ဒံယေလ 6:23 - Common Language Bible23 မင်းကြီးသည်လွန်စွာဝမ်းမြောက်အားရ တော်မူသဖြင့် ဒံယေလအားခြင်္သေ့တွင်း မှဆွဲတင်ကြရန်အမိန့်ပေးတော်မူ၏။ သို့ ဖြစ်၍လူတို့သည်ဆွဲတင်ကြရာဒံယေလ သည် ဘုရားသခင်ကိုယုံကြည်ကိုးစားသူ ဖြစ်သဖြင့် မည်သို့မျှဘေးအန္တရာယ်မဖြစ် ဘဲရှိသည်ကိုတွေ့မြင်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible23 ဘု ရင် မင်း သည် အ လွန် ဝမ်း မြောက်၍ ဒံ ယေ လ ကို တွင်း ထဲ မှ ထုတ် ယူ စေ ဟု အ မိန့် တော် ရှိ သည့် အ တိုင်း ဒံ ယေ လ ကို တွင်း ထဲ မှ ထုတ် ယူ ကြ ရာ ဘု ရား သ ခင် ကို အား ကိုး သော ကြောင့် ဒဏ် ရာ တစ် စုံ တစ် ခု မျှ သူ၌ မ တွေ့ ကြ။ အခန်းကိုကြည့်ပါ။Judson Bible23 ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည်အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ၌ထိခိုက်သောအနာ တစ်ခုမျှ မရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ထိုအခါ ရှင်ဘုရင်သည် ဝမ်းသာအားရဖြစ်လျက် ဒံယေလကို တွင်းထဲမှထုတ်ယူရန်အမိန့်ပေးသဖြင့် ဒံယေလကို တွင်းထဲမှ ထုတ်ယူကြ၏။ ဒံယေလသည် ဘုရားသခင်ကို ယုံကြည်ကိုးစားသောကြောင့် သူ၌ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမျှ မတွေ့ရပေ။ အခန်းကိုကြည့်ပါ။ |
နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ထိုသူတို့က``မှန်ပါသည်အရှင်မင်းကြီး'' ဟုလျှောက်ထားလျှင်၊ မင်းကြီးက``ယင်းသို့ဖြစ်ပါမူမီးထဲတွင် လူလေးယောက်သွားလာနေသည်ကိုအဘယ် ကြောင့်ငါမြင်ရပါသနည်း။ သူတို့အား တုပ်နှောင်ထားခြင်းလည်းမရှိ၊ သူတို့သည် မီးလောင်ခံကြရပုံလည်းမပေါ်။ ထို့ပြင် စတုတ္ထလူသည်ကောင်းကင်တမန် နှင့်တူသည်'' ဟုမိန့်တော်မူ၏။