ဒံယေလ 3:2 - မြန်မာ့စံမီသမ္မာကျမ်း2 မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ အတိုင်ပင်ခံများ၊ ဘဏ္ဍာစိုးများ၊ တရားဝန်ကြီးများ၊ မင်းအရာရှိများမှစ၍ နယ်ပိုင်အပေါင်းတို့စုရုံး၍ သူတည်ထားသောရုပ်တုကြီး၏အနုမောဒနာပွဲသို့ လာရောက်ကြရန် ဆင့်ခေါ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 မင်းကြီးသည်မင်းညီမင်းသားများ၊ ဘုရင်ခံ များ၊ ဒုတိယဘုရင်ခံများ၊ တိုင်းမင်းကြီး များ၊ ငွေတိုက်စိုးများ၊ တရားသူကြီးများ၊ ရဲမှူးများအစရှိသည့်အရာရှိအပေါင်း တို့အား မိမိတည်ထားသည့်ရွှေရုပ်ကြီး အနုမောဒနာပွဲကိုတက်ရောက်ကြရန် အမိန့်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 ဘု ရင် ခံ မင်း များ မှ စ၍ ဗိုလ် မှူး ဝန် ကြီး၊ မြို့ ဝန်၊ လွှတ် တော် မင်း၊ အ ခွန် တော် ဝန်၊ တ ရား ဝန် မင်း၊ မှူး တော် မတ် တော်၊ အ ဝေး မြို့ ဝန် ရှိ သ မျှ တို့ ကို နေ ဗု ခဒ် နေ ဇာ မင်း တည် ထား သော ရုပ် တု အ နု မော ဒ နာ ပွဲ သို့ လာ ရောက် စည်း ဝေး စေ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible2 စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် မင်းကြီးတည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာခေါ်သောပွဲသို့ စုဝေးစေခြင်းငှာ အမိန့်တော်ရှိ၍၊ အခန်းကိုကြည့်ပါ။ |
ထို့ပြင် ယေရောဗောင်မင်းကြီးသည် ယုဒပြည်တွင်ကျင်းပသောပွဲကဲ့သို့ အဋ္ဌမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ပွဲကျင်းပပြီး ယဇ်ပလ္လင်တွင် ယဇ်ပူဇော်၏။ ဗေသလမြို့တွင်တည်ထားသောနွားသငယ်ရုပ်တုကိုလည်း ယဇ်ပူဇော်၏။ ဗေသလမြို့ရှိ သူတည်ထားသောအထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များကို ခန့်ထား၏။
ထို့ကြောင့် မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ အတိုင်ပင်ခံများ၊ ဘဏ္ဍာစိုးများ၊ တရားဝန်ကြီးများ၊ မင်းအရာရှိများမှစ၍ နယ်ပိုင်အပေါင်းတို့သည် နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရုပ်တု၏အနုမောဒနာပွဲသို့ စုရုံးလာကြပြီး နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရုပ်တုရှေ့၌ ရပ်နေကြ၏။