ဒံယေလ 6:24 - Common Language Bible24 ထိုနောက်မင်းကြီးသည်ဒံယေလအားပြစ် တင်စွပ်စွဲကြသူအပေါင်းတို့ကိုဖမ်းဆီး စေပြီးလျှင် သူတို့၏သားမယားများနှင့် တကွခြင်္သေ့တွင်းထဲသို့ပစ်ချရန်အမိန့် ပေးတော်မူ၏။ မြေသို့မရောက်ရှိမီပင်သူ တို့အားခြင်္သေ့တို့သည်ခုန်အုပ်ပြီးလျှင် အရိုးပါမကျန်ကိုက်စားလိုက်ကြလေ သည်။ အခန်းကိုကြည့်ပါ။Garrad Bible24 ထို့ နောက် ဒံ ယေ လ အ ပေါ် တွင် အ ပြစ် စွဲ ဆို သူ တို့ ကို ရှင် ဘု ရင့် အ မိန့် နှင့် ခေါ် ယူ ပြီး လျှင် သား မ ယား တို့ ပါ ခြင်္သေ့ တွင်း ထဲ သို့ ပစ် ချ ကြ လျှင် မြေ သို့ မ ကျ မီ ပင် ခြင်္သေ့ တို့ သည် နိုင် နင်း၍ အ ရိုး ရှိ သ မျှ ကို ချိုး ဖဲ့ ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible24 ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မီ ခြင်္သေ့တို့သည်နိုင်၍ သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ရှင်ဘုရင်သည် ဒံယေလအား စွပ်စွဲခဲ့သောသူတို့ကို ခေါ်ဆောင်လာစေ၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသူတို့ကို သားသမီး၊ ဇနီးများနှင့်တကွ ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ရာ တွင်းအောက်ခြေမရောက်မီပင် ခြင်္သေ့တို့သည် သူတို့ကို ခုန်အုပ်၍အရိုးပါမကျန် ချိုးဖဲ့ကိုက်စားကြလေ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူသည်ထိုသူတို့၏သားသမီး တို့ကိုမူမသတ်ဘဲ``မိဘတို့သည်သားသမီး များကူးလွန်သည့်ပြစ်မှုများအတွက် အသတ် မခံစေရ။ သားသမီးတို့သည်လည်း မိဘတို့ ကူးလွန်သည့်ပြစ်မှုများအတွက်အသတ် မခံစေရ။ လူတစ်စုံတစ်ယောက်သည်မိမိ ကိုယ်တိုင်ကူးလွန်သည့်ပြစ်မှုအတွက်သာ လျှင် အသတ်ခံစေရမည်'' ဟူ၍မောရှေ၏ ပညတ်ကျမ်းတွင် ပါရှိသည့်ထာဝရဘုရား ၏ပညတ်တော်ကိုလိုက်လျှောက်ကျင့်သုံး တော်မူ၏။
သို့သော်လည်းသင်တို့သည်ငါ၏စကားကို နားမထောင်၊ မိမိတို့ဟေဗြဲအမျိုးသား အချင်းချင်းတို့အားလည်း လွတ်လပ်ခွင့် မပေးခဲ့ကြဟုငါထာဝရဘုရားမြွက် ဆို၏။ ထို့ကြောင့်သင်တို့အားစစ်ဘေး၊ အနာ ရောဂါဘေးနှင့်ငတ်မွတ်ခေါင်းပါးခြင်းဘေး တို့ဖြင့် လွတ်လပ်စွာသေရခြင်းတည်းဟူ သောလွတ်လပ်ခွင့်ကိုငါပေးမည်။ ငါသည် သင်တို့အားပြုသည့်အမှုကြောင့် ကမ္ဘာပေါ် ရှိလူမျိုးတကာတို့သည်ထိတ်လန့်တုန် လှုပ်ကြလိမ့်မည်။-