးနှင့်အတူ ချက်ချင်းတိုင်ပင်ဆွေးနွေးကြပြီးလျှင် ယေရှုကိုချည်နှောင်လျက်ခေါ်ဆောင်သွားကာ ပိလတ်မင်းထံအပ်နှံကြ၏။
ထို့ကြောင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် လာဇရုကိုလည်းသတ်ရန် တိုင်ပင်ကြံစည်ကြ၏။