ရှင်မာကု 9:23 - မြန်မာ့စံမီသမ္မာကျမ်း23 ယေရှုကလည်း“တတ်နိုင်လျှင်ဟုဆိုရသလော။ ယုံကြည်သောသူအတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible23 သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible23 တတ် နိုင် လျှင် ဟူ၍ ဆို ရက် ပေ စွ။ ယုံ ကြည် သော သူ့ အား အ ရာ ခပ် သိမ်း ကို တတ် နိုင် သည် ဟု အခန်းကိုကြည့်ပါ။Judson Bible23 ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း23 ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ23 ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။