ဒံယေလ 6:7 - Common Language Bible
7 အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။-
အခန်းကိုကြည့်ပါ။ ကော်ပီ
7 နိုင် ငံ တော် ဘု ရင် ခံ ချုပ်၊ ဘု ရင် ခံ မင်း၊ ဗိုလ် မှူး ဝန် ကြီး၊ တ ရား ဝန် မင်း၊ မြို့ ဝန် အ ပေါင်း တို့ က ဘု ရင် မင်း မြတ် မှ တစ် ပါး အ ခြား လူ့ ထံ သော် လည်း ကောင်း၊ ဘု ရား ထံ သော် လည်း ကောင်း ရက် ပေါင်း သုံး ဆယ် အ တွင်း ဆု တောင်း သူ မည် သူ မ ဆို၊ ခြင်္သေ့ အောင်း သော တွင်း ထဲ သို့ ပစ် ချ ဒဏ် ခံ စေ ဟူ သော ဥ ပ ဒေ ကို အ တည် ပြု၍ ထုတ် ဆင့် စေ ခြင်း ငှာ သ ဘော တူ တိုင် ပင် ကြ ပါ ပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ကိုယ်တော်မြတ်မှတစ်ပါး အခြားသော လူကိုဖြစ်စေ၊ ဘုရားကို ဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်ရမည်ဟု မဖောက်ပြန်နိုင်သော အမိန့်တော်မြတ်ကို ထုတ်စေခြင်းငှာ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 အရှင်မင်းကြီး၊ ဤရက်သုံးဆယ်အတွင်း အရှင်မင်းကြီးမှလွဲ၍ အခြားဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ အသနားခံဆုတောင်းသောသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းခံရမည်ဟူသောတားမြစ်အမိန့်ကို အတည်ပြုအမိန့်ထုတ်ပြန်စေလိုပါသည်ဟု နိုင်ငံအကြီးအကဲများဖြစ်သည့်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအရာရှိများ၊ မင်းအတိုင်ပင်ခံများ၊ ဘုရင်ခံများအားလုံးသဘောတူတိုင်ပင်ကြပါ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ