ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီး၏စကားကိုကြားလျှင် “ယနေ့ ဤလူမျိုးကြီးအပေါ် အုပ်ချုပ်ရန် ဒါဝိဒ်မင်းကြီးအား ပညာရှိသောသားကိုပေးတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော”ဟု ဝမ်းသာအားရမြွက်ဆိုလေ၏။
ဒံယေလ 6:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်သည် ဝမ်းသာအားရဖြစ်လျက် ဒံယေလကို တွင်းထဲမှထုတ်ယူရန်အမိန့်ပေးသဖြင့် ဒံယေလကို တွင်းထဲမှ ထုတ်ယူကြ၏။ ဒံယေလသည် ဘုရားသခင်ကို ယုံကြည်ကိုးစားသောကြောင့် သူ၌ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမျှ မတွေ့ရပေ။ Common Language Bible မင်းကြီးသည်လွန်စွာဝမ်းမြောက်အားရ တော်မူသဖြင့် ဒံယေလအားခြင်္သေ့တွင်း မှဆွဲတင်ကြရန်အမိန့်ပေးတော်မူ၏။ သို့ ဖြစ်၍လူတို့သည်ဆွဲတင်ကြရာဒံယေလ သည် ဘုရားသခင်ကိုယုံကြည်ကိုးစားသူ ဖြစ်သဖြင့် မည်သို့မျှဘေးအန္တရာယ်မဖြစ် ဘဲရှိသည်ကိုတွေ့မြင်ကြ၏။- Garrad Bible ဘု ရင် မင်း သည် အ လွန် ဝမ်း မြောက်၍ ဒံ ယေ လ ကို တွင်း ထဲ မှ ထုတ် ယူ စေ ဟု အ မိန့် တော် ရှိ သည့် အ တိုင်း ဒံ ယေ လ ကို တွင်း ထဲ မှ ထုတ် ယူ ကြ ရာ ဘု ရား သ ခင် ကို အား ကိုး သော ကြောင့် ဒဏ် ရာ တစ် စုံ တစ် ခု မျှ သူ၌ မ တွေ့ ကြ။ Judson Bible ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည်အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ၌ထိခိုက်သောအနာ တစ်ခုမျှ မရှိ။ |
ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီး၏စကားကိုကြားလျှင် “ယနေ့ ဤလူမျိုးကြီးအပေါ် အုပ်ချုပ်ရန် ဒါဝိဒ်မင်းကြီးအား ပညာရှိသောသားကိုပေးတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော”ဟု ဝမ်းသာအားရမြွက်ဆိုလေ၏။
သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသဖြင့် စစ်တိုက်သောအခါ ဘုရားသခင်ထံအော်ဟစ်ဆုတောင်းလေ့ရှိ၏။ ဘုရားသခင်သည်လည်း သူတို့အသံကို နားညောင်းတော်မူ၍ ဟာဂရိလူမျိုးနှင့်အပေါင်းပါအားလုံးကို သူတို့လက်သို့အပ်တော်မူ၏။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ဆိုးယုတ်သောအမှုကို မပြုပါ။ ငါ၏ဘုရားသခင်ထံမှ ကျောခိုင်းမသွားပါ။
ထာဝရဘုရားသည် သူတို့ကိုကူညီမစ၍ ကယ်တင်တော်မူ၏။ သူတို့သည် ကိုယ်တော်၌ခိုလှုံကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ ကယ်တင်တော်မူ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့လက်မှ ကယ်နုတ်တော်မူ၍ သူတို့အတွက် ကိုယ်တော်ပြုတော်မူခဲ့သည့် ကောင်းမြတ်သောအရာရှိသမျှတို့ကြောင့် ယေသရောသည် ဝမ်းသာအားရဖြစ်၏။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်ကိုယုံကြည်ကိုးစားသောကြောင့် ကိုယ်တော်သည် သူ့ကိုစောင့်ရှောက်၍ ငြိမ်သက်ခြင်းအတိ ရှိစေတော်မူမည်။
အကျွန်ုပ်တို့ ကိုးကွယ်သောဘုရားသခင်သည် မီးတောက်လောင်နေသောမီးပြင်းဖိုထဲမှ အကျွန်ုပ်တို့ကို ကယ်တင်နိုင်ပါ၏။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူလိမ့်မည်။
ရှင်ဘုရင်ကလည်း “ကြည့်ကြလော့။ လူလေးဦးတို့သည် ထိခိုက်မှုမရှိ။ အတုပ်အနှောင်ကင်းလျက် မီးထဲ၌သွားလာနေကြသည်ကို ငါမြင်ရ၏။ လေးယောက်မြောက်သောသူသည် ဘုရားသားတော်နှင့်အဆင်းသဏ္ဌာန် တူ၏”ဟု မိန့်ဆို၏။
ထိုစကားကိုကြားသောအခါ ရှင်ဘုရင်သည် အလွန်စိတ်ထိခိုက်ပြီး ဒံယေလကိုကယ်မည်ဟု စိတ်ပိုင်းဖြတ်လျက် နေဝင်သည့်တိုင်အောင် ဒံယေလလွတ်မြောက်မည့်လမ်းကို ကြိုးပမ်းရှာကြံလျက်နေ၏။
ရှင်ဘုရင်သည် နန်းတော်သို့ပြန်လာ၍ တစ်ညလုံး စားတော်မခေါ်၊ ဖျော်ဖြေပွဲများလည်း ရှေ့တော်မသွင်း၊ စက်တော်လည်း မခေါ်နိုင်ဘဲ ရှိလေ၏။
ယေရှုကလည်း“တတ်နိုင်လျှင်ဟုဆိုရသလော။ ယုံကြည်သောသူအတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကိုအောင်ခြင်း၊ ဖြောင့်မတ်စွာအုပ်ချုပ်ခြင်း၊ ကတိတော်များကိုခံစားရခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊